အင်္ဂလန်မီဒီယာဖြစ်တဲ့ ဒေးလီးမေလ်းက ဒီကနေ့မနက်မှာ ဒေါ့မွန်တောင်ပံသမား ဆန်ချိုကို အခြားသော ပရီးမီးယားလိဂ် ပြိုင်ဘက်တွေနဲ့အပြိုင် ဝင်ရောက်ကမ်းလှမ်းဖို့ လီဗာပူးက စိတ်ဝင်စားနေပါကြောင်း သတင်းကြီးတစ်ရပ် ဖော်ပြခဲ့ပါတယ်။

လီဗာပူးဟာ NIKE နဲ့ အကျိုးရှိမယ့် စာချုပ်ကြီးတစ်ရပ်ကို လာမယ့် ရာသီကနေ စတင်ကာ အသက်သွင်းတော့မှာဖြစ်လို့ ဆန်ချိုကို ခေါ်ယူဖို့ ပြောင်းရွှေ့ကြေး လုံလုံလောက်လောက် ရှိနေတယ်လို့ ဖော်ပြခဲ့တာပါ။ ဒီသတင်းဟာ စကိုင်းစပေါ့က ဂျာမနီရင်းမြစ်တွေက ရတဲ့ နွေမှာ ဆန်ချို ဒေါ့မွန်ကနေ ထွက်ခွာတော့မယ့်ဆိုတဲ့ သတင်းရဲ့ နောက်ဆက်တွဲ ဖော်ပြလာတဲ့ သတင်းဖြစ်ပါတယ်။

လန်ဒန်ဖွား ဆန်ချိုဟာ ချယ်ဆီးအသင်းသား အချို့နဲ့ အတော်လေး ရင်းနှီးသလိုပဲ လီဗာပူးအသင်းက ထရန့်၊ ချိန်ဘာလိန်၊ ဟန်ဒါဆန်တို့နဲ့ ရင်းနှီးသူလို့ ဒေးလီးမေလ်းက ဖော်ပြခဲ့တယ်။ ဆန်ချိုဟာ လီဗာပူးလူငယ်ကစားသမား ဘရူးစတားနဲ့ လူငယ်အသင်းမှာ အတော်လေး ရင်းနှီးခဲ့ပြီး သူ့ရဲ့ အင်္ဂလန်ဘော်ဒါတွေရှိတဲ့ လီဗာပူးကို ပြောင်းဖို့ကိုလည်း စိတ်ဝင်စားတယ်လို့ ဖော်ပြခဲ့တာပါ။

လီဗာပူးသတင်းထောက်ဖြစ်ပြီး လီဗာပူးရဲ့ အပြောင်းအရွှေ့ ကိစ္စတွေမှာ စစ်မှန်တဲ့ သတင်းတွေကိုပဲ ဖော်ပြလေ့ရှိတဲ့ ဂျိမ်းပီယာ့စ်က အဆိုပါ သတင်းကို ငြင်းဆန်ခဲ့ပါတယ်။ သူကတော့ လီဗာပူးဟာ ဝါနာကိုပဲ ကမ်းလှမ်းမယ်လို့ အခိုင်အမာ ပြောဆိုတယ်။ ပီယာ့စ်ဟာ ဖယ်ကီရာအပြောင်းအရွှေ့ ပျက်ခဲ့ပြီးနောက်ပိုင်း မည့်သည် သတင်းဌာနက ဖော်ပြချက်ကိုမဆို ငြင်းဆန်ကာ လီဗာပူးဟာ ဖယ်ကီရာကို နောက်တစ်ကြိမ် ကမ်းလှမ်းမှာ မဟုတ်ကြောင်း အခိုင်အမာ ငြင်းဆန်ခဲ့ဖူးသူလည်းဖြစ်တယ်။

ပီယာစ့်က ” အဲ့သတင်းကို ကျနော် အတော်လေး အံ့အားသင့်မိတယ်ဗျ။ ဆန်ချိုအတွက် လီဗာပူးက ပေါင် ၁၀၀ သန်း ပေးမှာ မဟုတ်ပပါဘူး။ ဝါနာက ပိုပြီး ဈေးသက်သာသလို လီဗာပူးအတွက် ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်နေတယ်ဆိုတာကို အရင်အပတ်ကပဲ ကျနော် သတင်းပေးခဲ့ပြီးပါပြီ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ဆန်ချို၊ ဟာဗက်၊ ဝါနာ တို့ကို နှစ်ရှည် စောင့်ကြည့်မှုတွေ လုပ်ခဲ့တာတော့ မှန်ပါတယ်။ ဒါပေမယ့် အဓိက ခေါ်ယူမှုအဖြစ် ဦးစားပေး ရွေးချယ်ရာမှာ ဝါနာကို ရွေးခဲ့တာဖြစ်ပြီး နွေမှာ ပေါင် ၅၀ သန်းနဲ့ ကမ်းလှမ်းဖို့ ကြိုးစားတော့မှာဖြစ်တယ်။

ပီယာ့စ်ဟာ လီဗာပူးအသင်းနဲ့ ပက်သက်လာရင် မှန်ကန်တဲ့ ရပ်တည်ချက်ရှိသူဖြစ်တယ်။ သူဟာ ယာဂင်ကလော့ပ်ကစလို လီဗာပူးကစားသမားဟောင်းကြီးတွေကိုယ်တိုင်က လေးစားခံ သတင်းထောက်တစ်ဦး ဖြစ်တာကြောင့် ဒေးလီးမေလ်းရဲ့ သတင်းကို သူ့ရဲ့ ငြင်းဆန်မှုက မှန်ကန်ဖို့များပြီး လီဗာပူးက ဝါနာကိုပဲ ဦးတည်နေတယ်လို့ အသင်းပရိသတ်တွေ ယုံကြည်နိုင်တာဖြစ်ပါတယ်။

ZAWGYI

အဂၤလန္မီဒီယာျဖစ္တဲ့ ေဒးလီးေမလ္းက ဒီကေန႔မနက္မွာ ေဒါ့မြန္ေတာင္ပံသမား ဆန္ခ်ိဳကို အျခားေသာ ပရီးမီးယားလိဂ္ ျပိဳင္ဘက္ေတြနဲ႔အျပိဳင္ ဝင္ေရာက္ကမ္းလွမ္းဖို႔ လီဗာပူးက စိတ္ဝင္စားေနပါေၾကာင္း သတင္းၾကီးတစ္ရပ္ ေဖာ္ျပခဲ့ပါတယ္။

လီဗာပူးဟာ NIKE နဲ႔ အက်ိဳးရွိမယ့္ စာခ်ဳပ္ၾကီးတစ္ရပ္ကို လာမယ့္ ရာသီကေန စတင္ကာ အသက္သြင္းေတာ့မွာျဖစ္လို႔ ဆန္ခ်ိဳကို ေခၚယူဖို႔ ေျပာင္းေရႊ႔ေၾကး လံုလံုေလာက္ေလာက္ ရွိေနတယ္လို႔ ေဖာ္ျပခဲ့တာပါ။ ဒီသတင္းဟာ စကိုင္းစေပါ့က ဂ်ာမနီရင္းျမစ္ေတြက ရတဲ့ ေႏြမွာ ဆန္ခ်ိဳ ေဒါ့မြန္ကေန ထြက္ခြာေတာ့မယ့္ဆိုတဲ့ သတင္းရဲ႕ ေနာက္ဆက္တြဲ ေဖာ္ျပလာတဲ့ သတင္းျဖစ္ပါတယ္။

လန္ဒန္ဖြား ဆန္ခ်ိဳဟာ ခ်ယ္ဆီးအသင္းသား အခ်ိဳ႔နဲ႔ အေတာ္ေလး ရင္းႏွီးသလိုပဲ လီဗာပူးအသင္းက ထရန္႔၊ ခ်ိန္ဘာလိန္၊ ဟန္ဒါဆန္တို႔နဲ႔ ရင္းႏွီးသူလို႔ ေဒးလီးေမလ္းက ေဖာ္ျပခဲ့တယ္။ ဆန္ခ်ိဳဟာ လီဗာပူးလူငယ္ကစားသမား ဘရူးစတားနဲ႔ လူငယ္အသင္းမွာ အေတာ္ေလး ရင္းႏွီးခဲ့ျပီး သူ႔ရဲ႕ အဂၤလန္ေဘာ္ဒါေတြရွိတဲ့ လီဗာပူးကို ေျပာင္းဖို႔ကိုလည္း စိတ္ဝင္စားတယ္လို႔ ေဖာ္ျပခဲ့တာပါ။

လီဗာပူးသတင္းေထာက္ျဖစ္ျပီး လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ ကိစၥေတြမွာ စစ္မွန္တဲ့ သတင္းေတြကိုပဲ ေဖာ္ျပေလ့ရွိတဲ့ ဂ်ိမ္းပီယာ့စ္က အဆိုပါ သတင္းကို ျငင္းဆန္ခဲ့ပါတယ္။ သူကေတာ့ လီဗာပူးဟာ ဝါနာကိုပဲ ကမ္းလွမ္းမယ္လို႔ အခိုင္အမာ ေျပာဆိုတယ္။ ပီယာ့စ္ဟာ ဖယ္ကီရာအေျပာင္းအေရႊ႔ ပ်က္ခဲ့ျပီးေနာက္ပိုင္း မည့္သည္ သတင္းဌာနက ေဖာ္ျပခ်က္ကိုမဆို ျငင္းဆန္ကာ လီဗာပူးဟာ ဖယ္ကီရာကို ေနာက္တစ္ၾကိမ္ ကမ္းလွမ္းမွာ မဟုတ္ေၾကာင္း အခိုင္အမာ ျငင္းဆန္ခဲ့ဖူးသူလည္းျဖစ္တယ္။

ပီယာစ့္က ” အဲ့သတင္းကို က်ေနာ္ အေတာ္ေလး အ့ံအားသင့္မိတယ္ဗ်။ ဆန္ခ်ိဳအတြက္ လီဗာပူးက ေပါင္ ၁၀၀ သန္း ေပးမွာ မဟုတ္ပပါဘူး။ ဝါနာက ပိုျပီး ေစ်းသက္သာသလို လီဗာပူးအတြက္ ပိုေကာင္းတဲ့ ေရြးခ်ယ္မႈျဖစ္ေနတယ္ဆိုတာကို အရင္အပတ္ကပဲ က်ေနာ္ သတင္းေပးခဲ့ျပီးပါျပီ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ ဆန္ခ်ိဳ၊ ဟာဗက္၊ ဝါနာ တို႔ကို ႏွစ္ရွည္ ေစာင့္ၾကည့္မႈေတြ လုပ္ခဲ့တာေတာ့ မွန္ပါတယ္။ ဒါေပမယ့္ အဓိက ေခၚယူမႈအျဖစ္ ဦးစားေပး ေရြးခ်ယ္ရာမွာ ဝါနာကို ေရြးခဲ့တာျဖစ္ျပီး ေႏြမွာ ေပါင္ ၅၀ သန္းနဲ႔ ကမ္းလွမ္းဖို႔ ၾကိဳးစားေတာ့မွာျဖစ္တယ္။

ပီယာ့စ္ဟာ လီဗာပူးအသင္းနဲ႔ ပက္သက္လာရင္ မွန္ကန္တဲ့ ရပ္တည္ခ်က္ရွိသူျဖစ္တယ္။ သူဟာ ယာဂင္ကေလာ့ပ္ကစလို လီဗာပူးကစားသမားေဟာင္းၾကီးေတြကိုယ္တိုင္က ေလးစားခံ သတင္းေထာက္တစ္ဦး ျဖစ္တာေၾကာင့္ ေဒးလီးေမလ္းရဲ႕ သတင္းကို သူ႔ရဲ႕ ျငင္းဆန္မႈက မွန္ကန္ဖို႔မ်ားျပီး လီဗာပူးက ဝါနာကိုပဲ ဦးတည္ေနတယ္လို႔ အသင္းပရိသတ္ေတြ ယံုၾကည္ႏုိင္တာျဖစ္ပါတယ္။