လီဗာပူး ဂိုးသမား အယ်လီဆန်က ပြိုင်ပွဲတွေမှာ နိုင်ပွဲဆက်နေအောင် အဓိက ကြိုးစားရမှာက ပွဲတွေကို ပျော်ရွှင်စွာ ကစားနိုင်မှုဆိုတဲ့ အနေအထားကို ထိန်းသိမ်းထားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘောလုံးကစားခြင်းကို ပျော်ရွှင်နေခြင်းနဲ့ ကွင်းအတွင်းမှာ ကိုယ်ရဲ့ အရည်အသွေးတွေကို ကြိုးစား ထိန်းသိမ်းဖို့ လိုအပ်ကြောင်း ဘရာဇီး ဂိုးသမားက ဆိုတယ်။ မဟုတ်ခဲ့ဘူးဆိုရင် အခြားသော ကစားသမားတစ်ဦးက ကိုယ်ရဲ့ နေရာကို ဝင်ယူသွားပါလိမ့်မယ်လို့ အယ်လီဆန်က ရှင်းပြခဲ့တယ်။

အယ်လီဆန်က ” ကျနေ်ာတို့ ဆုဖလားတွေ အနိုင်ရလိုတယ်၊ အမှတ်ပေးဖလား အနိုင်ရလိုတယ်။ အားလုံးကို အနိုင်ရလိုပါတယ်။ ကျနေ်ာတို့ရဲ့ အဓိက ရည်မှန်းချက်အတွက်လည်း ကြိုးစားနေပါတယ်။ ကိုယ်ရဲ့ အရည်အသွေးတွေအပေါ်လည်း အာရုံစိုက်ထားပါတယ်။ ကျနေ်ာတို့မှာ အရမ်းကောင်းတဲ့ လူစာရင်းနဲ့ ကစားသမားတွေ ရှိထားတယ်။ တစ်ယောက်နေရာမရတာနဲ့ အခြားတစ်ယောက်က ဝင်လာပါလိမ့်မယ်။

ဥပမာအားဖြင့် အတ်ဒရီယန်ပါပဲ။ ကျနော် ဒဏ်ရာရနေချိန်မှာ သူဝင်လာပြီး စွမ်းဆောင်ရည် အရမ်းကောင်းကောင်း ပြသနိုင်ခဲ့တယ်။ အခြားသော ကစားသမားတွေလည်း အဲ့လိုပါပဲ။ ဖာဘင်ညို ဒဏ်ရာရတော့လည်း သူ့နေရာ ဝင်လာမယ့်သူ ရှိတာပါပဲ။ လူတိုင်းက ကွင်းထဲမှာ အများကြီး အကူအညီဖြစ်ပါတယ်။

ဒီအနေအထားကို ပျော်ပပါတယ်။ ဘာလို့လည်းဆိုတော့ ကျနော်တို့က ထိပ်ဆုံးမှာ ရှိနေတာပါ။ ဒီလို ထိပ်ဆုံးမှာ ရောက်နေဖို့ အတွက်ပဲ ကျနေ်ာတို့ ကြိုးစားနေတာပါ။ ကျနော်တို့ အများကြီး ပျော်ရွှင်ရတယ်။ အနိုင်ရဖို့အတွက် ပွဲတွေမှာ ပျော်နေဖို့က အရေးကြီးပါတယ်။ ကိုယ်ကစားတဲ့ နည်းလမ်းတွေကို ပျော်နေဖို့ လိုတယ်။ မဟုတ်ခဲ့ရင် လိုအင်ဆန္ဒတပ်မက်စွာနဲ့ ပွဲတိုင်းကိုအနိုင်ကစားဖို့ မဖြစ်နိုင်ပါဘူး။

ကျနော်တို့ အကောင်းဆုံး ကြိုးစားပြီး ကွင်းထဲမှာ ပျော်အောင် လုပ်ကြပါတယ်။ ဘရာဇီးမှာဆိုရင် ကျနေ်ာတို့က ပွဲတွေကို ပျော်ရွှင်ဖို့ အမြဲတမ်း ပြောကြတယ်။ ဘာလို့လည်းဆိုတော့ ဘောလုံးကစားတာက ပျော်ရွှင်မှုပဲလေ။ ပြိုင်ပွဲတွေက အရမ်းကို မြင့်မားတာကြောင့် အလေးအနက်တော့ ထားဖို့ လိုတာပေါ့။ ဒါပေမယ့် အရေးကြီးတာက ပျော်ရွှင်စွာ ကစားဖို့ပါပဲ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူး ဂိုးသမား အယ္လီဆန္က ျပိဳင္ပြဲေတြမွာ ႏုိင္ပြဲဆက္ေနေအာင္ အဓိက ၾကိဳးစားရမွာက ပြဲေတြကို ေပ်ာ္ရႊင္စြာ ကစားႏုိင္မႈဆိုတဲ့ အေနအထားကို ထိန္းသိမ္းထားဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ေဘာလံုးကစားျခင္းကို ေပ်ာ္ရႊင္ေနျခင္းနဲ႔ ကြင္းအတြင္းမွာ ကိုယ္ရဲ႕ အရည္အေသြးေတြကို ၾကိဳးစား ထိန္းသိမ္းဖို႔ လိုအပ္ေၾကာင္း ဘရာဇီး ဂိုးသမားက ဆိုတယ္။ မဟုတ္ခဲ့ဘူးဆိုရင္ အျခားေသာ ကစားသမားတစ္ဦးက ကိုယ္ရဲ႕ ေနရာကို ဝင္ယူသြားပါလိမ့္မယ္လို႔ အယ္လီဆန္က ရွင္းျပခဲ့တယ္။

အယ္လီဆန္က ” က်ေန္ာတို႔ ဆုဖလားေတြ အႏုိင္ရလိုတယ္၊ အမွတ္ေပးဖလား အႏုိင္ရလိုတယ္။ အားလံုးကို အႏုိင္ရလိုပါတယ္။ က်ေန္ာတုိ႔ရဲ႕ အဓိက ရည္မွန္းခ်က္အတြက္လည္း ၾကိဳးစားေနပါတယ္။ ကိုယ္ရဲ႕ အရည္အေသြးေတြအေပၚလည္း အာရံုစိုက္ထားပါတယ္။ က်ေန္ာတုိ႔မွာ အရမ္းေကာင္းတဲ့ လူစာရင္းနဲ႔ ကစားသမားေတြ ရွိထားတယ္။ တစ္ေယာက္ေနရာမရတာနဲ႔ အျခားတစ္ေယာက္က ဝင္လာပါလိမ့္မယ္။

ဥပမာအားျဖင့္ အတ္ဒရီယန္ပါပဲ။ က်ေနာ္ ဒဏ္ရာရေနခ်ိန္မွာ သူဝင္လာျပီး စြမ္းေဆာင္ရည္ အရမ္းေကာင္းေကာင္း ျပသႏုိင္ခဲ့တယ္။ အျခားေသာ ကစားသမားေတြလည္း အဲ့လိုပါပဲ။ ဖာဘင္ညိဳ ဒဏ္ရာရေတာ့လည္း သူ႔ေနရာ ဝင္လာမယ့္သူ ရွိတာပါပဲ။ လူတိုင္းက ကြင္းထဲမွာ အမ်ားၾကီး အကူအညီျဖစ္ပါတယ္။

ဒီအေနအထားကို ေပ်ာ္ပပါတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေနာ္တုိ႔က ထိပ္ဆံုးမွာ ရွိေနတာပါ။ ဒီလို ထိပ္ဆံုးမွာ ေရာက္ေနဖို႔ အတြက္ပဲ က်ေန္ာတို႔ ၾကိဳးစားေနတာပါ။ က်ေနာ္တို႔ အမ်ားၾကီး ေပ်ာ္ရႊင္ရတယ္။ အႏုိင္ရဖို႔အတြက္ ပြဲေတြမွာ ေပ်ာ္ေနဖို႔က အေရးၾကီးပါတယ္။ ကိုယ္ကစားတဲ့ နည္းလမ္းေတြကို ေပ်ာ္ေနဖို႔ လိုတယ္။ မဟုတ္ခဲ့ရင္ လိုအင္ဆႏၵတပ္မက္စြာနဲ႔ ပြဲတိုင္းကိုအႏုိင္ကစားဖို႔ မျဖစ္ႏုိင္ပါဘူး။

က်ေနာ္တုိ႔ အေကာင္းဆံုး ၾကိဳးစားျပီး ကြင္းထဲမွာ ေပ်ာ္ေအာင္ လုပ္ၾကပါတယ္။ ဘရာဇီးမွာဆိုရင္ က်ေန္ာတို႔က ပြဲေတြကို ေပ်ာ္ရႊင္ဖို႔ အျမဲတမ္း ေျပာၾကတယ္။ ဘာလို႔လည္းဆိုေတာ့ ေဘာလံုးကစားတာက ေပ်ာ္ရႊင္မႈပဲေလ။ ျပိဳင္ပြဲေတြက အရမ္းကို ျမင့္မားတာေၾကာင့္ အေလးအနက္ေတာ့ ထားဖို႔ လိုတာေပါ့။ ဒါေပမယ့္ အေရးၾကီးတာက ေပ်ာ္ရႊင္စြာ ကစားဖို႔ပါပဲ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။