ပရီးမီးယားလိဂ်ဟာ ဒီရာသီ လီဗာပူးအသင်း တစ်ရာသီလုံး ရံှူးပွဲမရှိပါက ပရီးမီးယားလိဂ်ဖလားကို ငွေရောင်ဖလားအစား ရွှေဖလားပေးဖို့အတွက် တရားဝင် မဟုတ်တဲ့ ဆွေးနွေးမှုတစ်ခုကို ပြုလုပ်နေပြီဖြစ်ပါတယ်။

၂၀၀၃-၂၀၀၄ ခုနှစ်မှာ အာဆင်နယ်တစ်သင်းကပဲ ရံှူးပွဲလုံးဝမရှိပဲ တရာသီလုံးကို ကျော်ဖြတ်နိုင်ခဲ့တာကြောင့် ရွှေရောင် ပရီးမီးယားလိဂ်ဖလားကို အနိုင်ရခဲ့ဖူးတာပါ။ ဒီရာသီမှာ လီဗာပူးအသင်းဟာ အမှတ်ပေးပွဲ ၂၆ ပွဲအတွင်း ၂၅ ပွဲထိ အနိုင်ရထားကာ ၁ ပွဲပဲ သရေရလဒ် ထွက်ပေါ်ထားတာဖြစ်ပါတယ်။

လီဗာပူးရဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီးက ရမှတ် ၂၅ မှတ် ပြတ်ကျန်နေတာဖြစ်လို့ လက်ကျန်ပွဲတွေထဲက ၅ ပွဲကို အနိုင်ရရင်ပဲ ၁၉၉၀ ခုနှစ်နောက်ပိုင်း ပထမဆုံးသော အမှတ်ပေးဖလားကို လီဗာပူးအသင်း ကိုင်မြောက်နိုင်မှာဖြစ်တယ်။ ဒါကြောင့်လည်း ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ လီဗာပူးကို ဆုဖလားပေးမှုတွေနဲ့ ပက်သက်လို့ စတင်ကာ ဆွေးနွေးနေတာဖြစ်ပါတယ်။

ရာသီကုန်ထိ လီဗာပူးအသင်းဘက်က ရံှူးပွဲ လုံးဝမရှိဘူးဆိုရင် ပရီးမီးယားလိဂ်သမိုင်းမှာ တစ်ကြိမ်တည်း ပေးခဲ့ဖူးတဲ့ အာဆင်နယ်လို ရွှေဖလားကို လီဗာပူးအသင်းအား ပေးမလားဆိုတဲ့အပေါ် တာဝန်ရှိသူတွေက ဆွေးနွေးမှု လုပ်ခဲ့တယ်။ ရွှေဖလားဟာ ပုံမှန် ပရီးမီးယားလိဂ်ဖလားထက် သေးငယ်ကာ ငွေနဲ့ ဖန်တီးထားတာ မဟုတ်ပဲ ရွှေနဲ့ အစားထိုး လုပ်ထားတာလို့ သိရတယ်။

ဒီဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး ပရီးမီးယားလိဂ်ဘက်ကတော့ ကြေညာချက် ထုတ်ပြန်မှာ မဟုတ်ပဲ ရာသီကုန်မှပဲ ဆုံးဖြတ်ချက်ကို အတည်ပြုပေးမယ်လို့ သိရတယ်။ လီဗာပူးဘက်က တစ်ရာသီလုံး ရံှူးပွဲမရှိ စွမ်းဆောင်နိုင်ဖို့တော့ လိုအပ်မှာဖြစ်ပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ဟာ ဒီရာသီ လီဗာပူးအသင္း တစ္ရာသီလံုး ရံွဴးပြဲမရွိပါက ပရီးမီးယားလိဂ္ဖလားကို ေငြေရာင္ဖလားအစား ေရႊဖလားေပးဖို႔အတြက္ တရားဝင္ မဟုတ္တဲ့ ေဆြးေႏြးမႈတစ္ခုကို ျပဳလုပ္ေနျပီျဖစ္ပါတယ္။

၂၀၀၃-၂၀၀၄ ခုႏွစ္မွာ အာဆင္နယ္တစ္သင္းကပဲ ရံွဴးပြဲလံုးဝမရွိပဲ တရာသီလံုးကို ေက်ာ္ျဖတ္ႏုိင္ခဲ့တာေၾကာင့္ ေရႊေရာင္ ပရီးမီးယားလိဂ္ဖလားကို အႏုိင္ရခဲ့ဖူးတာပါ။ ဒီရာသီမွာ လီဗာပူးအသင္းဟာ အမွတ္ေပးပြဲ ၂၆ ပြဲအတြင္း ၂၅ ပြဲထိ အႏုိင္ရထားကာ ၁ ပြဲပဲ သေရရလဒ္ ထြက္ေပၚထားတာျဖစ္ပါတယ္။

လီဗာပူးရဲ႕ အနီးဆံုးျပိဳင္ဘက္ျဖစ္တဲ့ မန္စီးတီးက ရမွတ္ ၂၅ မွတ္ ျပတ္က်န္ေနတာျဖစ္လို႔ လက္က်န္ပြဲေတြထဲက ၅ ပြဲကို အႏုိင္ရရင္ပဲ ၁၉၉၀ ခုႏွစ္ေနာက္ပိုင္း ပထမဆံုးေသာ အမွတ္ေပးဖလားကို လီဗာပူးအသင္း ကိုင္ေျမာက္ႏုိင္မွာျဖစ္တယ္။ ဒါေၾကာင့္လည္း ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြဟာ လီဗာပူးကို ဆုဖလားေပးမႈေတြနဲ႔ ပက္သက္လို႔ စတင္ကာ ေဆြးေႏြးေနတာျဖစ္ပါတယ္။

ရာသီကုန္ထိ လီဗာပူးအသင္းဘက္က ရံွဴးပြဲ လံုးဝမရွိဘူးဆိုရင္ ပရီးမီးယားလိဂ္သမိုင္းမွာ တစ္ၾကိမ္တည္း ေပးခဲ့ဖူးတဲ့ အာဆင္နယ္လို ေရႊဖလားကို လီဗာပူးအသင္းအား ေပးမလားဆိုတဲ့အေပၚ တာဝန္ရွိသူေတြက ေဆြးေႏြးမႈ လုပ္ခဲ့တယ္။ ေရႊဖလားဟာ ပံုမွန္ ပရီးမီးယားလိဂ္ဖလားထက္ ေသးငယ္ကာ ေငြနဲ႔ ဖန္တီးထားတာ မဟုတ္ပဲ ေရႊနဲ႔ အစားထိုး လုပ္ထားတာလို႔ သိရတယ္။

ဒီဆံုးျဖတ္ခ်က္နဲ႔ ပက္သက္ျပီး ပရီးမီးယားလိဂ္ဘက္ကေတာ့ ေၾကညာခ်က္ ထုတ္ျပန္မွာ မဟုတ္ပဲ ရာသီကုန္မွပဲ ဆံုးျဖတ္ခ်က္ကို အတည္ျပဳေပးမယ္လို႔ သိရတယ္။ လီဗာပူးဘက္က တစ္ရာသီလံုး ရံွဴးပြဲမရွိ စြမ္းေဆာင္ႏုိင္ဖို႔ေတာ့ လိုအပ္မွာျဖစ္ပါတယ္။