အက်သလက်တီကို ကွင်းလယ်လူ ဆော နီဂွက်စ်က လီဗာပူးအသင်းရဲ့ တိုက်စစ်သမားတွေ၊ ခံစစ်သမားတွေကို ချီးကျူးခဲ့ပေမယ့် သူနှစ်သက်တာက ကွင်းလယ်က အမဲလိုက်ခွေးကြီးဖြစ်ကြောင်း တင်စားလိုက်ပါတယ်။

(မှတ်ချက် – ဆောက perros de presa လို့ စပိန်လိုပြောခြင်းက အင်္ဂလိပ်လို “hunting dog” ဆိုပြီး ဘာသာပြန်လို့ရပါတယ်။ မြန်မာလိုဆိုရင် အမဲလိုက်ခွေးလို့ဖြစ်ပြီး သူဆိုလိုတာက ရိုင်းစိုင်းတဲ့ စကားလုံး မဟုတ်ပဲ တစ်ရွာတစ်ပုဒ်ဆန်းစွာပဲ တန်ဖိုးထား နှစ်သက်ရခြင်းကို ဖော်ပြတာဖြစ်ပါတယ်)

ဆောက ‘ နော်ဝစ်နဲ့ လီဗာပူးပွဲကို ကျနော် ကြည့်ပါတယ်။ ဘောလုံးထိန်းမှု အရမ်းကောင်းလှတဲ့ မာနေးရဲ့ ဂိုးကြောင့် မဟုတ်ရင် သူတို့ နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လီဗာပူးက သရေ (သို့) ရံှူးသင့်ပါရဲ့နဲ့ ပွဲတွေကို အနိုင်ရအောင် လုပ်ပြထားတာ အတော်လေး အချိန်ကြာနေပါပြီ။

သူတို့က အနိုင်ရဖို့ နည်းလမ်း ရှာနိုင်ပါတယ်။ တစ်ခါတစ်လေ နောက်ဆုံးမိနစ်တောင် ဖြစ်ရင်ဖြစ်သွားပါမယ်။ ဒါက သူတို့ရဲ့ အတွင်းအခြေအနေကို ဖော်ပြပြီး ဒါက သူတို့ရဲ့ လက္ခဏာဖြစ်ပါတယ်။ လီဗာပူးက ကံကောင်းနေတာ မဟုတ်ပါဘူး။ သူတို့ရဲ့ ကြိုးစားမှုကြောင့် နိုင်ပွဲရနေတာပါ ’ လို့ ချီးကျူးပါတယ်။

ဆောက လီဗာပူးရဲ့ ကုန်ခဲ့တဲ့ နှစ်နှစ်အတွင်း ကစားပြတဲ့ အနေအထားကို အထင်ကြီးတယ်လို့ ဆိုပါတယ်။ အက်သလက်တီကို ပရိသတ်တွေကတော့ လက်ရှိ လီဗာပူးဟာ ၂၀၁၄ ခုနှစ်က လာလီဂါဖလားကို အနိုင်ရခဲ့ပြီး ချန်ပီယံလိဂ်ဖလား ဗိုလ်လုပွဲ နှစ်ကြိမ် ရောက်ခဲ့တဲ့ တီကိုတို့ ကစားခဲ့သလို ကျစ်လစ်တဲ့ စုဖွဲ့မှုတွေနဲ့ ကစားနေတယ်လို့ မှတ်ချက်ပေးကြတာတွေ ရှိထားတယ်။

ဆောက သူ့ရဲ့ အမြင်ကို ပြောရာမှာ ‘ ခြားနားတဲ့ စနစ်နဲ့ ခြားနားတဲ့ ကစားသမားတွေပါ။ လီဗာပူးကစားဟန်က တိုက်စစ်သမား သုံးဦးနဲ့အတူ ကောင်တာတိုက်စစ် ပိုဆန်ပါတယ်။ သူတို့ရဲ့ ကွင်းလယ်မှာ အမဲလိုက်ခွေးကြီးတွေလည်း ရှိကြတယ်။ ’ လို့ ဖြစ်တယ်။

ဆောက ပရော်ဖက်ရှင်နယ် ဘောလုံးသမားအဖြစ် လီဗာပူးအသင်းမှာ သူအနှစ်သက်ဆုံး ထိပ်တန်းကစားသမားက ဂျော်ဒန်ဟန်ဒါဆန်လို့ ပြောပါတယ်။

‘ သူတို့တွေက ပြေးတယ်၊ ဖိအားပေးတယ်၊ အကောင်းဆုံး ကိုင်တွယ်နိုင်တယ်။ သူတို့က ပြေးပဲ ပြေးနေတာ မဟုတ်ဘူး အရမ်းလည်း စုဖွဲ့မှုကောင်းတယ်။ ဆာလက်က တောင်ပံကိုထွက်ရင် ဟန်ဒါဆန်က အတွင်းကိုဝင်တယ်၊ တစ်ယောက်က အတွင်းဝင်ရင် တစ်ယောက်က တောင်ပံကို ပြေးထွက်တယ်။

ဖာဘင်ညို၊ ကီတာ၊ ဝိုက်နယ်ဒမ်တို့လိုပဲ လူအချို့က ဟန်ဒါဆန်ကို သိပ်ပြီး မြင့်မြင့်မားမား မချီးကျူးကြတာတွေရှိတယ်။ ဒါပေမယ့် လီဗာပူးအသင်းကို အတူတကွ ဖြစ်စေဖို့ လုပ်ဆောင်ပေးတဲ့သူက ဟန်ဒါဆန်လို့ ကျနော် ထင်တယ်။

ဟန်ဒါဆန်က ကျနေ်ာတို့အသင်းမှာ အသင်းအတွက် ဂါဘီ လုပ်ပေးတဲ့ ခပ်ညစ်ညစ် အလုပ်တွေကို တာဝန်ယူ လုပ်ပေးရသူဖြစ်တယ်။ ကျနော်နဲ့ ကိုကီတို့လည်း အဲ့လိုတွေ လုပ်ပါတယ်။ ဟန်ဒါဆန်ဟာ ကစားပွဲတွေအတွက် တကယ်ကို စံနမူနာကောင်းတစ်ဦးပါ ’ လို့ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ZAWGYI

အက္သလက္တီကို ကြင္းလယ္လူ ေဆာ နီဂြက္စ္က လီဗာပူးအသင္းရဲ႕ တိုက္စစ္သမားေတြ၊ ခံစစ္သမားေတြကို ခ်ီးက်ဴးခဲ့ေပမယ့္ သူႏွစ္သက္တာက ကြင္းလယ္က အမဲလိုက္ေခြးၾကီးျဖစ္ေၾကာင္း တင္စားလိုက္ပါတယ္။

(မွတ္ခ်က္ – ေဆာက perros de presa လို႔ စပိန္လိုေျပာျခင္းက အဂၤလိပ္လို “hunting dog” ဆိုျပီး ဘာသာျပန္လို႔ရပါတယ္။ ျမန္မာလိုဆိုရင္ အမဲလိုက္ေခြးလို႔ျဖစ္ျပီး သူဆိုလိုတာက ရိုင္းစိုင္းတဲ့ စကားလံုး မဟုတ္ပဲ တစ္ရြာတစ္ပုဒ္ဆန္းစြာပဲ တန္ဖိုးထား ႏွစ္သက္ရျခင္းကို ေဖာ္ျပတာျဖစ္ပါတယ္)

ေဆာက ‘ ေနာ္ဝစ္နဲ႔ လီဗာပူးပြဲကို က်ေနာ္ ၾကည့္ပါတယ္။ ေဘာလံုးထိန္းမႈ အရမ္းေကာင္းလွတဲ့ မာေနးရဲ႕ ဂိုးေၾကာင့္ မဟုတ္ရင္ သူတို႔ ႏုိင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ လီဗာပူးက သေရ (သို႔) ရံွဴးသင့္ပါရဲ႕နဲ႕ ပြဲေတြကို အႏုိင္ရေအာင္ လုပ္ျပထားတာ အေတာ္ေလး အခ်ိန္ၾကာေနပါျပီ။

သူတို႔က အႏုိင္ရဖို႔ နည္းလမ္း ရွာႏုိင္ပါတယ္။ တစ္ခါတစ္ေလ ေနာက္ဆံုးမိနစ္ေတာင္ ျဖစ္ရင္ျဖစ္သြားပါမယ္။ ဒါက သူတို႔ရဲ႕ အတြင္းအေျခအေနကို ေဖာ္ျပျပီး ဒါက သူတို႔ရဲ႕ လကၡဏာျဖစ္ပါတယ္။ လီဗာပူးက ကံေကာင္းေနတာ မဟုတ္ပါဘူး။ သူတို႔ရဲ႕ ၾကိဳးစားမႈေၾကာင့္ ႏုိင္ပြဲရေနတာပါ ’ လို႔ ခ်ီးက်ဴးပါတယ္။

ေဆာက လီဗာပူးရဲ႕ ကုန္ခဲ့တဲ့ ႏွစ္ႏွစ္အတြင္း ကစားျပတဲ့ အေနအထားကို အထင္ၾကီးတယ္လို႔ ဆိုပါတယ္။ အက္သလက္တီကို ပရိသတ္ေတြကေတာ့ လက္ရွိ လီဗာပူးဟာ ၂၀၁၄ ခုႏွစ္က လာလီဂါဖလားကို အႏုိင္ရခဲ့ျပီး ခ်န္ပီယံလိဂ္ဖလား ဗိုလ္လုပြဲ ႏွစ္ၾကိမ္ ေရာက္ခဲ့တဲ့ တီကိုတို႔ ကစားခဲ့သလို က်စ္လစ္တဲ့ စုဖြဲ႔မႈေတြနဲ႔ ကစားေနတယ္လို႔ မွတ္ခ်က္ေပးၾကတာေတြ ရွိထားတယ္။

ေဆာက သူ႔ရဲ႕ အျမင္ကို ေျပာရာမွာ ‘ ျခားနားတဲ့ စနစ္နဲ႔ ျခားနားတဲ့ ကစားသမားေတြပါ။ လီဗာပူးကစားဟန္က တိုက္စစ္သမား သံုးဦးနဲ႔အတူ ေကာင္တာတိုက္စစ္ ပိုဆန္ပါတယ္။ သူတို႔ရဲ႕ ကြင္းလယ္မွာ အမဲလိုက္ေခြးၾကီးေတြလည္း ရွိၾကတယ္။ ’ လို႔ ျဖစ္တယ္။

ေဆာက ပေရာ္ဖက္ရွင္နယ္ ေဘာလံုးသမားအျဖစ္ လီဗာပူးအသင္းမွာ သူအႏွစ္သက္ဆံုး ထိပ္တန္းကစားသမားက ေဂ်ာ္ဒန္ဟန္ဒါဆန္လို႔ ေျပာပါတယ္။

‘ သူတို႔ေတြက ေျပးတယ္၊ ဖိအားေပးတယ္၊ အေကာင္းဆံုး ကိုင္တြယ္ႏုိင္တယ္။ သူတို႔က ေျပးပဲ ေျပးေနတာ မဟုတ္ဘူး အရမ္းလည္း စုဖြဲ႔မႈေကာင္းတယ္။ ဆာလက္က ေတာင္ပံကိုထြက္ရင္ ဟန္ဒါဆန္က အတြင္းကိုဝင္တယ္၊ တစ္ေယာက္က အတြင္းဝင္ရင္ တစ္ေယာက္က ေတာင္ပံကို ေျပးထြက္တယ္။

ဖာဘင္ညိဳ၊ ကီတာ၊ ဝိုက္နယ္ဒမ္တို႔လိုပဲ လူအခ်ိဳ႔က ဟန္ဒါဆန္ကို သိပ္ျပီး ျမင့္ျမင့္မားမား မခ်ီးက်ဴးၾကတာေတြရွိတယ္။ ဒါေပမယ့္ လီဗာပူးအသင္းကို အတူတကြ ျဖစ္ေစဖို႔ လုပ္ေဆာင္ေပးတဲ့သူက ဟန္ဒါဆန္လို႔ က်ေနာ္ ထင္တယ္။

ဟန္ဒါဆန္က က်ေန္ာတို႔အသင္းမွာ အသင္းအတြက္ ဂါဘီ လုပ္ေပးတဲ့ ခပ္ညစ္ညစ္ အလုပ္ေတြကို တာဝန္ယူ လုပ္ေပးရသူျဖစ္တယ္။ က်ေနာ္နဲ႔ ကိုကီတို႔လည္း အဲ့လိုေတြ လုပ္ပါတယ္။ ဟန္ဒါဆန္ဟာ ကစားပြဲေတြအတြက္ တကယ္ကို စံနမူနာေကာင္းတစ္ဦးပါ ’ လို႔ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။