မန်နေဂျာယာဂင်ကလော့ပ်က လီဗာပူးအသင်းဟာ မနှစ်က ချန်ပီယံလိဂ် အနိုင်ရအသင်းဆိုတဲ့ ဂုဏ်ပုဒ်နဲ့တင် သာယာနေမှာ မဟုတ်ပဲ ဒီရာသီမှာလည်း နောက်တစ်ကြိမ် အနိုင်ရဖို့ဆိုတဲ့ အာရုံစူးစိုက်မှုနဲ့ ယှဉ်ပြိုင်သွားမှာပါလို့ ထုတ်ဖော် ပြောဆိုပါတယ်။

ဥရောပချန်ပီယံဟာ ဒီကနေ့မှာတော့ အောင်မြေဖြစ်တဲ့ မက်ဒရစ်ကို နောက်တစ်ကြိမ် ထပ်သွားပြီး ၂၀၁၉ ခုနှစ် ချန်ပီယံလိဂ်ကိုင်မြောက်နိုင်ခဲ့တဲ့ Wanda Metropolitano ကွင်းထဲမှာ အိမ်ရှင် တီကိုနဲ့ ယှဉ်ပြိင်ကစားရမှာဖြစ်တယ်။ ပရီးမီးယားလိဂ်ကို ရမှတ် ၂၅ မှတ်ဖြတ်ထားတဲ့ လီဗာပူးဟာ ဒီရာသီ အင်စတမ်ဘူလ်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ထပ်သွားရဖို့ ဆန္ဒ ပြင်းပြနေပါတယ်။

ကလော့ပ်က “ မနှစ်ကရာသီ ချန်ပီယံတွေလို့ မခံစားရပါဘူး။ ကျနေ်ာတို့က ဒီနှစ်ရဲ့ စိန်ခေါ်သူတွေလို့ ခံစားနေရတယ်။ ဒါကို ကျနေ်ာတို့ ပြသသွားပါမယ်။ ဖြစ်နိုင်ရင် အင်စတမ်ဘူလ်းက ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ထပ်သွားလိုပါတယ်။ အဲ့တာအတွက် ကျနော်တို့တွေ အကောင်းဆုံး လုပ်ဆောင်ဖို့ လိုအပ်တာကို နားလည်ထားပါတယ် ” လို့ ဆိုပါတယ်။

တီကိုဟာ လာလီဂါမှာ ရလဒ်တွေ မကောင်းပေမယ့် မန်နေဂျာ ဆီမြွန်နီ ဦးဆောင်တဲ့ စပိန်အသင်းဟာ ယှဉ်ပြိုင်ရ ခက်ခဲတဲ့ အသင်းတစ်သင်းဖြစ်ကြောင်း ကလော့ပ်က ယုံကြည်ထားတယ်။ တီကိုဟာ နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ ၅ ပွဲမှာ ၁ ပွဲပဲ အနိုင်ရခဲ့ပေမယ့် မန်နေဂျာကလော့ပ်က တီကိုအား ဗိုလ်လုပွဲ နှစ်ကြိမ်တိုင် ပို့ထားနိုင်တဲ့ ဆီမြွန်နီကို အတော်လေး အထင်ကြီးပါတယ်။

ကလော့ပ်က ပြောရာမှာ “ တီကိုနဲ့ ကစားရတာက ဘဝမှာ အခက်ခဲဆုံး ဘောလုံးကစားရခြင်းတွေထဲက တစ်ခုပါ။ သူတို့က တကယ်ကို စုဖွဲ့မှု ကောင်းလွန်းပါတယ်။ ရလဒ်တွေကို ရယူနိုင်တဲ့ အသင်းဖြစ်ပြိး ဖြစ်နိုင်င် ပွဲတိုင်းကို ရလဒ်အတွက် ကြိုးစားနိုင်တဲ့ အသင်းတစ်သင်းပါ။

ဒီနှစ်ကတော့ အဲ့လို မဟုတ်တော့ဘူးလို့ လူတွေ ပြောနေကြတာကို ကျနော် သိပါတယ်။ ဒါပေမယ့် ဒါက အကူးအပြောင်းကာလပါ။ သူတို့က သူတို့မှာ ရှိတဲ့ အစွမ်းကုန် တိုက်ခိုက်မှာဖြစ်ပြီး ဘယ်လို အခွင့်အရေးမှ ပေးမှာ မဟုတ်ပါဘူး။ ကိုယ်ရဲ့ အကောင်းဆုံးတွေကို လုပ်နိုင်မှ အနိုင်ရနိုင်မယ့် အသင်းတသင်းရှိရင် အဲ့တာ အက်သလက်တီကိုပါပဲ။ သူတို့က ကိုယ်ကို ဘာလက်ဆောင်မှ ပေးမှာ မဟုတ်ပါဘူး။

ကြိုးစားရင် အခွင့်အရေးရှိမယ်၊ မဟုတ်ရင်တော့ ဘာအခွင့်အရေးမှ မရှိပါဘူး။ ကိုယ်က ရာနှုန်းပြည့် အာရုံမစိုက်ဘူးဆိုရင် သူတို့က ကစားသမား နှစ်ဦး သုံးဦးနဲ့ ကောင်တာကနေ ထိုးနှက်ပါလိမ့်မယ်။ ကိုယ်ရဲ့ တိုက်စစ်ကစားပုံကို အာရုံမစိုက်ဘူးဆိုရင် ဂိုးပေါက်တောင် တည့်မှာ မဟုတ်ပါဘူး။ သူတို့ရဲ့ ဗဟိုက အရမ်းကို ကောင်းလွန်းပါတယ် ” လို့ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က လီဗာပူးအသင္းဟာ မႏွစ္က ခ်န္ပီယံလိဂ္ အႏုိင္ရအသင္းဆိုတဲ့ ဂုဏ္ပုဒ္နဲ႔တင္ သာယာေနမွာ မဟုတ္ပဲ ဒီရာသီမွာလည္း ေနာက္တစ္ၾကိမ္ အႏိုင္ရဖို႔ဆိုတဲ့ အာရံုစူးစိုက္မႈနဲ႔ ယွဥ္ျပိဳင္သြားမွာပါလို႔ ထုတ္ေဖာ္ ေျပာဆိုပါတယ္။

ဥေရာပခ်န္ပီယံဟာ ဒီကေန႔မွာေတာ့ ေအာင္ေျမျဖစ္တဲ့ မက္ဒရစ္ကို ေနာက္တစ္ၾကိမ္ ထပ္သြားျပီး ၂၀၁၉ ခုႏွစ္ ခ်န္ပီယံလိဂ္ကိုင္ေျမာက္ႏုိင္ခဲ့တဲ့ Wanda Metropolitano ကြင္းထဲမွာ အိမ္ရွင္ တီကိုနဲ႔ ယွဥ္ျပိင္ကစားရမွာျဖစ္တယ္။ ပရီးမီးယားလိဂ္ကို ရမွတ္ ၂၅ မွတ္ျဖတ္ထားတဲ့ လီဗာပူးဟာ ဒီရာသီ အင္စတမ္ဘူလ္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲကို ထပ္သြားရဖို႔ ဆႏၵ ျပင္းျပေနပါတယ္။

ကေလာ့ပ္က “ မႏွစ္ကရာသီ ခ်န္ပီယံေတြလို႔ မခံစားရပါဘူး။ က်ေန္ာတို႔က ဒီႏွစ္ရဲ႕ စိန္ေခၚသူေတြလို႔ ခံစားေနရတယ္။ ဒါကို က်ေန္ာတုိ႔ ျပသသြားပါမယ္။ ျဖစ္ႏုိင္ရင္ အင္စတမ္ဘူလ္းက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ထပ္သြားလိုပါတယ္။ အဲ့တာအတြက္ က်ေနာ္တုိ႔ေတြ အေကာင္းဆံုး လုပ္ေဆာင္ဖို႔ လိုအပ္တာကို နားလည္ထားပါတယ္ ” လို႔ ဆိုပါတယ္။

တီကိုဟာ လာလီဂါမွာ ရလဒ္ေတြ မေကာင္းေပမယ့္ မန္ေနဂ်ာ ဆီျမြန္နီ ဦးေဆာင္တဲ့ စပိန္အသင္းဟာ ယွဥ္ျပိဳင္ရ ခက္ခဲတဲ့ အသင္းတစ္သင္းျဖစ္ေၾကာင္း ကေလာ့ပ္က ယံုၾကည္ထားတယ္။ တီကိုဟာ ေနာက္ဆံုး ယွဥ္ျပိဳင္ထားတဲ့ ၅ ပြဲမွာ ၁ ပြဲပဲ အႏုိင္ရခဲ့ေပမယ့္ မန္ေနဂ်ာကေလာ့ပ္က တီကိုအား ဗိုလ္လုပြဲ ႏွစ္ၾကိမ္တိုင္ ပို႔ထားႏုိင္တဲ့ ဆီျမြန္နီကုိ အေတာ္ေလး အထင္ၾကီးပါတယ္။

ကေလာ့ပ္က ေျပာရာမွာ “ တီကိုနဲ႔ ကစားရတာက ဘဝမွာ အခက္ခဲဆံုး ေဘာလံုးကစားရျခင္းေတြထဲက တစ္ခုပါ။ သူတို႔က တကယ္ကို စုဖြဲ႔မႈ ေကာင္းလြန္းပါတယ္။ ရလဒ္ေတြကို ရယူႏုိင္တဲ့ အသင္းျဖစ္ျပိး ျဖစ္ႏုိင္င္ ပြဲတိုင္းကို ရလဒ္အတြက္ ၾကိဳးစားႏုိင္တဲ့ အသင္းတစ္သင္းပါ။

ဒီႏွစ္ကေတာ့ အဲ့လို မဟုတ္ေတာ့ဘူးလို႔ လူေတြ ေျပာေနၾကတာကို က်ေနာ္ သိပါတယ္။ ဒါေပမယ့္ ဒါက အကူးအေျပာင္းကာလပါ။ သူတို႔က သူတို႔မွာ ရွိတဲ့ အစြမ္းကုန္ တိုက္ခိုက္မွာျဖစ္ျပီး ဘယ္လို အခြင့္အေရးမွ ေပးမွာ မဟုတ္ပါဘူး။ ကိုယ္ရဲ႕ အေကာင္းဆံုးေတြကို လုပ္ႏုိင္မွ အႏုိင္ရႏုိင္မယ့္ အသင္းတသင္းရွိရင္ အဲ့တာ အက္သလက္တီကိုပါပဲ။ သူတို႔က ကိုယ္ကို ဘာလက္ေဆာင္မွ ေပးမွာ မဟုတ္ပါဘူး။

ၾကိဳးစားရင္ အခြင့္အေရးရွိမယ္၊ မဟုတ္ရင္ေတာ့ ဘာအခြင့္အေရးမွ မရွိပါဘူး။ ကိုယ္က ရာႏႈန္းျပည့္ အာရံုမစိုက္ဘူးဆိုရင္ သူတို႔က ကစားသမား ႏွစ္ဦး သံုးဦးနဲ႔ ေကာင္တာကေန ထိုးႏွက္ပါလိမ့္မယ္။ ကိုယ္ရဲ႕ တိုက္စစ္ကစားပံုကို အာရံုမစိုက္ဘူးဆိုရင္ ဂိုးေပါက္ေတာင္ တည့္မွာ မဟုတ္ပါဘူး။ သူတို႔ရဲ႕ ဗဟိုက အရမ္းကို ေကာင္းလြန္းပါတယ္ ” လို႔ ျဖစ္ပါတယ္။