လီဗာပူးအသင်း ပြည်တွင်း ပြည်ပမှာ အောင်မြင်တာကို မနှစ်သက်တဲ့ ကလပ်တစ်သင်းနဲ့ ပရိသတ်တွေရှိမယ်ဆိုရင်တော့ အဲ့တာက အဲဗာတန်ပါပဲ။ လီဗာပူးမြို့ အခြေစိုက်ကလပ်ဟာ ပရီးမီးယားလိဂ်ရဲ့ အပြင်းထန်ဆုံး ဒါဘီပြိုင်ဘက်တွေဖြစ် ဒီကနေ့တွေမှာ ထွက်ပေါ်နေတဲ့ တွစ်တာမှတ်ချက်ကလည်း ဒါကို ပေါ်လွင်စေပါတယ်။

နော်ဝစ်အိမ်ကွင်းမှာ လီဗာပူးက တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် စာဝါငှက်တို့ရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ တင်ကျန်ဖို့ ခက်ခဲသွားခဲ့ပါပြီ။ ကလပ်အသင်းအတွက် အရေးပါတဲ့ ပွဲတစ်ပွဲမှာ ရလဒ်မကောင်းခဲ့ပေမယ့် နော်ဝစ်ပရိသတ်တွေက ပွဲအပြီးမှာ ကလော့ပ်နဲ့ လက်ဆွဲနုတ်ဆက်ခွင့် ဓါတ်ပုံရိုက်ခွင့်တွေကို အလုအယက် တောင်းဆိုခဲ့ကြပြီး ကလော့ပ်က မိနစ်ပိုင်းကြာ အတူတွဲ ဓါတ်ပုံရိုက်မှုတွေ လုက်ဆွဲနုတ်ဆက်တာတွေ လုပ်ပေးခဲ့တယ်။

လီဗာပူးအသင်း အောင်မြင်မှုတွေ ရလာသလိုပဲ မန်နေဂျာယာဂင်ကလော့ပ်ကလည်း သူ့ရဲ့ စီမံအုပ်ချုပ်ပုံ ပြင်းပြတဲ့ ဆန္ဒတွေကြောင့် ကမ္ဘာအကောင်းဆုံး မန်နေဂျာအဖြစ် ဘောလုံးပရိသတ်တွေ အထင်ကြီးခြင်း ခံနေရတာဖြစ်တယ်။ နော်ဝစ်ပရိသတ်တွေရဲ့ အပြုအမှုက ကိုယ်လေးစားရတဲ့ ပြိုင်ဘက်မန်နေဂျာကို အသိအမှတ်ပြုမှုဆိုတာ ထင်ရှားပေမယ့် အဲဗာတန်ဖန်းတွေအတွက်တော့ မျက်စိစပ်စရာ ဖြစ်ခ့ပါတယ်။

နော်ဝစ်ပရိသတ်တွေရဲ့ လုပ်ရပ်က ပရီးမီးယားလိဂ်လို အဆင့်အတန်းနဲ့ မကိုက်ညီပဲ ဒါကြောင့်လည်း သူတို့က တန်းဆင်းဇုန်ထဲ ရောက်နေရတာလို့ အဲဗာတန် ပရိသတ်တွေက ဝေဖန်ခဲ့တယ်။ ကိုယ်အသင်းက ဘယ်အဆင့်ရောက်ရောက် ပြိုင်ဘက်က ပြိုင်ဘက်ပဲဖြစ်လို ဒီလို ပြိုင်ဘက်မန်နေဂျာတစ်ဦးကို အလုအယက် အားပေးတာက မဖြစ်သင့်ဘူးလို ၎င်းတို့က ဝေဖန်ပါတယ်။

ဒီရာသီ ရှုံးပွဲ မရှိသေးတဲ့ လီဗာပူးက နိုင်ပွဲတွေ ဆက်ယူနေပြီး အမှတ်ပေးဇယားကို ၂၅ မှတ်ဖြတ်ထားပါတယ်။ အနီးကပ်ပြိုင်ဘက် စီးတီးက တစ်ပွဲလောက် အမှတ် လျော့မယ်ဆိုရင် လီဗာပူးက မတ်လ ၁၆ ရက်နေ့ ဂွတ်ဒီဆင်ပါ့ခ်မှာ ကန်မယ့် ပွဲမှာတင် ချန်ပီယံ ဖြစ်လာနိုင်ပြီ ဖြစ်ပါတယ်။

အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက ” လီဗာပူးက ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲကို စွဲတော့မှာပါ ဒါပေမယ့် ဂွတ်ဒီဆင်ပါ့ခ်မှာ မဖြစ်ဖို့တော့ မျှော်လင့်တယ်။ ကွင်းတွေ အများကြီး ရှိတယ်ဗျာ ဘာလို့ ဂွတ်ဒီပါ့ခ် ကွင်း မှလဲ။ တစ်ခု သေချာတာက အဲဗာတန်ဟာ လီဗာပူး အဲဒီမှာ အောင်ပွဲ မခံနိုင်အောင် ကြိုးစားသွားမှာ ဖြစ်တယ်။ ဒီတော့ ဒါဘီပွဲကတော့ သိပ်ကြည့် ကောင်းတဲ့ ပွဲ ဖြစ်လာဦးမှာပါ။ ” လို့ ပြောဆိုထားပါတယ်။

ZAWGYI

လီဗာပူးအသင္း ျပည္တြင္း ျပည္ပမွာ ေအာင္ျမင္တာကို မႏွစ္သက္တဲ့ ကလပ္တစ္သင္းနဲ႔ ပရိသတ္ေတြရွိမယ္ဆိုရင္ေတာ့ အဲ့တာက အဲဗာတန္ပါပဲ။ လီဗာပူးျမိဳ႕ အေျခစိုက္ကလပ္ဟာ ပရီးမီးယားလိဂ္ရဲ႕ အျပင္းထန္ဆံုး ဒါဘီျပိဳင္ဘက္ေတြျဖစ္ ဒီကေန႔ေတြမွာ ထြက္ေပၚေနတဲ့ တြစ္တာမွတ္ခ်က္ကလည္း ဒါကို ေပၚလြင္ေစပါတယ္။

ေနာ္ဝစ္အိမ္ကြင္းမွာ လီဗာပူးက တစ္လံုးတည္းေသာ သြင္းဂိုးနဲ႔ အႏုိင္ရခဲ့တာေၾကာင့္ စာဝါငွက္တို႔ရဲ႕ အသင္းဟာ ပရီးမီးယားလိဂ္မွာ တင္က်န္ဖို႔ ခက္ခဲသြားခဲ့ပါျပီ။ ကလပ္အသင္းအတြက္ အေရးပါတဲ့ ပြဲတစ္ပြဲမွာ ရလဒ္မေကာင္းခဲ့ေပမယ့္ ေနာ္ဝစ္ပရိသတ္ေတြက ပြဲအျပီးမွာ ကေလာ့ပ္နဲ႔ လက္ဆြဲႏုတ္ဆက္ခြင့္ ဓါတ္ပံုရိုက္ခြင့္ေတြကို အလုအယက္ ေတာင္းဆိုခဲ့ၾကျပီး ကေလာ့ပ္က မိနစ္ပိုင္းၾကာ အတူတြဲ ဓါတ္ပံုရိုက္မႈေတြ လုက္ဆြဲႏုတ္ဆက္တာေတြ လုပ္ေပးခဲ့တယ္။

လီဗာပူးအသင္း ေအာင္ျမင္မႈေတြ ရလာသလိုပဲ မန္ေနဂ်ာယာဂင္ကေလာ့ပ္ကလည္း သူ႔ရဲ႕ စီမံအုပ္ခ်ဳပ္ပံု ျပင္းျပတဲ့ ဆႏၵေတြေၾကာင့္ ကမၻာအေကာင္းဆံုး မန္ေနဂ်ာအျဖစ္ ေဘာလံုးပရိသတ္ေတြ အထင္ၾကီးျခင္း ခံေနရတာျဖစ္တယ္။ ေနာ္ဝစ္ပရိသတ္ေတြရဲ႕ အျပဳအမႈက ကိုယ္ေလးစားရတဲ့ ျပိဳင္ဘက္မန္ေနဂ်ာကို အသိအမွတ္ျပဳမႈဆိုတာ ထင္ရွားေပမယ့္ အဲဗာတန္ဖန္းေတြအတြက္ေတာ့ မ်က္စိစပ္စရာ ျဖစ္ခ့ပါတယ္။

ေနာ္ဝစ္ပရိသတ္ေတြရဲ႕ လုပ္ရပ္က ပရီးမီးယားလိဂ္လို အဆင့္အတန္းနဲ႔ မကိုက္ညီပဲ ဒါေၾကာင့္လည္း သူတို႔က တန္းဆင္းဇုန္ထဲ ေရာက္ေနရတာလို႔ အဲဗာတန္ ပရိသတ္ေတြက ေဝဖန္ခဲ့တယ္။ ကိုယ္အသင္းက ဘယ္အဆင့္ေရာက္ေရာက္ ျပိဳင္ဘက္က ျပိဳင္ဘက္ပဲျဖစ္လို ဒီလို ျပိဳင္ဘက္မန္ေနဂ်ာတစ္ဦးကို အလုအယက္ အားေပးတာက မျဖစ္သင့္ဘူးလို ၄င္းတို႔က ေဝဖန္ပါတယ္။

ဒီရာသီ ရွံဳးပြဲ မရွိေသးတဲ့ လီဗာပူးက နုိင္ပြဲေတြ ဆက္ယူေနျပီး အမွတ္ေပးဇယားကို ၂၅ မွတ္ျဖတ္ထားပါတယ္။ အနီးကပ္ျပိဳင္ဘက္ စီးတီးက တစ္ပြဲေလာက္ အမွတ္ ေလ်ာ့မယ္ဆိုရင္ လီဗာပူးက မတ္လ ၁၆ ရက္ေန႔ ဂြတ္ဒီဆင္ပါ့ခ္မွာ ကန္မယ့္ ပြဲမွာတင္ ခ်န္ပီယံ ျဖစ္လာနုိင္ျပီ ျဖစ္ပါတယ္။

အဲဗာတန္မန္ေနဂ်ာ အန္ဆယ္ေလာ့တီက ” လီဗာပူးက ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲကို စြဲေတာ့မွာပါ ဒါေပမယ့္ ဂြတ္ဒီဆင္ပါ့ခ္မွာ မျဖစ္ဖို႔ေတာ့ ေမွ်ာ္လင့္တယ္။ ကြင္းေတြ အမ်ားၾကီး ရွိတယ္ဗ်ာ ဘာလို႔ ဂြတ္ဒီပါ့ခ္ ကြင္း မွလဲ။ တစ္ခု ေသခ်ာတာက အဲဗာတန္ဟာ လီဗာပူး အဲဒီမွာ ေအာင္ပြဲ မခံနုိင္ေအာင္ ၾကိဳးစားသြားမွာ ျဖစ္တယ္။ ဒီေတာ့ ဒါဘီပြဲကေတာ့ သိပ္ၾကည့္ ေကာင္းတဲ့ ပြဲ ျဖစ္လာဦးမွာပါ။ ” လို႔ ေျပာဆိုထားပါတယ္။