လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်က လွန်ခဲ့တဲ့ နှစ်နှစ်က ဘာစီလိုနာကို ထွက်ခွာသွားတဲ့ ကွင်းလယ်လူ ကော်တင်ညို အသင်းထံ ပြန်ရောက်လာမယ်ဆိုရင် ကြိုဆိုမှာပါလို့ စပိန်သတင်းနဲ့ အင်တာဗျူးမှာ ပွင့်ပွင့်လင်းလင်း ဖြေပေးခဲ့ပါတယ်။

ကော်တင်ညိုဟာ ဘာစီလိုနာမှာ မအောင်မြင်တဲ့နောက် ဘွန်ဒက်လီဂါကို အငှားထွက်ကစားနိုင်ပြီး ဒီရာသီ အကုန်မှာတော့ ဘာစီလိုနာကို ပြန်ဖို့ ရှိနေပါတယ်။ သူ့ကို လီဗာပူးက ပြန်လည်ခေါ်ယူမလားဆိုတဲ့ မေးခွန်းတွေ ကျယ်ပြန့်နေတာဖြစ်ပြီး ဟန်ဒိုကတော့ ဒီကိစ္စကို အဖြေပေးနိုင်တာက သူမဟုတ်ပါဘူးလို့ ဆိုခဲ့တာဖြစ်တယ်။

စပိန်သတင်းနဲ့ အင်တာဗျူးမှာ ဟန်ဒိုက “ ကျနော်အတွက်တော့ ဖီးလ်က သူငယ်ချင်းကောင်းပါ။ သူက အရမ်းကိုကောင်းတဲ့ ဘောလုံးသမားတစ်ယောက်လည်း ဖြစ်ပါတယ်။ ဘောလုံးကို မြတ်နိုးမှုကော၊ စိတ်ဓါတ်ကောင်းကော အားလုံးကို ပိုင်ဆိုင်ထားပါတယ်။ ဒီတော့ သူပြန်လာမယ်ဆိုရင် အမြဲတမ်း ကြိုဆိုနေမှာပါ။ ဒါပေမယ့် သူပြန်လာဖို့က ကျနော် လုပ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။

ဒီမေးခွန်းက မန်နေဂျာကိုမေးတာ အကောင်းဆုံးပါပဲ။ အသင်းက ကောင်လေးတွေကလည်း ဖီးလ်ကို ချစ်ကြပါတယ်။ ဒီတော့ သူတို့ကို သွားမေးမယ်ဆိုရင် သူတို့ကလည်း အသင်းကို ပြန်လာစေချင်တယ်လို့ ဖြေကြမှာပါပဲ။ ဒါပေမယ့် သူ့ရဲ့ အချိန်တွေက ကုန်သွားပြီလို့ ကျနော် ထင်တယ်။ ကျနေ်ာတို့က ဆက်သွားနေကြတာပါ။ အနာဂတ်မှာတော့ ကျနော်တို့ မြင်ခဲ့တဲ့ ဖီးလ်ကို ပြန်မြင်ရဖို့ မျှော်လင့်ပါတယ်။

ကျနော်တို့ ကိုယ်ဘာသာ အားဖြည့်မှုတွေ လုပ်ထားနိုင်တယ်လို့ ခံစားရတယ်။ ဒီအခြေအနေမှာ ကျနော်တို့ ရှေ့ဆက်သွားနေတယ်လို့ ခံစားရပြီး ဖီးလ် မရှိတော့ချိန်မှာလည်း ကျနေ်ာတို့တွေက ကိုယ်ဘာသာ အကျိုးရလဒ် ထွက်ပေါ်လာဖို့ အကောင်းဆုံး စီမံပြီး မြင့်တင်လာနိုင်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးဟာ ကော်တင်ညိုကို ရောင်းချလို့ရတဲ့ ပြောင်းရွှေ့ကြေးနဲ့ ခံစစ်မှူး ဗန်ဒိုက်၊ ဂိုးသမား အယ်လီဆန်တို့ကို ခေါ်ယူခဲ့တာပါ။ ကမ္ဘာအဆင့် ကစားသမား တစ်ဦးကို ထွက်ခွာခွင့် ပေးခဲ့ရပေမယ့် ကမ္ဘာအဆင့် နှစ်ဦးကို ပြန်လည် အားဖြည့်နိုင်ခဲ့တာဖြစ်ပါတယ်။

ဟန်ဒါဆန်က “ ဗာဂျယ်နဲ့ အယ်လီဆန်တို့လို ကစားသမားတွေကိုလည်း အသိအမှတ် ပြုပေးကြရမှာပါ။ ဒါပေမယ့် အသင်းကို ရောက်လာတဲ့ ကစားသမားတိုင်းက အရမ်းကောင်းကောင်း လုပ်ပြနိုင်ခဲ့တယ်။ သူတို့ နှစ်ဦးကတော့ အံ့အားသင့်လောက် စရာပါပဲ။ ကျနေ်ာတို့မှာ အရမ်းကောင်းတဲ့ လူစာရင်းရှိပြီး အကောင်းဆုံး ကစားသမားတွေတင်မကပဲ အသင်းကို အကူအညီပေးဖို့ အကောင်းဆုံးတွေ ရှိထားပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္က လြန္ခဲ့တဲ့ ႏွစ္ႏွစ္က ဘာစီလိုနာကို ထြက္ခြာသြားတဲ့ ကြင္းလယ္လူ ေကာ္တင္ညိဳ အသင္းထံ ျပန္ေရာက္လာမယ္ဆိုရင္ ၾကိဳဆိုမွာပါလို႔ စပိန္သတင္းနဲ႔ အင္တာဗ်ဴးမွာ ပြင့္ပြင့္လင္းလင္း ေျဖေပးခဲ့ပါတယ္။

ေကာ္တင္ညိဳဟာ ဘာစီလိုနာမွာ မေအာင္ျမင္တဲ့ေနာက္ ဘြန္ဒက္လီဂါကို အငွားထြက္ကစားႏုိင္ျပီး ဒီရာသီ အကုန္မွာေတာ့ ဘာစီလိုနာကို ျပန္ဖို႔ ရွိေနပါတယ္။ သူ႔ကို လီဗာပူးက ျပန္လည္ေခၚယူမလားဆိုတဲ့ ေမးခြန္းေတြ က်ယ္ျပန္႔ေနတာျဖစ္ျပီး ဟန္ဒိုကေတာ့ ဒီကိစၥကို အေျဖေပးႏုိင္တာက သူမဟုတ္ပါဘူးလို႔ ဆိုခဲ့တာျဖစ္တယ္။

စပိန္သတင္းနဲ႔ အင္တာဗ်ဴးမွာ ဟန္ဒိုက “ က်ေနာ္အတြက္ေတာ့ ဖီးလ္က သူငယ္ခ်င္းေကာင္းပါ။ သူက အရမ္းကိုေကာင္းတဲ့ ေဘာလံုးသမားတစ္ေယာက္လည္း ျဖစ္ပါတယ္။ ေဘာလံုးကို ျမတ္ႏိုးမႈေကာ၊ စိတ္ဓါတ္ေကာင္းေကာ အားလံုးကို ပိုင္ဆိုင္ထားပါတယ္။ ဒီေတာ့ သူျပန္လာမယ္ဆိုရင္ အျမဲတမ္း ၾကိဳဆိုေနမွာပါ။ ဒါေပမယ့္ သူျပန္လာဖို႔က က်ေနာ္ လုပ္ႏုိင္တဲ့ကိစၥ မဟုတ္ပါဘူး။

ဒီေမးခြန္းက မန္ေနဂ်ာကိုေမးတာ အေကာင္းဆံုးပါပဲ။ အသင္းက ေကာင္ေလးေတြကလည္း ဖီးလ္ကို ခ်စ္ၾကပါတယ္။ ဒီေတာ့ သူတို႔ကို သြားေမးမယ္ဆိုရင္ သူတို႔ကလည္း အသင္းကို ျပန္လာေစခ်င္တယ္လို႔ ေျဖၾကမွာပါပဲ။ ဒါေပမယ့္ သူ႔ရဲ႕ အခ်ိန္ေတြက ကုန္သြားျပီလို႔ က်ေနာ္ ထင္တယ္။ က်ေန္ာတုိ႔က ဆက္သြားေနၾကတာပါ။ အနာဂတ္မွာေတာ့ က်ေနာ္တို႔ ျမင္ခဲ့တဲ့ ဖီးလ္ကို ျပန္ျမင္ရဖို႔ ေမွ်ာ္လင့္ပါတယ္။

က်ေနာ္တုိ႔ ကိုယ္ဘာသာ အားျဖည့္မႈေတြ လုပ္ထားႏုိင္တယ္လို႔ ခံစားရတယ္။ ဒီအေျခအေနမွာ က်ေနာ္တုိ႔ ေရွ႔ဆက္သြားေနတယ္လို႔ ခံစားရျပီး ဖီးလ္ မရွိေတာ့ခ်ိန္မွာလည္း က်ေန္ာတို႔ေတြက ကိုယ္ဘာသာ အက်ိဳးရလဒ္ ထြက္ေပၚလာဖို႔ အေကာင္းဆံုး စီမံျပီး ျမင့္တင္လာႏုိင္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးဟာ ေကာ္တင္ညိဳကို ေရာင္းခ်လို႔ရတဲ့ ေျပာင္းေရႊ႔ေၾကးနဲ႔ ခံစစ္မွဴး ဗန္ဒိုက္၊ ဂိုးသမား အယ္လီဆန္တို႔ကို ေခၚယူခဲ့တာပါ။ ကမၻာအဆင့္ ကစားသမား တစ္ဦးကို ထြက္ခြာခြင့္ ေပးခဲ့ရေပမယ့္ ကမၻာအဆင့္ ႏွစ္ဦးကို ျပန္လည္ အားျဖည့္ႏုိင္ခဲ့တာျဖစ္ပါတယ္။

ဟန္ဒါဆန္က “ ဗာဂ်ယ္နဲ႔ အယ္လီဆန္တို႔လို ကစားသမားေတြကိုလည္း အသိအမွတ္ ျပဳေပးၾကရမွာပါ။ ဒါေပမယ့္ အသင္းကို ေရာက္လာတဲ့ ကစားသမားတိုင္းက အရမ္းေကာင္းေကာင္း လုပ္ျပႏုိင္ခဲ့တယ္။ သူတို႔ ႏွစ္ဦးကေတာ့ အံ့အားသင့္ေလာက္ စရာပါပဲ။ က်ေန္ာတို႔မွာ အရမ္းေကာင္းတဲ့ လူစာရင္းရွိျပီး အေကာင္းဆံုး ကစားသမားေတြတင္မကပဲ အသင္းကို အကူအညီေပးဖို႔ အေကာင္းဆံုးေတြ ရွိထားပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။