စပိန်မြေမှာ ယှဉ်ပြိုင်ကစားမယ့် လီဗာပူးနဲ့ အက်သလက်တီကိုပွဲအတွက် အိမ်ရှင်ဘက်က ၎င်းတို့ရဲ့ တရားဝင် တွစ်တာအကောင့်ကနေပဲ ကစားသမား ၁၉ ဦးပါ လူစာရင်းကို အတည်ပြု ထုတ်ပြန်ထားပြီဖြစ်ပါတယ်။

ဒီကနေ့ည ဝါနာကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ၁၆ သင်းရံှူးထွက် ပထမအကျော့ပွဲအတွက် တီကိုရဲ့ ချန်ပီယံလိဂ်လူစာရင်းမှာတော့ ကြိုတင် သတင်းထွက်ထားသလိုပဲ တိုက်စစ်သမား ဖီလစ် မပါဝင်လာနိုင်ပါဘူး။ ဒါပေမယ့် ဝါရင့်တိုက်စစ်သမား ကော်စတာနဲ့ တိုက်စစ်သမား မိုရာတာတို့ကတော့ ပါဝင်လာခဲ့ကြတာဖြစ်တယ်။

ခံစစ်မှုူး ဂျင်မီနက်စ်၊ ကွင်းလယ်လူ လီမာ၊ ဗီလီတို၊ ကာရက်စကိုတို့လည်း ပြန်လည်ပါဝင်လာခဲ့တာကြောင့် တီကိုကလည်း လူပြန်စုံခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ အသလက်တီကိုဟာ ဒီလတွေမှာ တိုက်စစ်သမားတွေ မကြာခဏ ဒဏ်ရာရနေတာဖြစ်ပြီး ဒါဟာ ပထမဆုံးအကြိမ် လူစုံနည်းပါး ပြန်တွေ့ရတာလို့လည်း သိရပါတယ်။

လီဗာပူးဘက်က ထူးခြားသတင်းအဖြစ်တော့ မဲဝုဒ်မှာ ကျန်ခဲ့တဲ့ စီနီယာနှစ်ဦးထဲက ကလိုင်း လေ့ကျင့်ရေး ပြန်ဆင်းပြီဖြစ်ပါတယ်။ စပိန်ကိုတော့ ကျန်စီနီယာတွေ အကုန်လုံး လိုက်ပါသွားတာဖြစ်ပြီး မာနေး၊ ဖာဘင်ညိုတို့ပါ ပွဲထွက်နိုင်မှာဖြစ်လို့ လီဗာပူးအသင်းဟာ ဒီရာသီမှာ ပထမဆုံးအကြိမ်အဖြစ် အကောင်းဆုံး လူစာရင်းကို ထုတ်သုံးနိုင်တာကို မြင်တွေ့ရဖွယ် ရှိလာနေပြီဖြစ်တယ်။

အက်သလက်တီကိုနဲ့ လီဗာပူးပွဲမှာတော့ ဖီဖာ ကမ္ဘာကလပ်များ ချန်ပီယံ လီဗာပူးအသင်းဟာ ချန်ပီယံရွှေရောင်တံဆိပ်ကို ယူအီးအက်ဖ်အေ ပွဲတွေမှာ ဝတ်ဆင်ခွင့်ရရှိခြင်းကြောင့် ဒီကနေ့ပွဲမှာ တပ်ဆင်ကစားမှာဖြစ်ပါတယ်။ လီဗာပူးဟာ ပရီးမီးယားလိဂ်မှာတော့ အဆိုပါ တံဆိပ်ကို ပွဲတစ်ပွဲတည်းမှာပဲ တပ်ဆင်ကစားခွင့် ရခဲ့တာဖြစ်ပါတယ်။

ZAWGYI

စပိန္ေျမမွာ ယွဥ္ျပိဳင္ကစားမယ့္ လီဗာပူးနဲ႔ အက္သလက္တီကိုပြဲအတြက္ အိမ္ရွင္ဘက္က ၄င္းတို႔ရဲ႕ တရားဝင္ တြစ္တာအေကာင့္ကေနပဲ ကစားသမား ၁၉ ဦးပါ လူစာရင္းကို အတည္ျပဳ ထုတ္ျပန္ထားျပီျဖစ္ပါတယ္။

ဒီကေန႔ည ဝါနာကြင္းမွာ ယွဥ္ျပိဳင္ကစားမယ့္ ၁၆ သင္းရံွဴးထြက္ ပထမအေက်ာ့ပြဲအတြက္ တီကိုရဲ႕ ခ်န္ပီယံလိဂ္လူစာရင္းမွာေတာ့ ၾကိဳတင္ သတင္းထြက္ထားသလိုပဲ တိုက္စစ္သမား ဖီလစ္ မပါဝင္လာႏုိင္ပါဘူး။ ဒါေပမယ့္ ဝါရင့္တိုက္စစ္သမား ေကာ္စတာနဲ႔ တိုက္စစ္သမား မိုရာတာတို႔ကေတာ့ ပါဝင္လာခဲ့ၾကတာျဖစ္တယ္။

ခံစစ္မွဳဴး ဂ်င္မီနက္စ္၊ ကြင္းလယ္လူ လီမာ၊ ဗီလီတို၊ ကာရက္စကိုတို႔လည္း ျပန္လည္ပါဝင္လာခဲ့တာေၾကာင့္ တီကိုကလည္း လူျပန္စံုခဲ့ျပီလို႔ ဆိုႏုိင္ပါတယ္။ အသလက္တီကိုဟာ ဒီလေတြမွာ တိုက္စစ္သမားေတြ မၾကာခဏ ဒဏ္ရာရေနတာျဖစ္ျပီး ဒါဟာ ပထမဆံုးအၾကိမ္ လူစံုနည္းပါး ျပန္ေတြ႔ရတာလို႔လည္း သိရပါတယ္။

လီဗာပူးဘက္က ထူးျခားသတင္းအျဖစ္ေတာ့ မဲဝုဒ္မွာ က်န္ခဲ့တဲ့ စီနီယာႏွစ္ဦးထဲက ကလိုင္း ေလ့က်င့္ေရး ျပန္ဆင္းျပီျဖစ္ပါတယ္။ စပိန္ကိုေတာ့ က်န္စီနီယာေတြ အကုန္လံုး လိုက္ပါသြားတာျဖစ္ျပီး မာေနး၊ ဖာဘင္ညိဳတို႔ပါ ပြဲထြက္ႏုိင္မွာျဖစ္လို႔ လီဗာပူးအသင္းဟာ ဒီရာသီမွာ ပထမဆံုးအၾကိမ္အျဖစ္ အေကာင္းဆံုး လူစာရင္းကို ထုတ္သံုးႏုိင္တာကို ျမင္ေတြ႔ရဖြယ္ ရွိလာေနျပီျဖစ္တယ္။

အက္သလက္တီကုိနဲ႔ လီဗာပူးပြဲမွာေတာ့ ဖီဖာ ကမၻာကလပ္မ်ား ခ်န္ပီယံ လီဗာပူးအသင္းဟာ ခ်န္ပီယံေရႊေရာင္တံဆိပ္ကို ယူအီးအက္ဖ္ေအ ပြဲေတြမွာ ဝတ္ဆင္ခြင့္ရရွိျခင္းေၾကာင့္ ဒီကေန႔ပြဲမွာ တပ္ဆင္ကစားမွာျဖစ္ပါတယ္။ လီဗာပူးဟာ ပရီးမီးယားလိဂ္မွာေတာ့ အဆိုပါ တံဆိပ္ကို ပြဲတစ္ပြဲတည္းမွာပဲ တပ္ဆင္ကစားခြင့္ ရခဲ့တာျဖစ္ပါတယ္။