အက်သလက်တီကိုနဲ့ ယှဉ်ပြိုင်မယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရံှူးထွက်ပွဲကစပြီး ယှဉ်ပြိုင်ခွင့်ရမယ့် ယူအီးအက်ဖ်အေပွဲတွေအထိ လီဗာပူးဟာ ဖီဖာ ကမ္ဘာချန်ပီယံတံဆိပ်ကို ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေက ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် ၂၀၂၀ အင်စတမ်ဘူလ်းကွင်းမှာ ကစားရမယ့် ဖိုင်နယ်ဘောလုံးကို ထုတ်ဖော် ပြသခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးညာအစွန်လူ ကလိုင်းဟာ ဒဏ်ရာက ပြန်သက်သာလာတဲ့နောက် မဲဝုဒ်မှာ တစ်ဦးတည်း လေ့ကျင့်ရေးတွေ စလုပ်နေပါပြီ။ ဒီနွေမှာတော့ လီဗာပူးနဲ့ စာချုပ်ကုန်မှာဖြစ်တဲ့ ကလိုင်းဟာ လယ်လာနာနည်းတူ အသင်းကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်က ကော်တင်ညိုကို ကစားသမားကောင်းအဖြစ် အမြဲတမ်း ကြိုဆိုနေမှာဖြစ်ပေမယ့် အပြောင်းအရွှေ့ ကိစ္စတွေကို စကားပြောဖို့က သူတတ်နိုင်တဲ့ ကိစ္စ မဟုတ်ပါဘူးလို့ ငြင်းဆန်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီ ချန်ပီယံလိဂ်ကို လက်ရှိ ချန်ပီယံအဖြစ် ပါဝင်ယှဉ်ပြိုင်နေတာ မဟုတ်ပဲ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်သူတစ်ဦးအဖြစ် ပါဝင်ယှဉ်ပြိုင်နေတာလို့ ထုတ်ဖေ်ာ ကြေညာလိုက်ပါတယ်။

လီဗာပူးက စိတ်ဝင်စားနေတဲ့ အာဆင်နယ် လူငယ်လေး ဆာကာက လန်ဒန်ကလပ်မှာပဲ ဆက်နေမလားဆိုတာကို ကိစ္စအားလုံး အေးဂျင့်နဲ့ပဲ လွဲထားပြီး ကိစ္စအားလုံးကို အေးဂျင့်နဲ့ မိဘတွေကပဲ လုပ်ပေးမှာဖြစ်ကာ သူကတော့ ဘောလုံးကစားနေရုံပဲလို့ ပြန်ဖြေခဲ့ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်းကိန်နဲ့ ကာရေဂါကြား ၁၉၉၉ ခုနှစ် ယူနိုက်တက် ဆုဖလားသုံးလုံးရအသင်းမှ ဂစ်နဲ့ လက်ရှိ လီဗာပူး တိုက်စစ်သမား မာနေးကြား နှိုင်းယှဉ်ပြုလုပ်ခဲ့စဉ်က မာနေးက အဲ့နှစ်က ဂစ်ထက် ပိုကောင်းတယ်ဆိုတာကို ကာရေဂါရဲ့ သက်သေပြမှုမှာ ရွိုင်းကိန်းကိုယ်တိုင် ဝန်ခံခဲ့ရပါတယ်။

စပိန်ကို ရောက်လာတဲ့ လီဗာပူးအသင်းသားတွေကို အားပေးကြမယ့် အသင်းပရိသတ်တွေက တိုက်စစ်သမား မာနေးအတွက် အလံအသစ်ကို ပြုလုပ်ထားပြီး ဒီကနေ့ညမှာ အဆိုပါအလံနဲ့ တွဲလျက် သီချင်းစာသားကို အတူသီဆိုကြဖို့ ရှိနေပါတယ်။

ZAWGYI

အက္သလက္တီကိုနဲ႔ ယွဥ္ျပိဳင္မယ့္ ခ်န္ပီယံလိဂ္ ၁၆ သင္းအဆင့္ ရံွဴးထြက္ပြဲကစျပီး ယွဥ္ျပိဳင္ခြင့္ရမယ့္ ယူအီးအက္ဖ္ေအပြဲေတြအထိ လီဗာပူးဟာ ဖီဖာ ကမၻာခ်န္ပီယံတံဆိပ္ကို ဝတ္ဆင္ကစားမွာျဖစ္ပါတယ္။

လီဗာပူးညာအစြန္လူ ကလိုင္းဟာ ဒဏ္ရာက ျပန္သက္သာလာတဲ့ေနာက္ မဲဝုဒ္မွာ တစ္ဦးတည္း ေလ့က်င့္ေရးေတြ စလုပ္ေနပါျပီ။ ဒီေႏြမွာေတာ့ လီဗာပူးနဲ႔ စာခ်ဳပ္ကုန္မွာျဖစ္တဲ့ ကလိုင္းဟာ လယ္လာနာနည္းတူ အသင္းကေန ထြက္ခြာမွာ ျဖစ္ပါတယ္။

အသင္းေခါင္းေဆာင္ ဟန္ဒါဆန္က ေကာ္တင္ညိဳကို ကစားသမားေကာင္းအျဖစ္ အျမဲတမ္း ၾကိဳဆိုေနမွာျဖစ္ေပမယ့္ အေျပာင္းအေရႊ႔ ကိစၥေတြကို စကားေျပာဖို႔က သူတတ္ႏုိင္တဲ့ ကိစၥ မဟုတ္ပါဘူးလို႔ ျငင္းဆန္ပါတယ္။

ယူအီးအက္ဖ္ေအက ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲအျဖစ္ ၂၀၂၀ အင္စတမ္ဘူလ္းကြင္းမွာ ကစားရမယ့္ ဖိုင္နယ္ေဘာလံုးကို ထုတ္ေဖာ္ ျပသခဲ့ျပီျဖစ္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီရာသီ ခ်န္ပီယံလိဂ္ကို လက္ရွိ ခ်န္ပီယံအျဖစ္ ပါဝင္ယွဥ္ျပိဳင္ေနတာ မဟုတ္ပဲ ခ်န္ပီယံလိဂ္ဖလားကို စိန္ေခၚသူတစ္ဦးအျဖစ္ ပါဝင္ယွဥ္ျပိဳင္ေနတာလို႔ ထုတ္ေဖ္ာ ေၾကညာလိုက္ပါတယ္။

လီဗာပူးက စိတ္ဝင္စားေနတဲ့ အာဆင္နယ္ လူငယ္ေလး ဆာကာက လန္ဒန္ကလပ္မွာပဲ ဆက္ေနမလားဆိုတာကို ကိစၥအားလံုး ေအးဂ်င့္နဲ႔ပဲ လြဲထားျပီး ကိစၥအားလံုးကို ေအးဂ်င့္နဲ႔ မိဘေတြကပဲ လုပ္ေပးမွာျဖစ္ကာ သူကေတာ့ ေဘာလံုးကစားေနရံုပဲလို႔ ျပန္ေျဖခဲ့ပါတယ္။

ယူႏုိက္တက္အသင္းေခါင္းေဆာင္ေဟာင္း ရိြဳင္းကိန္နဲ႔ ကာေရဂါၾကား ၁၉၉၉ ခုႏွစ္ ယူနုိက္တက္ ဆုဖလားသံုးလံုးရအသင္းမွ ဂစ္နဲ႔ လက္ရွိ လီဗာပူး တိုက္စစ္သမား မာေနးၾကား ႏိႈင္းယွဥ္ျပဳလုပ္ခ့ဲစဥ္က မာေနးက အဲ့ႏွစ္က ဂစ္ထက္ ပိုေကာင္းတယ္ဆိုတာကို ကာေရဂါရဲ႕ သက္ေသျပမႈမွာ ရိြဳင္းကိန္းကိုယ္တိုင္ ဝန္ခံခဲ့ရပါတယ္။

စပိန္ကို ေရာက္လာတဲ့ လီဗာပူးအသင္းသားေတြကို အားေပးၾကမယ့္ အသင္းပရိသတ္ေတြက တိုက္စစ္သမား မာေနးအတြက္ အလံအသစ္ကို ျပဳလုပ္ထားျပီး ဒီကေန႔ညမွာ အဆိုပါအလံနဲ႔ တြဲလ်က္ သီခ်င္းစာသားကို အတူသီဆိုၾကဖို႔ ရွိေနပါတယ္။