လီဗာပူးသတင်းထောက် ဂျိမ်းပီယာ့စ်က အက်သလက်တီကိုပွဲကြိုမှာ လီဗာပူးဘယ်အစွန်လူ အန်ဒီရော်ဘတ်ဆန်ရဲ့ ရှောင်တိမ်းဖို့ လိုအပ်တဲ့ ပြစ်ဒဏ်ကိစ္စကို သတင်းပေးလာပါတယ်။

ပီယာစ့်က သူ့ရဲ့ တွစ်တာအကောင့်ကနေပဲ စကော့တလန် ဘယ်အစွန်လူဟာ ဒီကနေ့ ယှဉ်ပြိုုင်မယ့် တီကိုနဲ့ပွဲမှာ အဝါကဒ် ရခဲ့မယ်ဆိုရင် လာမယ့် ဒုတိယအကျော့ အန်ဖီးနဲ့ပွဲကို လွဲချော်ယမ်လို့ သတိပေးခဲ့တာဖြစ်တယ်။ ဒီရာသီမှာ လီဗာပူးအတွက် အုပ်စုပွဲ ၆ ပွဲလုံး ပါဝင်ထားတဲ့ ရော်ဘတ်ဆန်က အဝါကဒ် ၂ ကဒ် ရရှိထားပြီး တစ်ပွဲပယ် ပြစ်ဒဏ်အတွက် ၁ ကဒ်ပဲ ကျန်တော့တာဖြစ်ပါတယ်။

ရော်ဘတ်ဆန်ဟာ လီဗာပူးဘယ်အစွန်မှာ တစ်ဦးတည်းသော အဓိက ကစားသမားဖြစ်ပြီး ပြိုင်ပွဲစုံ ၃၈ ပွဲထိ ပါဝင်ကစားပေးထားပြီ ဖြစ်ပါတယ်။ သူပနေရာမှာ အစားထိုးဖို့အတွက် ကစားသမားတွေထဲမှာတေ့ာ ဝါရင့် ကွင်းလယ်လူ မီလ်နာ တစ်ဦးပဲရှိပြီး လူငယ်အသင်းမှာတော့ လာရိုစီ ရှိနေတာဖြစ်တယ်။

ရော်ဘတ်ဆန်ဟာ အက်သလက်တီကို တိုက်စစ်သမားတွေဖြစ်တဲ့ ပီတိုလို၊ ကိုကီ၊ ဆန်တီရေဂိုတို့ရဲ့ ညာခြမ်းတိုက်စစ်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီညပွဲအတွက် လီဗာပူးအသင်းမှာ အဝါကဒ်ရဖို့ အခွင့်အရေး အများဆုံး ကစားသမား နှစ်ဦးထဲက တစ်ဦးပဲ ဖြစ်ပါတယ်။ လီဗာပူးရဲ့ ကွင်းလယ်ခံစစ်နဲ့ ဘယ်အစွန်နေရာတို့က တီကိုနဲ့ပွဲအတွင်း အဝါကဒ်ရဖို့ အများဆုံး ကစားသမားတွေလို့ အလေးပေးခံထားရတယ်။

ညာအစွန်က ထရန့်ကတော့ သူ့နဲ့ အသက်ရွယ်တူ ဘရာဇီးသား လိုဒီနဲ့ ထိပ်တိုက်တွေ့မှာဖြစ်ပြီး လိုဒီဟာ ခံစစ်ပိုင်းကို ပိုမိုအားပြုပြီး ထရန့်ကတော့ တိုက်စစ်ကို ပိုမိုအားပြုတဲ့ အစွန်လူတွေပဲဖြစ်ပါတယ်။

ဒီညပွဲအတွက် အကျိတ်အနယ် အရှိဆုံး အားပြိုင်မှု သုံးနေရာကတော့ မိုရာတာ ကော်စတာ တိုက်စစ်အတွဲနဲ့ ဗန်ဒိုက် ဂိုးမက်စ်တို့ရဲ့ ခံစစ်တန်း၊ ဖာမင်နိုနဲ့ ဖိလစ်၊ ထရန့်နဲ့ လိုဒီ အစရှိတဲ့ ထိပ်တိုက် တွေ့ဆုံမှုတွေ ဖြစ်လာမယ်လို့လည်း လီဗာပူးအသင်း ဝဘ်ဆိုဒ်က ဖော်ပြထားပါတယ်။

ZAWGYI

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီယာ့စ္က အက္သလက္တီကိုပြဲၾကိဳမွာ လီဗာပူးဘယ္အစြန္လူ အန္ဒီေရာ္ဘတ္ဆန္ရဲ႕ ေရွာင္တိမ္းဖို႔ လိုအပ္တဲ့ ျပစ္ဒဏ္ကိစၥကို သတင္းေပးလာပါတယ္။

ပီယာစ့္က သူ႔ရဲ႕ တြစ္တာအေကာင့္ကေနပဲ စေကာ့တလန္ ဘယ္အစြန္လူဟာ ဒီကေန႔ ယွဥ္ျပိဳဳင္မယ့္ တီကိုနဲ႔ပြဲမွာ အဝါကဒ္ ရခဲ့မယ္ဆိုရင္ လာမယ့္ ဒုတိယအေက်ာ့ အန္ဖီးနဲ႔ပြဲကို လြဲေခ်ာ္ယမ္လို႔ သတိေပးခဲ့တာျဖစ္တယ္။ ဒီရာသီမွာ လီဗာပူးအတြက္ အုပ္စုပြဲ ၆ ပြဲလံုး ပါဝင္ထားတဲ့ ေရာ္ဘတ္ဆန္က အဝါကဒ္ ၂ ကဒ္ ရရွိထားျပီး တစ္ပြဲပယ္ ျပစ္ဒဏ္အတြက္ ၁ ကဒ္ပဲ က်န္ေတာ့တာျဖစ္ပါတယ္။

ေရာ္ဘတ္ဆန္ဟာ လီဗာပူးဘယ္အစြန္မွာ တစ္ဦးတည္းေသာ အဓိက ကစားသမားျဖစ္ျပီး ျပိဳင္ပြဲစံု ၃၈ ပြဲထိ ပါဝင္ကစားေပးထားျပီ ျဖစ္ပါတယ္။ သူပေနရာမွာ အစားထိုးဖို႔အတြက္ ကစားသမားေတြထဲမွာေတ့ာ ဝါရင့္ ကြင္းလယ္လူ မီလ္နာ တစ္ဦးပဲရွိျပီး လူငယ္အသင္းမွာေတာ့ လာရိုစီ ရွိေနတာျဖစ္တယ္။

ေရာ္ဘတ္ဆန္ဟာ အက္သလက္တီကို တိုက္စစ္သမားေတြျဖစ္တဲ့ ပီတိုလို၊ ကိုကီ၊ ဆန္တီေရဂိုတို႔ရဲ႕ ညာျခမ္းတိုက္စစ္နဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ျပီး ဒီညပြဲအတြက္ လီဗာပူးအသင္းမွာ အဝါကဒ္ရဖို႔ အခြင့္အေရး အမ်ားဆံုး ကစားသမား ႏွစ္ဦးထဲက တစ္ဦးပဲ ျဖစ္ပါတယ္။ လီဗာပူးရဲ႕ ကြင္းလယ္ခံစစ္နဲ႔ ဘယ္အစြန္ေနရာတို႔က တီကိုနဲ႔ပြဲအတြင္း အဝါကဒ္ရဖို႔ အမ်ားဆံုး ကစားသမားေတြလို႔ အေလးေပးခံထားရတယ္။

ညာအစြန္က ထရန္႔ကေတာ့ သူ႔နဲ႔ အသက္ရြယ္တူ ဘရာဇီးသား လိုဒီနဲ႔ ထိပ္တိုက္ေတြ႔မွာျဖစ္ျပီး လိုဒီဟာ ခံစစ္ပိုင္းကို ပိုမိုအားျပဳျပီး ထရန္႔ကေတာ့ တိုက္စစ္ကို ပိုမိုအားျပဳတဲ့ အစြန္လူေတြပဲျဖစ္ပါတယ္။

ဒီညပြဲအတြက္ အက်ိတ္အနယ္ အရွိဆံုး အားျပိဳင္မႈ သံုးေနရာကေတာ့ မိုရာတာ ေကာ္စတာ တိုက္စစ္အတြဲနဲ႔ ဗန္ဒိုက္ ဂိုးမက္စ္တို႔ရဲ႕ ခံစစ္တန္း၊ ဖာမင္ႏိုနဲ႔ ဖိလစ္၊ ထရန္႔နဲ႔ လိုဒီ အစရွိတဲ့ ထိပ္တိုက္ ေတြ႔ဆံုမႈေတြ ျဖစ္လာမယ္လို႔လည္း လီဗာပူးအသင္း ဝဘ္ဆိုဒ္က ေဖာ္ျပထားပါတယ္။