အက်သလက်တီကို မက်ဒရစ် ခံစစ်မှူး စတီဖန် ဆာဗစ်က ဒီည ရင်ဆိုင်ရမယ့် လက်ရှိ ဥရောပ ချန်ပီယံ လီဗာပူးအသင်းကို ၎င်းတို့ဘက်က ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ သတိပေးစကား ဆိုလိုက်ပါတယ်။

၁၆ သင်း ရှုံးထွက်အဆင့်မှာ လီဗာပူးနဲ့ အက်သလက်တီကိုတို့က ထိပ်တိုက်တွေ့ဆုံနေပြီး ဆီမြွန်နီအသင်းက လက်ရှိ ချန်ပီယံကို ဒီညမှာ ၎င်းတို့ အိမ်ကွင်းမှာ ဧည့်ခံ ကစားမှာ ဖြစ်ပါတယ်။ ဆာဗစ်က ၎င်းတို့အသင်းကို လျှော့တွက်နေကြတဲ့ အနေအထားအပေါ် အခွင့်ကောင်းယူကာ ယာဂင်ကလော့ပ် အသင်းကို ချေမှုန်းနိုင်မယ် မျှော်လင့်ထားပါတယ်။

အင်္ဂါနေ့ည ပွဲစဉ်မတိုင်ခင် ပွဲကြိုမှာပဲ ဆာဗစ်က ဒီပွဲ အတွက် မကောင်းမြင်တာမျိုး မရှိဘဲ ပြိုင်ဘက်ကိုလည်း ကြောက်ရွံ့မနေကြောင်း အသိပေးစကား ဆိုခဲ့တာပါ။

” ကျနေ်ာတို့က ဘယ်တော့မှ လက်လျှော့ အရှုံးပေးတတ်တဲ့ အသင်း မဟုတ်ဘူးဆိုတာ အရင်ကလည်း ပြသခဲ့ပြီး ဖြစ်တယ်။ ကျနော်တို့က အင်အားကြီးတဲ့ အသင်းတွေနဲ့ တွေ့ရင် ကောင်းစွာ ယှဉ်ကစားနိုင်တယ်။ လောလောဆယ် ပုံစံတွေ အရ ကျနော်တို့က အောက် အသင်း ဖြစ်ကောင်း ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် သူတို့လည်း သိပ်တည်ငြိမ်နေတယ်လို့ ကျနော် မထင်ပါဘူး။

လီဗာပူးကလည်း ကျနေ်ာတို့ ကောင်းစွာ ယှဉ်ပြိုင်နိုင်ပြီး ဘယ်သူ့မဆိုအတွက် ခက်ခဲတဲ့ ပြိုင်ဘက်ဆိုတာ သဘောပေါက်ပြီး ဖြစ်ပါလိမ့်မယ်။ လီဗာပူးအသင်းဘက်မှာ အရေးပါပြီး အန္တရာယ်ကြီးတဲ့ တိုက်စစ်ရှိတယ်။ ဒါပေမယ့် သူတို့တင် မဟုတ်ပါဘူး နောက်က လိုက်လာမယ့် တိုက်စစ်တွေလည်း ရှိတယ်။ သူတို့က ဂိုးရှေ့ကို ခပ်မြန်မြန် ရောက်လာနိုင်ပြီး ကျနော်တို့ အနေနဲ့ ရပ်တန့်ဖို့ ကြိုးစားရမှာပါ။ ” လို့ ဆာဗစ်က ဆိုပါတယ်။

လီဗာပူးအသင်းဟာ ပြည်တွင်းမှာတော့ ပရီးမီးယားလိဂ်ဖလား ဗိုလ်စွဲဖို့ အခြေအနေကောင်းနေပြီ ဖြစ်ပြီး တီကိုနဲ့ ပွဲအတွက် ယုံကြည်မှု အပြည့်ရှိစွာပဲ မက်ဒရစ်သို့ ထွက်ခွာသွားပြီး ဖြစ်ပါတယ်။

Zawgyi – အက္သလက္တီကို မက္ဒရစ္ ခံစစ္မွဴး စတီဖန္ ဆာဗစ္က ဒီည ရင္ဆိုင္ရမယ့္ လက္ရွိ ဥေရာပ ခ်န္ပီယံ လီဗာပူးအသင္းကို ၄င္းတို႔ဘက္က ေၾကာက္ရြံ႕ေနမွာ မဟုတ္ဘူးလို႔ သတိေပးစကား ဆိုလိုက္ပါတယ္။

၁၆ သင္း ရွံဳးထြက္အဆင့္မွာ လီဗာပူးနဲ႕ အက္သလက္တီကုိတို႔က ထိပ္တိုက္ေတြ႔ဆံုေနျပီး ဆီျမြန္နီအသင္းက လက္ရွိ ခ်န္ပီယံကို ဒီညမွာ ၄င္းတို႔ အိမ္ကြင္းမွာ ဧည့္ခံ ကစားမွာ ျဖစ္ပါတယ္။ ဆာဗစ္က ၄င္းတို႔အသင္းကို ေလွ်ာ့တြက္ေနၾကတဲ့ အေနအထားအေပၚ အခြင့္ေကာင္းယူကာ ယာဂင္ကေလာ့ပ္ အသင္းကို ေခ်မႈန္းနုိင္မယ္ ေမွ်ာ္လင့္ထားပါတယ္။

အဂၤါေန႔ည ပြဲစဥ္မတိုင္ခင္ ပြဲၾကိဳမွာပဲ ဆာဗစ္က ဒီပြဲ အတြက္ မေကာင္းျမင္တာမ်ိဳး မရွိဘဲ ျပိဳင္ဘက္ကိုလည္း ေၾကာက္ရြံ႕မေနေၾကာင္း အသိေပးစကား ဆိုခဲ့တာပါ။

” က်ေန္ာတို႔က ဘယ္ေတာ့မွ လက္ေလွ်ာ့ အရွံဳးေပးတတ္တဲ့ အသင္း မဟုတ္ဘူးဆိုတာ အရင္ကလည္း ျပသခဲ့ျပီး ျဖစ္တယ္။ က်ေနာ္တို႔က အင္အားၾကီးတဲ့ အသင္းေတြနဲ႕ ေတြ႔ရင္ ေကာင္းစြာ ယွဥ္ကစားနုိင္တယ္။ ေလာေလာဆယ္ ပံုစံေတြ အရ က်ေနာ္တို႔က ေအာက္ အသင္း ျဖစ္ေကာင္း ျဖစ္ေနလိမ့္မယ္။ ဒါေပမယ့္ သူတို႔လည္း သိပ္တည္ျငိမ္ေနတယ္လို႔ က်ေနာ္ မထင္ပါဘူး။

လီဗာပူးကလည္း က်ေန္ာတို႔ ေကာင္းစြာ ယွဥ္ျပိဳင္နုိင္ျပီး ဘယ္သူ႔မဆိုအတြက္ ခက္ခဲတဲ့ ျပိဳင္ဘက္ဆိုတာ သေဘာေပါက္ျပီး ျဖစ္ပါလိမ့္မယ္။ လီဗာပူးအသင္းဘက္မွာ အေရးပါျပီး အႏၱရာယ္ၾကီးတဲ့ တိုက္စစ္ရွိတယ္။ ဒါေပမယ့္ သူတို႔တင္ မဟုတ္ပါဘူး ေနာက္က လိုက္လာမယ့္ တိုက္စစ္ေတြလည္း ရွိတယ္။ သူတို႔က ဂိုးေရွ႕ကို ခပ္ျမန္ျမန္ ေရာက္လာနုိင္ျပီး က်ေနာ္တို႔ အေနနဲ႕ ရပ္တန္႕ဖို႔ ၾကိဳးစားရမွာပါ။ ” လို႔ ဆာဗစ္က ဆိုပါတယ္။

လီဗာပူးအသင္းဟာ ျပည္တြင္းမွာေတာ့ ပရီးမီးယားလိဂ္ဖလား ဗိုလ္စြဲဖို႔ အေျခအေနေကာင္းေနျပီ ျဖစ္ျပီး တီကိုနဲ႕ ပဲြအတြက္ ယံုၾကည္မႈ အျပည့္ရွိစြာပဲ မက္ဒရစ္သို႔ ထြက္ခြာသြားျပီး ျဖစ္ပါတယ္။