ချန်ပီယံလိဂ် ရံှူးထွက် ပထမအကျော့အဖြစ် အက်သလက်တီကိုကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ လီဗာပူးဟာ ဆောရဲ့ တစ်လုံးတည်းသော သွင်းဂိုးကို ခွင့်ပြုရပြီး ခြေပဂိုး ပြန်မသွင်းနိုင်တာကြောင့် အရေးနိမ့်ခဲ့ပါတယ်။

တီကိုနဲ့ပွဲမှာ လီဗာပူးအသင်းသားတွေက ပြိုင်ဘက် ဂိုးပေါက်ကို တစ်ကြိမ်တောင် မတည့်ခဲ့ပါဘူး။ ဒါဟာ ဒီရာသီတစ်ခုလုံးမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။

တီကိုပွဲအတွင်း ဒုတိယပိုင်းအစမှာတင် လူစားလဲခံခဲ့ရတဲ့ မာနေးဟာ ဒဏ်ရာရခဲ့လို့ မဟုတ်ပဲ အဝါကဒ် ထိထားတာကြောင့် နှစ်ဝါ တစ်နီ ဖြစ်မှာဆိုးလို့ ခပ်စောစော လူစားလဲခဲ့ခြင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ဒဏ်ရာက တံကောက်ကြောဖြစ်ဖို့များတယ်လို့ ကလော့ပ်က ပွဲအပြီး ပြောပါတယ်။ မာနေးကိုတော့ အနီကဒ်ထိမှာဆိုးလို့ ကြိုတင် လူလဲတာဖြစ်ပြီး ချိန်ဘာလိန်အကြောင်း ထည့်မပြောခဲ့ပါဘူး။

ကွင်းထဲမှာ ဟန်ဒါဆန်ကို လီဗာပူးသတင်းထောက်တွေက ဒဏ်ရာက ဆိုးလားလို့ မေးခဲ့ရာ အသင်းခေါင်းဆောင်က သူလည်း မသေချာဘူးလို့ ပြန်ဖြေခဲ့ပါတယ်။ ဟန်ဒါဆန်က ဒဏ်ရာကြောင့် ထော့နဲ့ ထော့နဲ့ လမ်းလျှောက်နေရပါတယ်။

လီဗာပူးခံစစ်မှူး ဗန်ဒိုက်က ပွဲအပြီးမှာ ” တီကိုရဲ့ ကစားဟန်ကို ကျနေ်ာတို့ ကိုင်တွယ်နိုင်ဖို့လိုပြီး အကောင်းဆုံး လုပ်ခဲ့ပါတယ်။ ဒီပွဲက တကယ်ကို ပြင်းထန်တဲ့ ပွဲတစ်ပွဲဖြစ်မယ်ဆိုတာ မစကတည်းက သိခဲ့ပါတယ် ” လို့ ပြောဆိုသွားပါတယ်။

ရော်ဘတ်ဆန်က “ ပွဲအပြီးမှာ သူတို့ အောင်ပွဲခံခဲ့တယ်။ ကျနေ်ာတို့ ပရီးမီးယားလိဂ် ကစားရဖို့ ရှိနေပါတယ်။ အဲ့တာပြီးရင် အန်ဖီးမှာ ပြန်တွေ့မှာပါ။ ကျနေ်ာတို့ရဲ့ ပရိသတ်တွေလည်း အဲ့မှာ ရှိနေပါလိမ့်မယ်၊ ကျနေ်ာတို့လည်း အန်ဖီးမှာ ရှိနေမှာပပါ။ အက်သလက်တီကိုက အန်ဖီးကို လာရပါမယ် ” လို့ စိန်ခေါ်သွားခဲ့ပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က စပိန်ပရိသတ်တွေရဲ့ ဖိအားပေးမှုကို ရင်ဆိုင်ရဲဖို့ ကွင်းလယ်ဒိုင်မှာ လိုအပ်ချက်ရှိတယ်လို့ ဝေဖန်ခဲ့ပေမယ့် သူ့ကို အဝါကဒ်ပြသမှုကိုတော့ လက်ခံပါတယ်လို့ ဆိုပါတယ်။

တီကိုမန်နေဂျာ ဆီမြွန်နီက ကစားပုံကောင်းတဲ့ လီဗာပူးကို ကိုင်တွယ်ပြခဲ့တဲံ ၎င်းအသင်းရဲ့ ခံစစ်ကာကွယ်နိုင်စွမ်းကို ချီးကျူးလိုက်ပြီး ဒီကနေ့ပွဲမှာ အကောင်းဆုံး အားပေးခဲ့ကြတဲ့ အသင်းပရိသတ်တွေကိုလည်း ကျေးဇူးတင်စကား ပြောဆိုခဲ့ပါတယ်။

ZAWGYI – ခ်န္ပီယံလိဂ္ ရံွဴးထြက္ ပထမအေက်ာ့အျဖစ္ အက္သလက္တီကိုကြင္းမွာ သြားေရာက္ယွဥ္ျပိဳင္ကစားတဲ့ပြဲမွာ လီဗာပူးဟာ ေဆာရဲ႕ တစ္လံုးတည္းေသာ သြင္းဂိုးကို ခြင့္ျပဳရျပီး ေျခပဂိုး ျပန္မသြင္းႏုိင္တာေၾကာင့္ အေရးနိမ့္ခဲ့ပါတယ္။

တီကိုနဲ႔ပြဲမွာ လီဗာပူးအသင္းသားေတြက ျပိဳင္ဘက္ ဂိုးေပါက္ကို တစ္ၾကိမ္ေတာင္ မတည့္ခဲ့ပါဘူး။ ဒါဟာ ဒီရာသီတစ္ခုလံုးမွာ ပထမဆံုးအၾကိမ္ျဖစ္ပါတယ္။

တီကိုပြဲအတြင္း ဒုတိယပိုင္းအစမွာတင္ လူစားလဲခံခဲ့ရတဲ့ မာေနးဟာ ဒဏ္ရာရခဲ့လို႔ မဟုတ္ပဲ အဝါကဒ္ ထိထားတာေၾကာင့္ ႏွစ္ဝါ တစ္နီ ျဖစ္မွာဆိုးလို႔ ခပ္ေစာေစာ လူစားလဲခဲ့ျခင္း ျဖစ္ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ ဒဏ္ရာက တံေကာက္ေၾကာျဖစ္ဖို႔မ်ားတယ္လို႔ ကေလာ့ပ္က ပြဲအျပီး ေျပာပါတယ္။ မာေနးကိုေတာ့ အနီကဒ္ထိမွာဆိုးလို႔ ၾကိဳတင္ လူလဲတာျဖစ္ျပီး ခ်ိန္ဘာလိန္အေၾကာင္း ထည့္မေျပာခဲ့ပါဘူး။

ကြင္းထဲမွာ ဟန္ဒါဆန္ကို လီဗာပူးသတင္းေထာက္ေတြက ဒဏ္ရာက ဆိုးလားလို႔ ေမးခဲ့ရာ အသင္းေခါင္းေဆာင္က သူလည္း မေသခ်ာဘူးလို႔ ျပန္ေျဖခဲ့ပါတယ္။ ဟန္ဒါဆန္က ဒဏ္ရာေၾကာင့္ ေထာ့နဲ႔ ေထာ့နဲ႔ လမ္းေလွ်ာက္ေနရပါတယ္။

လီဗာပူးခံစစ္မွဴး ဗန္ဒိုက္က ပြဲအျပီးမွာ ” တီကိုရဲ႕ ကစားဟန္ကို က်ေန္ာတို႔ ကိုင္တြယ္ႏုိင္ဖို႔လိုျပီး အေကာင္းဆံုး လုပ္ခဲ့ပါတယ္။ ဒီပြဲက တကယ္ကို ျပင္းထန္တဲ့ ပြဲတစ္ပြဲျဖစ္မယ္ဆိုတာ မစကတည္းက သိခဲ့ပါတယ္ ” လို႔ ေျပာဆိုသြားပါတယ္။

ေရာ္ဘတ္ဆန္က “ ပြဲအျပီးမွာ သူတို႔ ေအာင္ပြဲခံခဲ့တယ္။ က်ေန္ာတို႔ ပရီးမီးယားလိဂ္ ကစားရဖို႔ ရွိေနပါတယ္။ အဲ့တာျပီးရင္ အန္ဖီးမွာ ျပန္ေတြ႔မွာပါ။ က်ေန္ာတို႔ရဲ႕ ပရိသတ္ေတြလည္း အဲ့မွာ ရွိေနပါလိမ့္မယ္၊ က်ေန္ာတို႔လည္း အန္ဖီးမွာ ရွိေနမွာပပါ။ အက္သလက္တီကိုက အန္ဖီးကို လာရပါမယ္ ” လို႔ စိန္ေခၚသြားခဲ့ပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က စပိန္ပရိသတ္ေတြရဲ႕ ဖိအားေပးမႈကို ရင္ဆိုင္ရဲဖို႔ ကြင္းလယ္ဒိုင္မွာ လိုအပ္ခ်က္ရွိတယ္လို႔ ေဝဖန္ခဲ့ေပမယ့္ သူ႔ကို အဝါကဒ္ျပသမႈကိုေတာ့ လက္ခံပါတယ္လို႔ ဆိုပါတယ္။

တီကိုမန္ေနဂ်ာ ဆီျမြန္နီက ကစားပံုေကာင္းတဲ့ လီဗာပူးကို ကိုင္တြယ္ျပခဲ့တဲံ ၄င္းအသင္းရဲ႕ ခံစစ္ကာကြယ္ႏုိင္စြမ္းကို ခ်ီးက်ဴးလိုက္ျပီး ဒီကေန႔ပြဲမွာ အေကာင္းဆံုး အားေပးခဲ့ၾကတဲ့ အသင္းပရိသတ္ေတြကိုလည္း ေက်းဇူးတင္စကား ေျပာဆိုခဲ့ပါတယ္။