အငြင်းပွားစရာ အနေအထားအချို့ ဖြစ်ခဲ့ပေမယ့် တီကိုရဲ့ ခံစစ်ကာကွယ်ပုံက အတော်လေး ကောင်းမွန်ခဲ့တယ်လို့ မန်နေဂျာ ယာဂင်ကလော့ပ်က ဝန်ခံပြီး ဒုတိယအကျော့အတွက် စိန်ခေါ်မှုကိုပါ ပြုလုပ်ခဲ့ပါတယ်။

ကလော့ပ်ကပဲ ” ဖြစ်ခဲ့သင့်တာ မဟုတ်ပေမယ့်လည်း ဖြစ်ခဲ့ပြီးပြီ။ မျှော်လင့်ထားတဲ့ တိုက်ခိုက်မှုနဲ့ အားပေးမှုအနေအထားတွေကို ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမယ့် ပွဲအပေါ် နှစ်သက်မှု အများကြီး ရှိပါတယ်။ ပထမအကျော့ကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ရုံဖြစ်ပြီး ဒုတိယအကျော့ကို ကျနေ်ာတို့ရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

အဆုံးသတ်ပိုင်းမှာ ငါတို့ အားနည်းခဲ့တယ်။ သူတို့ ခံစစ်ကစားပုံကလည်း ကောင်းခဲ့ပါတယ်။ ဧရိယာထဲမှာ သူတို့ရဲ့ ခံစစ်ကာကွယ်မှုက အံ့မခန်းပါပဲ။ ဂိုးမရှိဆိုတဲ့ ရလဒ်ပဲ ရလိုတဲ့ အသင်းတစ်သင်းကို ၁-၀ ဆိုတဲ့ ရလဒ် ထွက်ခဲ့တာကတော့ သူတို့အတွက် ကောင်းခဲ့ပါတယ်။

မာနေးက ပစ်မှတ်ထားခံနေရပြီး ဒါကို ရှင်းရှင်းလင်းလင်း မြင်ကြမှာပါ။ မာနေးကို နောက်ထပ် အဝါတစ်ကဒ်ထိအောင် သူတို့ လုပ်လိုကြတယ်။ ပထမပိုင်းပဲ ရှိနေသေးပေမယ့် ပရိသတ်ထုကြီးကလည်း ဒိုင်လူကြီးကို ဖိအားတွေ အများကြီး ပေးနေတယ်။ ပထမပိုင်း မိနစ် ၃၀ လောက်မှာတင် သူတို့ ကစားသမား သုံးဦးလောက်က ကွင်းထဲ လဲချနေကြတာ ဘာကြောင့်မှန်းကို မသိဘူး။ ဘယ်သူမှလည်း အပြစ်မတင်ဘူး။

ပထမပိုင်းကို ၁-၀ နဲ့ ပြီးသွားတာဖြစ်ပြီး အဆင်ပြေပါတယ်။ အနားချိန်ကို အကြာကြီးရမှာဖြစ်ပြီး ဒါပြီးရင် ပြန်တွေ့ကြတာပေါ့။ အန်ဖီးကနေ ကြိုဆိုပါတယ်။ ဒီပွဲက မပြီးသေးပါဘူး ” လို့ စိန်ခေါ်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ တီကိုပရိသတ်တွေက ကွင်းလယ်ဒိုင်ကို ဖိအားတွေ ပေးခဲ့ပြီး ဒိုင်ကလည်း မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေကို အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ သိသာတဲ့ ဆုံးဖြတ်ချက်ကတော့ တီကိုရဲ့ ပထမဂိုးမှာ လက်မြောက်ဘောအနေအထားဖြစ်ပေမယ့် အိမ်ရှင်တွေဘက်ပဲ ဘောလုံးပေးကစားစေခဲ့တယ်။ ဒုတိယပိုင်းမှာ တီကိုဘက်က ရှင်းရှင်းလင်းလင်း လက်ထိတာကို တီကိုဘက်ကို ဘောလုံးပြန်ပေး ကစားစေခဲ့ပြီး ကလော့ပ်ရဲ့ ပေါက်ကွဲမှုကို အဝါကဒ်ပေးခြင်းဖြစ်တယ်။

အဝါကဒ်နဲ့ ပက်သက်ပြီး ” အဲ့တာက များပါတယ်။ ပထမဂိုးတုန်းကလည်း ကျနေ်ာတို့အတွက် လက်ပစ်ဘောရတာ မဟုတ်ဘူးလား။ အဲ့တာက စိတ်ရှည်သည်းခံဖို့ ဘယ်လို့မှ ထိန်းမရတော့ဘူး။ လူသားတိုင်း အမှားတွေ လုပ်မိကြပါတယ်။ ဟန်ဒိုက တံကောက်ကြောလို့ ယူဆရပြီး မဟုတ်ဖို့ မျှော်လင့်ပါတယ်။ ရာနှုန်းပြည့်တော့ မသေချာသေးပါဘူး။ စောင့်ကြည့်ရမှာပါ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အျငင္းပြားစရာ အေနအထားအခ်ိဳ႕ ျဖစ္ခဲ့ေပမယ့္ တီကိုရဲ႕ ခံစစ္ကာကြယ္ပံုက အေတာ္ေလး ေကာင္းမြန္ခဲ့တယ္လို႔ မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဝန္ခံျပီး ဒုတိယအေက်ာ့အတြက္ စိန္ေခၚမႈကိုပါ ျပဳလုပ္ခဲ့ပါတယ္။

ကေလာ့ပ္ကပဲ ” ျဖစ္ခဲ့သင့္တာ မဟုတ္ေပမယ့္လည္း ျဖစ္ခဲ့ျပီးျပီ။ ေမွ်ာ္လင့့္ထားတဲ့ တိုက္ခိုက္မႈနဲ႔ အားေပးမႈအေနအထားေတြကို ရင္ဆိုင္ခဲ့ရတယ္။ ဒါေပမယ့္ ပြဲအေပၚ ႏွစ္သက္မႈ အမ်ားၾကီး ရွိပါတယ္။ ပထမအေက်ာ့ကို ၁-၀ နဲ႔ အေရးနိမ့္ခဲ့ရံုျဖစ္ျပီး ဒုတိယအေက်ာ့ကို က်ေန္ာတုိ႔ရဲ႕ အိမ္ကြင္းမွာ ယွဥ္ျပိဳင္ကစားရမွာ ျဖစ္ပါတယ္။

အဆံုးသတ္ပိုင္းမွာ ငါတို႔ အားနည္းခဲ့တယ္။ သူတို႔ ခံစစ္ကစားပံုကလည္း ေကာင္းခဲ့ပါတယ္။ ဧရိယာထဲမွာ သူတို႔ရဲ႕ ခံစစ္ကာကြယ္မႈက အံ့မခန္းပါပဲ။ ဂိုးမရွိဆိုတဲ့ ရလဒ္ပဲ ရလိုတဲ့ အသင္းတစ္သင္းကို ၁-၀ ဆိုတဲ့ ရလဒ္ ထြက္ခဲ့တာကေတာ့ သူတို႔အတြက္ ေကာင္းခဲ့ပါတယ္။

မာေနးက ပစ္မွတ္ထားခံေနရျပီး ဒါကို ရွင္းရွင္းလင္းလင္း ျမင္ၾကမွာပါ။ မာေနးကို ေနာက္ထပ္ အဝါတစ္ကဒ္ထိေအာင္ သူတို႔ လုပ္လိုၾကတယ္။ ပထမပိုင္းပဲ ရွိေနေသးေပမယ့္ ပရိသတ္ထုၾကီးကလည္း ဒိုင္လူၾကီးကို ဖိအားေတြ အမ်ားၾကီး ေပးေနတယ္။ ပထမပိုင္း မိနစ္ ၃၀ ေလာက္မွာတင္ သူတို႔ ကစားသမား သံုးဦးေလာက္က ကြင္းထဲ လဲခ်ေနၾကတာ ဘာေၾကာင့္မွန္းကို မသိဘူး။ ဘယ္သူမွလည္း အျပစ္မတင္ဘူး။

ပထမပိုင္းကို ၁-၀ နဲ႔ ျပီးသြားတာျဖစ္ျပီး အဆင္ေျပပါတယ္။ အနားခ်ိန္ကို အၾကာၾကီးရမွာျဖစ္ျပီး ဒါျပီးရင္ ျပန္ေတြ႔ၾကတာေပါ့။ အန္ဖီးကေန ၾကိဳဆိုပါတယ္။ ဒီပြဲက မျပီးေသးပါဘူး ” လို႔ စိန္ေခၚခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ တီကိုပရိသတ္ေတြက ကြင္းလယ္ဒိုင္ကို ဖိအားေတြ ေပးခဲ့ျပီး ဒိုင္ကလည္း မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္ေတြကို အၾကိမ္ၾကိမ္ လုပ္ခဲ့ပါတယ္။ သိသာတဲ့ ဆံုးျဖတ္ခ်က္ကေတာ့ တီကိုရဲ႕ ပထမဂိုးမွာ လက္ေျမာက္ေဘာအေနအထားျဖစ္ေပမယ့္ အိမ္ရွင္ေတြဘက္ပဲ ေဘာလံုးေပးကစားေစခဲ့တယ္။ ဒုတိယပိုင္းမွာ တီကိုဘက္က ရွင္းရွင္းလင္းလင္း လက္ထိတာကို တီကိုဘက္ကို ေဘာလံုးျပန္ေပး ကစားေစခဲ့ျပီး ကေလာ့ပ္ရဲ႕ ေပါက္ကြဲမႈကို အဝါကဒ္ေပးျခင္းျဖစ္တယ္။

အဝါကဒ္နဲ႔ ပက္သက္ျပီး ” အဲ့တာက မ်ားပါတယ္။ ပထမဂိုးတုန္းကလည္း က်ေန္ာတို႔အတြက္ လက္ပစ္ေဘာရတာ မဟုတ္ဘူးလား။ အဲ့တာက စိတ္ရွည္သည္းခံဖို႔ ဘယ္လို႔မွ ထိန္းမရေတာ့ဘူး။ လူသားတိုင္း အမွားေတြ လုပ္မိၾကပါတယ္။ ဟန္ဒိုက တံေကာက္ေၾကာလို႔ ယူဆရျပီး မဟုတ္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ရာႏႈန္းျပည့္ေတာ့ မေသခ်ာေသးပါဘူး။ ေစာင့္ၾကည့္ရမွာပါ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။