ဒီကာလတွေအတွင်း အင်္ဂလန်မှာ ဘောလုံးပွဲတွေ ပြန်လည်စတင်ဖို့ လုပ်ဆောင်နေပြီဖြစ်ပြီး အများပြည်သူဆိုင်ရာ နေရာတွေလည်း ပြန်လည် ဖွင့်လှစ်နေခဲ့ပြီဖြစ်ပါတယ်။

သို့သော်လည်း ဒါဟာ ကိုရိုနာကပ်ဘေး ပြီးမြောက်သွားပြီ မဟုတ်သလို ဂရုမစိုက် အမူမထားတဲ့ အမူအကျင့်တွေဖြင့် အများပြည်သူဆိုင်ရာ နေရာတွေမှာ သွားလာခွင့်ရှိပြီလို့ မဆိုလိုပါဘူး။ လူတိုင်းဟာ ရာနှုန်းပြည့် လုံခြုံရေးအတွက် ဂရုစိုက်မှုတွေ ရှိရမယ်လို့ ကလော့ပ်က ယုံကြည်နေပါတယ်။

ဘွန်ဒက်လီဂါမှာတော့ ပြိုင်ပွဲမစခင် မန်နေဂျာတွေကစလို နည်းပြတွေအထိ စည်းကမ်းဖောက်ခွင့် လုံးဝ မပေးဘဲ စည်းကမ်းဖောက်ရင် ဘောလုံးပွဲတွေကို လွဲချော်ကြတဲ့ သာဓကတွေရှိပါတယ်။ ဇွန်လ ၂၀ မှာ ယှဉ်ပြိုင်ရမယ့် အဲဗာတန်နဲ့ပွဲ မတိုင်ခင်မှာ ကလော့ပ်ကလည်း အသင်းသားတိုင်းကို အထူး သတိပေးမှုတွေ လုပ်ထားပါတယ်။

ဒီတားမြစ်ချက်ဟာ မတ်လ ၁၃ ရက်နောက်ပိုင်း ဘောလုံးပွဲတွေ ရပ်နားထားကတည်းက ကလော့ပ်က သတိပေးချက် လုပ်ထားတာလည်းဖြစ်တယ်။ ကစားသမားတွေနဲ့ အသင်းဝန်ထမ်းတွေဟာ ကိုဗစ်-၁၉ ကို ကာကွယ်ဖို့ ပြင်ပတွေ ထွက်တဲ့အခါ အနည်းဆုံး မျက်နှာကို mask တပ်ထားရမှာဖြစ်ပါတယ်။

ကလော့ပ်က ပုံမှန် လူနေမှု ဘဝတွေအဖြစ် လူတိုင်းဟာ အစားအစာလို ကိစ္စတွေ ဓါတ်ဆီဆိုင်သွားရတာတွေ အသုံးအဆောင် ဝယ်ရတာတွေလို လူအများနဲ့ ထိတွေ့ရမယ် ကိစ္စတွေ ရှိတာကို နားလည်ပါတယ်။ ဒါပေမယ့် အဲ့လို လုပ်ငန်းစဉ်တွေမှာ လီဗာပူးအသင်း ကစားသမားနဲ့ နည်းပြအဖွဲ့ဝင်တွေတိုင်း mask တပ်ကို တပ်ရမယ်လို့ တားမြစ်ထားတာဖြစ်တယ်။

အင်္ဂလန်မှာတော့ လူအများအပြားက mask တပ်ရခြင်းကို အလုပ်ရှုပ်တယ်လို့ ယူဆကာ တပ်လိုစိတ် မရှိကြပါဘူး။ ကလော့ပ်ကတော့ လူသားတိုင်းက အကြီးကျယ်ဆုံး ရန်သူနဲ့ တိုက်နေရချိန်မှာ စည်းကမ်းရှိဖို့လိုတယ်လို့ ဆိုပြီး အခြေအနေ ရာနှုန်းပြည့် စိတ်ချရတဲ့ အချိန်ထိ mask တပ်ခြင်းက လုပ်ကိုလုပ်ရမယ့် ကိစ္စအဖြစ် အမိန့်ထုတ်ထားတာ ဖြစ်ပါတယ်။

ZAWGYI

ဒီကာလေတြအတြင္း အဂၤလန္မွာ ေဘာလံုးပြဲေတြ ျပန္လည္စတင္ဖို႔ လုပ္ေဆာင္ေနျပီျဖစ္ျပီး အမ်ားျပည္သူဆိုင္ရာ ေနရာေတြလည္း ျပန္လည္ ဖြင့္လွစ္ေနခဲ့ျပီျဖစ္ပါတယ္။

သို႔ေသာ္လည္း ဒါဟာ ကိုရိုနာကပ္ေဘး ျပီးေျမာက္သြားျပီ မဟုတ္သလို ဂရုမစိုက္ အမူမထားတဲ့ အမူအက်င့္ေတြျဖင့္ အမ်ားျပည္သူဆိုင္ရာ ေနရာေတြမွာ သြားလာခြင့္ရွိျပီလို႔ မဆိုလိုပါဘူး။ လူတိုင္းဟာ ရာႏႈန္းျပည့္ လံုျခံဳေရးအတြက္ ဂရုစိုက္မႈေတြ ရွိရမယ္လို႔ ကေလာ့ပ္က ယံုၾကည္ေနပါတယ္။

ဘြန္ဒက္လီဂါမွာေတာ့ ျပိဳင္ပြဲမစခင္ မန္ေနဂ်ာေတြကစလို နည္းျပေတြအထိ စည္းကမ္းေဖာက္ခြင့္ လံုးဝ မေပးဘဲ စည္းကမ္းေဖာက္ရင္ ေဘာလံုးပြဲေတြကို လြဲေခ်ာ္ၾကတဲ့ သာဓကေတြရွိပါတယ္။ ဇြန္လ ၂၀ မွာ ယွဥ္ျပိဳင္ရမယ့္ အဲဗာတန္နဲ႔ပြဲ မတိုင္ခင္မွာ ကေလာ့ပ္ကလည္း အသင္းသားတိုင္းကို အထူး သတိေပးမႈေတြ လုပ္ထားပါတယ္။

ဒီတားျမစ္ခ်က္ဟာ မတ္လ ၁၃ ရက္ေနာက္ပိုင္း ေဘာလံုးပြဲေတြ ရပ္နားထားကတည္းက ကေလာ့ပ္က သတိေပးခ်က္ လုပ္ထားတာလည္းျဖစ္တယ္။ ကစားသမားေတြနဲ႔ အသင္းဝန္ထမ္းေတြဟာ ကိုဗစ္-၁၉ ကို ကာကြယ္ဖို႔ ျပင္ပေတြ ထြက္တဲ့အခါ အနည္းဆံုး မ်က္ႏွာကို mask တပ္ထားရမွာျဖစ္ပါတယ္။

ကေလာ့ပ္က ပံုမွန္ လူေနမႈ ဘဝေတြအျဖစ္ လူတိုင္းဟာ အစားအစာလို ကိစၥေတြ ဓါတ္ဆီဆိုင္သြားရတာေတြ အသံုးအေဆာင္ ဝယ္ရတာေတြလို လူအမ်ားနဲ႔ ထိေတြ႔ရမယ္ ကိစၥေတြ ရွိတာကို နားလည္ပါတယ္။ ဒါေပမယ့္ အဲ့လို လုပ္ငန္းစဥ္ေတြမွာ လီဗာပူးအသင္း ကစားသမားနဲ႔ နည္းျပအဖြဲ႔ဝင္ေတြတိုင္း mask တပ္ကို တပ္ရမယ္လို႔ တားျမစ္ထားတာျဖစ္တယ္။

အဂၤလန္မွာေတာ့ လူအမ်ားအျပားက mask တပ္ရျခင္းကို အလုပ္ရႈပ္တယ္လို႔ ယူဆကာ တပ္လိုစိတ္ မရွိၾကပါဘူး။ ကေလာ့ပ္ကေတာ့ လူသားတိုင္းက အၾကီးက်ယ္ဆံုုး ရန္သူနဲ႔ တိုက္ေနရခ်ိန္မွာ စည္းကမ္းရွိဖို႔လိုတယ္လို႔ ဆိုျပီး အေျခအေန ရာႏႈန္းျပည့္ စိတ္ခ်ရတဲ့ အခ်ိန္ထိ mask တပ္ျခင္းက လုပ္ကိုလုပ္ရမယ့္ ကိစၥအျဖစ္ အမိန္႔ထုတ္ထားတာ ျဖစ္ပါတယ္။