လီဗာပူးအသင်း အပါအဝင် ကလပ်တွေဟာ Project Restart ပြန်လည် စတင်လာပြီးရင် ရုပ်သံလွှင့်ခ ငွေပြန်အမ်းမှုအဖြစ် ပွဲစဉ် ၁ ခုကို ပေါင် ၃၅ သန်းနှုန်း ပြန်သွင်းကြရမှာဖြစ်ပါတယ်။

ဘောလုံးပွဲတွေကို ကွင်းပိတ်ကစားခြင်းကြောင့် နစ်နာကြေးသဘောအဖြစ် ကလပ်တွေက ရုပ်သံကုမ္ပဏီတွေကို ပေါင် ၃၃၀ သန်း ငွေပြန်အမ်းပေးရမှာဖြစ်တယ်။ ဇွန်လ ၁၇ ရက်ကနေ ဇူလိုင်လ ၂၆ ရက်အတွင်း ၆ ပတ်အတွင်း ကစားရမယ့် ပွဲစဉ် ၉၂ ပွဲ အပြီးမှာတော့ အဆိုပါ ပြန်သွင်းငွေတွေအားလုံး အပြီးသတ်ရမှာဖြစ်တယ်။

ရုပ်သံလွှင့်ကြေးတွေကို ခွဲဝေပေးရာမှာ ဝင်ငွေအားလုံးရဲ့ ၅၀% ကို အညီအမျှ ခွဲဝေပေးပြီး ၂၅% ကို ပိုမို ထုတ်လွှင့်ခွင့်ရှိတဲ့ ကလပ်တွေအားလည်းကောင်း၊ ၂၅% ကို အဆင့် ရပ်တည်မှုအရလည်းကောင်း ခွဲဝေပေးတာဖြစ်တယ်။ ဒါကြောင့် စွမ်းဆောင်ရည် အကောင်းဆုံးနဲ့ လိဂ်အဆင့်ရပ်တည်မှု အမြင့်ဆုံး အသင်းက ပြန်သွင်းငွေ အများဆုံးလည်း ဖြစ်လာပါမယ်။

လီဗာပူးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဖြစ်တဲ့အခါ စွမ်းဆောင်ရည် အကောင်းဆုံးအသင်းအဖြစ် အများဆုံးဖြစ်တဲ့ ပေါင် ၂၄.၅ သန်းထိ ရုပ်သံကြေး ပြန်သွင်းရမှာဖြစ်ပြီး အဆင့် ၂၀ က နော်ဝစ်ကတော့ စွမ်းဆောင်ရည် အညံ့ဆုံးဖြစ်လို့ ပေါင် ၇.၁ သန်းကို ပြန်သွင်းရပါမယ်။

လီဗာပူးအသင်းဟာ ရာသီကုန်ထိ ကွင်းပိတ်ကစားရမှုကနေ ပေါင် ၁၂ သန်းကျော် ပြန်လျော်ထားပြီး လာမယ့်ရာသီမှာလည်း ပေါင် ၈၄ သန်းထိ နစ်နာမှာပါ။ ရုပ်သံကြေးတွေကတော့ ပေါင် ၂၄.၅ သန်းကို ဒီနှစ်အတွက် ဆုံးရံှူးမှာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္း အပါအဝင္ ကလပ္ေတြဟာ Project Restart ျပန္လည္ စတင္လာျပီးရင္ ရုပ္သံလႊင့္ခ ေငြျပန္အမ္းမႈအျဖစ္ ပြဲစဥ္ ၁ ခုကို ေပါင္ ၃၅ သန္းႏႈန္း ျပန္သြင္းၾကရမွာျဖစ္ပါတယ္။

ေဘာလံုးပြဲေတြကို ကြင္းပိတ္ကစားျခင္းေၾကာင့္ နစ္နာေၾကးသေဘာအျဖစ္ ကလပ္ေတြက ရုပ္သံကုမၸဏီေတြကို ေပါင္ ၃၃၀ သန္း ေငြျပန္အမ္းေပးရမွာျဖစ္တယ္။ ဇြန္လ ၁၇ ရက္ကေန ဇူလိုင္လ ၂၆ ရက္အတြင္း ၆ ပတ္အတြင္း ကစားရမယ့္ ပြဲစဥ္ ၉၂ ပြဲ အျပီးမွာေတာ့ အဆုိပါ ျပန္သြင္းေငြေတြအားလံုး အျပီးသတ္ရမွာျဖစ္တယ္။

ရုပ္သံလႊင့္ေၾကးေတြကို ခြဲေဝေပးရာမွာ ဝင္ေငြအားလံုးရဲ႕ ၅၀% ကို အညီအမွ် ခြဲေဝေပးျပီး ၂၅% ကို ပိုမို ထုတ္လႊင့္ခြင့္ရွိတဲ့ ကလပ္ေတြအားလည္းေကာင္း၊ ၂၅% ကို အဆင့္ ရပ္တည္မႈအရလည္းေကာင္း ခြဲေဝေပးတာျဖစ္တယ္။ ဒါေၾကာင့္ စြမ္းေဆာင္ရည္ အေကာင္းဆံုးနဲ႔ လိဂ္အဆင့္ရပ္တည္မႈ အျမင့္ဆံုး အသင္းက ျပန္သြင္းေငြ အမ်ားဆံုးလည္း ျဖစ္လာပါမယ္။

လီဗာပူးအသင္းက ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္တဲ့အခါ စြမ္းေဆာင္ရည္ အေကာင္းဆံုးအသင္းအျဖစ္ အမ်ားဆံုးျဖစ္တဲ့ ေပါင္ ၂၄.၅ သန္းထိ ရုပ္သံေၾကး ျပန္သြင္းရမွာျဖစ္ျပီး အဆင့္ ၂၀ က ေနာ္ဝစ္ကေတာ့ စြမ္းေဆာင္ရည္ အညံ့ဆံုးျဖစ္လို႔ ေပါင္ ၇.၁ သန္းကို ျပန္သြင္းရပါမယ္။

လီဗာပူးအသင္းဟာ ရာသီကုန္ထိ ကြင္းပိတ္ကစားရမႈကေန ေပါင္ ၁၂ သန္းေက်ာ္ ျပန္ေလ်ာ္ထားျပီး လာမယ့္ရာသီမွာလည္း ေပါင္ ၈၄ သန္းထိ နစ္နာမွာပါ။ ရုပ္သံေၾကးေတြကေတာ့ ေပါင္ ၂၄.၅ သန္းကို ဒီႏွစ္အတြက္ ဆံုးရံွဴးမွာျဖစ္ပါတယ္။