လီဗာပူးအသင်း ပြန်ကစားမယ့် ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲကတော့ ဇွန်လ ၂၁ ရက် တနင်္ဂနွေနေ့မှာ ကစားမယ့် အဲဗာတန်အသင်းနဲ့ အမှတ်ပေးပွဲဖြစ်ကြောင်း ကလပ်ဘက်က တရားဝင် ကြေညာလိုက်ပါပြီ။

လီဗာပူးအသင်းဟာ မြန်မာစံတော်ချိန် ည(၁၂း၃၀) နာရီမှာတော့ အဲဗာတန်နဲ့ ကစားရမှာဖြစ်ပြီး ရက်နဲ့ အချိန်ကို ကြေညာထားပေမယ့် ဘယ်ကွင်းမှာ ကစားစေမလဲတော့ မကြေညာသေးပါဘူး။ အဲဗာတန်ရဲ့ ဂူဒီဆင်ပါခ်မှာ ကစားရေး အဆင်မပြေရင်တော့ ကြားကွင်းကို ရွှေ့ဆိုင်း ကစားရမှာ ဖြစ်ပါတယ်။

မာဆေးဆိုဒ် ဒါဘီပွဲမတိုင်ခင်မှာ မန်စီးတီးနဲ့ အာဆင်နယ်ပွဲရှိပြီး အဆိုပါပွဲကို မန်စီးတီးက အရေးနိမ့်ရင် ဒါဘီပွဲက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ချန်ပီယံအသင်း ပေါ်ထွက်စေမယ့် ပွဲ ဖြစ်လာစေမှာပါ။ အဲဗာတန်ဘက်က ပစ်ဖိုဒ့်ကတော့ လီဗာပူးကို အနိုင်ယူပြမယ်လို့ ကြွေးကြော်ခဲ့တယ်။

အဲဗာတန်ဂိုးသမား ဂျော်ဒန်ပစ်ဖိုဒ့်က ” ကျနေ်ာတို့က ယှဉ်ပြိုင်ကစားတဲ့ ပွဲတိုင်းကို အနိုင်ယူချင်တဲ့ အသင်းဖြစ်ပါတယ်။ ဒါဘီပွဲဆိုတာကလည်း ပါဝင်ကစားရတဲ့ ကစားသမားတွေအတွက်ကော ပရိသတ်တွေအတွက်ပါ ကြီးကျယ်တဲ့ ပွဲစဉ်တွေ ဖြစ်ပါတယ်။ ကျနေ်ာတို့က အရမ်းကောင်းတဲ့ အသင်းဆိုတာကို ပြသဖို့နဲ့ လီဗာပူးကို အနိုင်ယူဖို့ အခွင့်အရေး ရလာပါပြီ။

လီဗာပူးအသင်းက အသင်းကောင်း တစ်သင်းဆိုတာ ကျနေ်ာတို့ သိပါတယ်။ သူတို့က အမှတ်ပေးဇယားကိုလည်း ဦးဆောင်နေတာပါ။ ကျနေ်ာတို့ ကိုယ်အလုပ်ပဲ ကိုယ် အကောင်းဆုံး လုပ်ပြီး သူတို့ကို အနိုင်ယူလိုပါတယ်။ လီဗာပူးကို အနိုင်ယူနိုင်စွမ်းရှိတဲ့ အရည်အချင်း ကျနေ်ာတို့ အသင်းမှာ ရှိထားတယ်ဆိုတာ နားလည်ပါတယ်။ ကျနေ်ာတို့ ကစားသမားတွေ ကိုယ်တိုင်အတွက်ကော ပရိသတ်တွေအတွက်ပါ လီဗာပူးကို အနိုင်ယူလိုပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

လီဗာပူးအသင္း ျပန္ကစားမယ့္ ပထမဆံုးေသာ ပရီးမီးယားလိဂ္ပြဲကေတာ့ ဇြန္လ ၂၁ ရက္ တနဂၤေႏြေန႔မွာ ကစားမယ့္ အဲဗာတန္အသင္းနဲ႔ အမွတ္ေပးပြဲျဖစ္ေၾကာင္း ကလပ္ဘက္က တရားဝင္ ေၾကညာလိုက္ပါျပီ။

လီဗာပူးအသင္းဟာ ျမန္မာစံေတာ္ခ်ိန္ ည(၁၂း၃၀) နာရီမွာေတာ့ အဲဗာတန္နဲ႔ ကစားရမွာျဖစ္ျပီး ရက္နဲ႔ အခ်ိန္ကို ေၾကညာထားေပမယ့္ ဘယ္ကြင္းမွာ ကစားေစမလဲေတာ့ မေၾကညာေသးပါဘူး။ အဲဗာတန္ရဲ႕ ဂူဒီဆင္ပါခ္မွာ ကစားေရး အဆင္မေျပရင္ေတာ့ ၾကားကြင္းကို ေရႊ႔ဆိုင္း ကစားရမွာ ျဖစ္ပါတယ္။

မာေဆးဆိုဒ္ ဒါဘီပြဲမတိုင္ခင္မွာ မန္စီးတီးနဲ႔ အာဆင္နယ္ပြဲရွိျပီး အဆိုပါပြဲကို မန္စီးတီးက အေရးနိမ့္ရင္ ဒါဘီပြဲက ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ခ်န္ပီယံအသင္း ေပၚထြက္ေစမယ့္ ပြဲ ျဖစ္လာေစမွာပါ။ အဲဗာတန္ဘက္က ပစ္ဖိုဒ့္ကေတာ့ လီဗာပူးကို အႏုိင္ယူျပမယ္လို႔ ေၾကြးေၾကာ္ခဲ့တယ္။

အဲဗာတန္ဂိုးသမား ေဂ်ာ္ဒန္ပစ္ဖိုဒ့္က ” က်ေန္ာတို႔က ယွဥ္ျပိဳင္ကစားတဲ့ ပြဲတိုင္းကို အႏုိင္ယူခ်င္တဲ့ အသင္းျဖစ္ပါတယ္။ ဒါဘီပြဲဆိုတာကလည္း ပါဝင္ကစားရတဲ့ ကစားသမားေတြအတြက္ေကာ ပရိသတ္ေတြအတြက္ပါ ၾကီးက်ယ္တဲ့ ပြဲစဥ္ေတြ ျဖစ္ပါတယ္။ က်ေန္ာတို႔က အရမ္းေကာင္းတဲ့ အသင္းဆိုတာကို ျပသဖို႔နဲ႔ လီဗာပူးကို အႏုိင္ယူဖို႔ အခြင့္အေရး ရလာပါျပီ။

လီဗာပူးအသင္းက အသင္းေကာင္း တစ္သင္းဆိုတာ က်ေန္ာတုိ႔ သိပါတယ္။ သူတို႔က အမွတ္ေပးဇယားကိုလည္း ဦးေဆာင္ေနတာပါ။ က်ေန္ာတို႔ ကိုယ္အလုပ္ပဲ ကိုယ္ အေကာင္းဆံုး လုပ္ျပီး သူတို႔ကို အႏုိင္ယူလိုပါတယ္။ လီဗာပူးကို အႏုိင္ယူႏုိင္စြမ္းရွိတဲ့ အရည္အခ်င္း က်ေန္ာတို႔ အသင္းမွာ ရွိထားတယ္ဆိုတာ နားလည္ပါတယ္။ က်ေန္ာတို႔ ကစားသမားေတြ ကိုယ္တိုင္အတြက္ေကာ ပရိသတ္ေတြအတြက္ပါ လီဗာပူးကို အႏုိင္ယူလိုပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။