ကိုရိုနာ ကပ်ဘေးကြောင့် ဝင်ငွေ ဆုံးရံှူးမှုမှာ လီဗာပူးအသင်းဟာ မျှော်လင့်ထားတာထက် ပိုမို ဆုံးရံှူးမှုအဖြစ် အပြောင်းအရွှေ့ထဲ လုံးဝ မဝင်ရင်တောင် ပေါင် သန်း ၂၀၀ ထိ အရံှူးပေါ်နိုင်တယ်လို့ သိရပါတယ်။
မတ်လ ၁၃ ရက်နောက်ပိုင်း ၉၆ ရက်ကြာ ရပ်နားထားတဲ့ ပရီးမီးယားလိဂ်ပွဲတွေက ဇွန်လ ၁၇ ရက်နေ့မှာ ပြန်လည် စတင်သွားမှာပါ။ ပရီးမီးယားလိဂ် ပြန်လည် စတင်တဲ့အခါမှာ လက်ကျန် အမှတ်ပေးပွဲ ၉၂ ပွဲရဲ့ ထက်ဝက်ခန့်ကို အခကြေးဖြင့် မဟုတ်ဘဲ အခမဲ့ ထုတ်လွှင့်ရမှာဖြစ်လို့ ပရီးမီးယားလိဂ် ကလပ်တွေက ရုပ်သံလွှင့်ခ ပေါင် သန်း ၃၃၀ ကို ပြန်သွင်းသွားရမှာဖြစ်ပါတယ်။
သတင်းထောက် David Maddock က လီဗာပူးအသင်းဟာ နောက်နှစ် ဘဏ္ဍာရေးနှစ်မှာတော့ အနည်းဆုံး ပေါင် ၇၀ သန်းကနေ ပေါင် သန်း ၂၀၀ ကြား နစ်နာမယ်လို့ ထုတ်ဖော်ခဲ့တယ်။ သူပြောတဲ့ နောက်နှစ် ဘဏ္ဍာရေးနှစ်ဆိုတာက ၂၀၂၀ အတွက် ထုတ်ဖော်ကြေညာမယ့် နောက်နှစ် ဝင်ငွေ ကြေညာချိန်ကို ဆိုလိုတာ ဖြစ်ပါတယ်။
မထင်မှတ်ထားတဲ့ ဆုံးရံှူးမှုအဖြစ် ရုပ်သံလွှင့်ခ ပေါင် သန်း ၃၃၀ သန်းကို ပြန်လည် ပေးသွင်းရာမှာ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးက အဆင့်ရပ်တည်ချက် အမြင့်ဆုံးဖြစ်လို့ ပြန်သွင်းငွေ အများဆုံး ဖြစ်လာရတာပါ။ လီဗာပူး ပြန်သွင်းရမယ့် ရုပ်သံကြေးတွေကတော့ လက်ကျန် ရာသီအတွက်တင်ကို ပေါင် ၂၄.၅ သန်း ဆုံးရံှူးမှာဖြစ်ပါတယ်။
နောက်ထပ် အဓိက ဆုံးရံှူးမှာက ပွဲနေ့ ဝင်ငွေဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘောလုံးရာသီကိုလည်း ပရိသတ်တွေ ဝင်ခွင့်မပါပဲ ကစားရရင် သန်း ၈၀-၁၀၀ ဝန်းကျင်ထိ ဆုံးရံှူးပါလိမ့်မယ်။ အရင် သတင်းတွေမှာ ပြောခဲ့သလိုပဲ လက်တလောမှာ လီဗာပူးက အရံှူးပမာဏ ဘယ်လောက်များမလဲဆိုတာကို သိရဖို့ ရာသီကုန်ထိ စောင့်ဆိုင့်မှာဖြစ်တယ်။ ဒီအတောအတွင်း လာမယ့်ရာသီ ပေးရမယ့် လုပ်ခ ပေါင် သန်း ၃၁၀ ကိစ္စကိုပဲ အရင်ဆုံး အဖြေရှာမှာဖြစ်ပါတယ်။
ရာသီသစ် ပြန်လည်စတင်လို့ စက်တင်ဘာလောက်မှာ ပရိသတ်တွေ ပြန်ဝင်ခွင့်ရရင်ကို ဒီရာသီ သက်ရောက်မှုကြောင့် နှစ်ကုန် စာရင်းရှင်းတမ်းမှာ ပေါင် သန်း ၇၀ အနည်းဆုံး ဆုံးရံှူးလိမ့်မယ်လို့ David Maddock က သတင်းပေးခဲ့ပါတယ်။
ZAWGYI
ကိုရိုနာ ကပ်ဘေးကြောင့် ဝင်ငွေ ဆုံးရှူံးမှုမှာ လီဗာပူးအသင်းဟာ မျှော်လင့်ထားတာထက် ပိုမို ဆုံးရှူံးမှုအဖြစ် အပြောင်းအရွှေ့ထဲ လုံးဝ မဝင်ရင်တောင် ပေါင် သန်း ၂၀၀ ထိ အရှူံးပေါ်နိုင်တယ်လို့ သိရပါတယ်။
မထင်မှတ်ထားတဲ့ ဆုံးရှူံးမှုအဖြစ် ရုပ်သံလွှင့်ခ ပေါင် သန်း ၃၃၀ သန်းကို ပြန်လည် ပေးသွင်းရာမှာ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေတဲ့ လီဗာပူးက အဆင့်ရပ်တည်ချက် အမြင့်ဆုံးဖြစ်လို့ ပြန်သွင်းငွေ အများဆုံး ဖြစ်လာရတာပါ။ လီဗာပူး ပြန်သွင်းရမယ့် ရုပ်သံကြေးတွေကတော့ လက်ကျန် ရာသီအတွက်တင်ကို ပေါင် ၂၄.၅ သန်း ဆုံးရှူံးမှာဖြစ်ပါတယ်။
ရာသီသစ် ပြန်လည်စတင်လို့ စက်တင်ဘာလောက်မှာ ပရိသတ်တွေ ပြန်ဝင်ခွင့်ရရင်ကို ဒီရာသီ သက်ရောက်မှုကြောင့် နှစ်ကုန် စာရင်းရှင်းတမ်းမှာ ပေါင် သန်း ၇၀ အနည်းဆုံး ဆုံးရှူံးလိမ့်မယ်လို့ David Maddock က သတင်းပေးခဲ့ပါတယ်။