လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ပွဲတွေ ပြန်မစခင်မှာ ချစ်ကြည်ရေးပွဲ တစ်ပွဲ ကစားဖို့ကို စဉ်းစားလာပြီး စတင် လှုပ်ရှားနေတယ်လို့ သိရပါတယ်။

လီဗာပူးအခြေစိုက် သတင်းဌာနက ဖော်ပြမှုမှာတော့ ဇွန် ၂၁ မှာ အဲဗာတန်နဲ့ ကစားရမှာဖြစ်ကြောင်းနဲ့ ဇွန် ၂၄ မှာ ပဲလေစ့်အသင်းနဲ့ ကစားရမယ်ဆိုတာကို သိရှိတဲ့နောက် ချစ်ကြည်ရေးပွဲကိစ္စ စဉ်းစားလာတာလို့ သိရတယ်။ အရေးပါတဲ့ ပွဲစဉ် ၂ ပွဲက ရက်သိပ်မကွားပဲ ကစားရမှာဖြစ်လို ကြံ့ခိုင်မှုပိုင်း အမြင့်ဆုံး ရောက်နေဖို့ ချစ်ကြည်ရေးပွဲကိစ္စကို စီစဉ်လာခြင်းဖြစ်တယ်။

မတ်လ ၁၁ ရက်မှာ ချန်ပီယံလိဂ်ပွဲ ကစားပြီး ၂ ရက်အကြာမှပဲ ပရီးမီးယားလိဂ် ရပ်နားသွားခဲ့လို့ လီဗာပူးအသင်း ဘောလုံးပွဲတွေ မကစားရတာ သုံးလဝန်းကျင် ရှိလာခဲ့ပြီဖြစ်ပါတယ်။ ကစားသမားတွေရဲ့ ကြံ့ခိုင်ရေးကို ဆက်လက် လုပ်ဆောင်နေသလို အန်ဖီးမှာ နှစ်သင်းခွဲကန်မှုတွေ လုပ်ထားပေမယ့် တကယ့် စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ ပွဲတစ်ပွဲလောက် လိုနေတယ်လို့ လီဗာပူးဘက်က မြင်ပါတယ်။

ပရီးမီးယားလိဂ်ဘက်ကတော့ ခြေစမ်းပွဲ ကစားဖို့ ကလပ်တွေကို ခွင့်ပြုပေးထားတယ်။ အဆိုပါ ပွဲမှာတော့ ကွင်းလယ်ဒိုင်တွေ ပါဝင်ခွင့်ရမှာ မဟုတ်သလို ကစားသမားတွေက ယှဉ်ပြိုင်မယ့်ကွင်းထဲ ကိုယ်တိုင် ကားမောင်းသွားရမှာဖြစ်တယ်။ ယှဉ်ပြိုင်မယ့် အသင်းက သက်ဆိုင်ရာ အခြေစိုက် ကလပ်နဲ့ ခရီးအကွာအဝေး ဘယ်လောက်မှာ ရှိရမယ်ဆိုတာကိုလည်း ကန့်သတ်ထားပါတယ်။

ကစားပွဲမတိုင်ခင် ယှဉ်ပြိုင်မယ့်ကွင်းက သက်ဆိုင်ရာ ကန့်သတ်ချက်တွေ ကိုက်ညီလားဆိုတာကိုလည်း စစ်ဆေးခံရမှာဖြစ်တယ်။ ပရီးမီးယားလိဂ် အသင်းတွေထဲမှာ လက်စတာအသင်းကတော့ ချစ်ကြည်ရေးပွဲကို အတည်ပြု ကြေညာထားပြီ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ပြဲေတြ ျပန္မစခင္မွာ ခ်စ္ၾကည္ေရးပြဲ တစ္ပြဲ ကစားဖို႔ကို စဥ္းစားလာျပီး စတင္ လႈပ္ရွားေနတယ္လို႔ သိရပါတယ္။

လီဗာပူးအေျခစိုက္ သတင္းဌာနက ေဖာ္ျပမႈမွာေတာ့ ဇြန္ ၂၁ မွာ အဲဗာတန္နဲ႔ ကစားရမွာျဖစ္ေၾကာင္းနဲ႔ ဇြန္ ၂၄ မွာ ပဲေလစ့္အသင္းနဲ႔ ကစားရမယ္ဆိုတာကို သိရွိတဲ့ေနာက္ ခ်စ္ၾကည္ေရးပြဲကိစၥ စဥ္းစားလာတာလို႔ သိရတယ္။ အေရးပါတဲ့ ပြဲစဥ္ ၂ ပြဲက ရက္သိပ္မကြားပဲ ကစားရမွာျဖစ္လို ၾကံ႕ခိုင္မႈပိုင္း အျမင့္ဆံုး ေရာက္ေနဖို႔ ခ်စ္ၾကည္ေရးပြဲကိစၥကို စီစဥ္လာျခင္းျဖစ္တယ္။

မတ္လ ၁၁ ရက္မွာ ခ်န္ပီယံလိဂ္ပြဲ ကစားျပီး ၂ ရက္အၾကာမွပဲ ပရီးမီးယားလိဂ္ ရပ္နားသြားခဲ့လို႔ လီဗာပူးအသင္း ေဘာလံုးပြဲေတြ မကစားရတာ သံုးလဝန္းက်င္ ရွိလာခဲ့ျပီျဖစ္ပါတယ္။ ကစားသမားေတြရဲ႕ ၾကံ႕ခိုင္ေရးကို ဆက္လက္ လုပ္ေဆာင္ေနသလို အန္ဖီးမွာ ႏွစ္သင္းခြဲကန္မႈေတြ လုပ္ထားေပမယ့္ တကယ့္ စိန္ေခၚမႈကို ရင္ဆုိင္ဖို႔ ပြဲတစ္ပြဲေလာက္ လိုေနတယ္လုိ႔ လီဗာပူးဘက္က ျမင္ပါတယ္။

ပရီးမီးယားလိဂ္ဘက္ကေတာ့ ေျခစမ္းပြဲ ကစားဖို႔ ကလပ္ေတြကို ခြင့္ျပဳေပးထားတယ္။ အဆိုပါ ပြဲမွာေတာ့ ကြင္းလယ္ဒိုင္ေတြ ပါဝင္ခြင့္ရမွာ မဟုတ္သလို ကစားသမားေတြက ယွဥ္ျပိဳင္မယ့္ကြင္းထဲ ကိုယ္တုိင္ ကားေမာင္းသြားရမွာျဖစ္တယ္။ ယွဥ္ျပိဳင္မယ့္ အသင္းက သက္ဆုိင္ရာ အေျခစိုက္ ကလပ္နဲ႔ ခရီးအကြာအေဝး ဘယ္ေလာက္မွာ ရွိရမယ္ဆိုတာကိုလည္း ကန္႔သတ္ထားပါတယ္။

ကစားပြဲမတိုင္ခင္ ယွဥ္ျပိဳင္မယ့္ကြင္းက သက္ဆိုင္ရာ ကန္႔သတ္ခ်က္ေတြ ကိုက္ညီလားဆိုတာကိုလည္း စစ္ေဆးခံရမွာျဖစ္တယ္။ ပရီးမီးယားလိဂ္ အသင္းေတြထဲမွာ လက္စတာအသင္းကေတာ့ ခ်စ္ၾကည္ေရးပြဲကို အတည္ျပဳ ေၾကညာထားျပီ ျဖစ္ပါတယ္။