မာဆေးဆိုဒ် ဒါဘီပွဲမတိုင်ခင်မှာ မန်စီးတီးနဲ့ အာဆင်နယ်ပွဲရှိပြီး အဆိုပါပွဲကို မန်စီးတီးက အရေးနိမ့်ရင် ဒါဘီပွဲက ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ ချန်ပီယံအသင်း ပေါ်ထွက်စေမယ့် ပွဲ ဖြစ်လာစေမှာပါ။ အဲဗာတန်ဘက်က ပစ်ဖိုဒ့်ကတော့ လီဗာပူးကို အနိုင်ယူပြမယ်လို့ ကြွေးကြော်ခဲ့တယ်။

လီဗာပူးပရိသတ်တွေရဲ့ တိုက်စစ်မှူးသစ် လိုချင်လွန်းတဲ့ ဆန္ဒဟာ ဖာမင်နိုကို သူ့ရဲ့ အနာဂတ်အတွက် ပြန်လည် စဉ်းစားဖို့ တွန်းအားတစ်ခု ဖြစ်စေနိုင်ကြောင်း လီဗာပူးအခြေစိုက် သတင်းက ဖော်ထုတ် ရေးသားသွားခဲ့တယ်။

လီဗာပူးအသင်းဟာ လာမယ့် ၁၂ လ အတွင်းမှာ ကစားသမားသစ် ခေါ်ယူရေး ကိစ္စတွေကို ရပ်တန့်ထားရုံတင် မဟုတ်ဘဲ အခါအခွင့်သင့်ရင် ကစားသမား ရောင်းထုတ်မှုတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာဟောင်း ဂျရတ် ဟူးလီယာက အသင်း ဆုဖလားတွေ ပြန်လည် ကိုင်မြောက်နေတာကို ကျေနပ်နေပြီး လီဗာပူးရဲ့ အသွေးအသားမှာ အရိုးစွဲနေတဲ့ ကိစ္စကိုယ်က ဆုဖလား ကိုင်မြောက်ဖို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဒီတစ်ပတ် ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ အစည်းအဝေးမှာ ရုပ်သံလွှင့် အစီအစဉ်တွေ တိုးမြှင့်သွားမယ့် အဆိုပြုချက်ကို ဆန္ဒမဲများ ကောက်ခံခဲ့ရာ လီဗာပူး တစ်သင်းတည်းကသာ ကန့်ကွက်မဲတင်ခဲ့ပြီး ကျန်တဲ့ ၁၉ သင်းက မငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။

တီမိုဝါနာဟာ ချယ်ဆီးအသင်းထံ ပြောင်းခဲ့ပြီးရင် သူ့ကို မခေါ်ယူတဲ့ လီဗာပူးအသင်း နောင်တရစေဖို့ အစွမ်းကုန် ကြိုးစားပြလိမ့်မယ်လို့ ရပ်နက်က သုံးသပ်သွားပါတယ်။

ဘွန်ကီဒိုင်တွေကတော့ ပရီးမီးယားလိဂ် ပြန်လည် စတင်လာခဲ့ရင် ရွှေဖိနပ်ဆုကို အပြိုင်လုမယ့် ဆာလက်နဲ့ အဂွယ်ရိုတို့ရဲ့ သွင်းဂိုးတွေ အများကြီး မြင်ရမယ်လို့ ခန့်မှန်းလိုက်ပါတယ်။

ကိုရိုနာ ကပ်ဘေးကြောင့် ဝင်ငွေ ဆုံးရံှူးမှုမှာ လီဗာပူးအသင်းဟာ မျှော်လင့်ထားတာထက် ပိုမို ဆုံးရံှူးမှုအဖြစ် အပြောင်းအရွှေ့ထဲ လုံးဝ မဝင်ရင်တောင် ပေါင် သန်း ၂၀၀ ထိ အရံှူးပေါ်နိုင်ပါတယ်။

လီဗာပူးမန်နေဂျာ ကလော့ပ်က အသင်းအောင်မြင်လာသလို ကစားသမားတွေရဲ့ တစ်ဦးချင်းတွေမှာ အောင်မြင်လာပေမယ့် လီဗာပူးအသင်းကတော့ အရင်လို စည်းကမ်းရှိရှိ ညီညွှတ်နေဦးမှာပါလို့ ဆိုလာပါတယ်။

ZAWGYI

မာေဆးဆိုဒ္ ဒါဘီပြဲမတိုင္ခင္မွာ မန္စီးတီးနဲ႔ အာဆင္နယ္ပြဲရွိျပီး အဆိုပါပြဲကို မန္စီးတီးက အေရးနိမ့္ရင္ ဒါဘီပြဲက ၂၀၁၉-၂၀၂၀ ေဘာလံုးရာသီ ခ်န္ပီယံအသင္း ေပၚထြက္ေစမယ့္ ပြဲ ျဖစ္လာေစမွာပါ။ အဲဗာတန္ဘက္က ပစ္ဖိုဒ့္ကေတာ့ လီဗာပူးကို အႏုိင္ယူျပမယ္လို႔ ေၾကြးေၾကာ္ခဲ့တယ္။

လီဗာပူးပရိသတ္ေတြရဲ႕ တိုက္စစ္မွဴးသစ္ လိုခ်င္လြန္းတဲ့ ဆနၵဟာ ဖာမင္ႏိုကို သူ႔ရဲ႕ အနာဂတ္အတြက္ ျပန္လည္ စဥ္းစားဖို႔ တြန္းအားတစ္ခု ျဖစ္ေစႏုိင္ေၾကာင္း လီဗာပူးအေျခစိုက္ သတင္းက ေဖာ္ထုတ္ ေရးသားသြားခဲ့တယ္။

လီဗာပူးအသင္းဟာ လာမယ့္ ၁၂ လ အတြင္းမွာ ကစားသမားသစ္ ေခၚယူေရး ကိစၥေတြကို ရပ္တန္႔ထားရံုတင္ မဟုတ္ဘဲ အခါအခြင့္သင့္ရင္ ကစားသမား ေရာင္းထုတ္မႈေတြကို ျပဳလုပ္သြားမွာျဖစ္ပါတယ္။

လီဗာပူးမန္ေနဂ်ာေဟာင္း ဂ်ရတ္ ဟူးလီယာက အသင္း ဆုဖလားေတြ ျပန္လည္ ကိုင္ေျမာက္ေနတာကို ေက်နပ္ေနျပီး လီဗာပူးရဲ႕ အေသြးအသားမွာ အရိုးစြဲေနတဲ့ ကိစၥကိုယ္က ဆုဖလား ကိုင္ေျမာက္ဖို႔ျဖစ္တယ္လို႔ ေျပာဆိုပါတယ္။

ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြရဲ႕ အစည္းအေ၀းမွာ ရုပ္သံလႊင့္ အစီအစဥ္ေတြ တိုးျမွင့္သြားမယ့္ အဆိုျပဳခ်က္ကို ဆႏၵမဲမ်ား ေကာက္ခံခဲ့ရာ လီဗာပူး တစ္သင္းတည္းကသာ ကန္႔ကြက္မဲတင္ခဲ့ျပီး က်န္တဲ့ ၁၉ သင္းက မျငင္းပယ္ခဲ့ေၾကာင္း သိရပါတယ္။

တီမိုဝါနာဟာ ခ်ယ္ဆီးအသင္းထံ ေျပာင္းခဲ့ျပီးရင္ သူ႔ကို မေခၚယူတဲ့ လီဗာပူးအသင္း ေနာင္တရေစဖို႔ အစြမ္းကုန္ ၾကိဳးစားျပလိမ့္မယ္လို႔ ရပ္နက္က သံုးသပ္သြားပါတယ္။

ဘြန္ကီဒိုင္ေတြကေတာ့ ပရီးမီးယားလိဂ္ ျပန္လည္ စတင္လာခဲ့ရင္ ေရႊဖိနပ္ဆုကို အျပိဳင္လုမယ့္ ဆာလက္နဲ႔ အဂြယ္ရိုတို႔ရဲ႕ သြင္းဂိုးေတြ အမ်ားၾကီး ျမင္ရမယ္လို႔ ခန္႔မွန္းလိုက္ပါတယ္။

ကိုရိုနာ ကပ္ေဘးေၾကာင့္ ဝင္ေငြ ဆံုးရံွဴးမႈမွာ လီဗာပူးအသင္းဟာ ေမွ်ာ္လင့္ထားတာထက္ ပိုမို ဆံုးရံွဴးမႈအျဖစ္ အေျပာင္းအေရႊ႔ထဲ လံုးဝ မဝင္ရင္ေတာင္ ေပါင္ သန္း ၂၀၀ ထိ အရံွဴးေပၚႏုိင္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ကေလာ့ပ္က အသင္းေအာင္ျမင္လာသလို ကစားသမားေတြရဲ႕ တစ္ဦးခ်င္းေတြမွာ ေအာင္ျမင္လာေပမယ့္ လီဗာပူးအသင္းကေတာ့ အရင္လို စည္းကမ္းရွိရွိ ညီညႊတ္ေနဦးမွာပါလို႔ ဆိုလာပါတယ္။