ကုန်ခဲ့တဲ့ ဆယ်စုနှစ်က လီဗာပူးမန်နေဂျာ ရာဖေး ဘင်နီတက်စ်လက်ထက် လီဗာပူးအသင်းဟာ ၂၀၁၀ ခုနှစ်မှာ သူ့ရဲ့ နောက်ဆုံးပွဲကို ကိုင်တွယ်ခဲ့ပါတယ်။

လီဗာပူးအခြေစိုက် သတင်းဌာနက ဇွန် ၂၁ ရက်နေ့ အဲဗာတန်နဲ့ လီဗာပူးပွဲ မတိုင်ခင် အရင် ဆယ်စုနှစ်က ဘင်နီတက်စ်လက်အောက် ပွဲထွက်ခွင့်ရခဲ့တဲ့ နောက်ဆုံးသော ပွဲထွက်ကစားသမား ၁၁ ဦးဟာ အခုချိန်မှာ ဘာတွေဖြစ်နေကြသလဲဆိုတာကို ရှာဖွေ ဖော်ထုတ်မှုတစ်ခု လုပ်ပေးသွားခဲ့ပါတယ်။

Pepe Reina

စပိန်ဂိုးသမားဟာ ၂၀၁၄ ခုနှစ်ထိ လီဗာပူးမှာ ဆက်ကစားခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ထွက်ခွာခဲ့တယ်။ အဲ့ကနေ နာပိုလီကို ပြောင်းခဲ့ကာ နောက်ပိုင်းမှာ မီလန်ကို ရောက်ခဲ့ပါတယ်။ အသက် ၃၇ နှစ် ရှိပြီဖြစ်တဲ့ ဂိုးသမားကြီးဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် အငှား ကစားပေးနေပါတယ်။

Javier Mascherano

ဘာစီလိုနာကို ပြောင်းရွှေ့ပြီး ၈ နှစ်ကြာ ကစားခဲ့တဲ့ မာရှေးယာနိုကတော့ တရုတ်ကလပ်မှာ နှစ်ရာသီ ထပ်ကစားခဲ့ကာ လက်ရှိမှာ အာဂျင်တီးနားက ဇာတိကို ပြန်သွားခဲ့ပါပြီ။

Jamie Carragher

ကစားသမားဘဝ တစ်လျှောက်လုံး ကလပ် တစ်သင်းတည်း ကစားခဲ့တဲ့ ကာရေဂါက ၂၀၁၃ မှာ ကစားသမားဘဝ အနားယူခဲ့ပါတယ်။ ဘင်နီတက်စ်ရဲ့ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့တဲ့ ကာရေဂါဟာ လက်ရှိမှာ စကိုင်းစပေါ့အတွက် အားကစားသုံးသပ်သူအဖြစ် အလုပ်လုပ်နေပါတယ်။

Sotirios Kyrgiakos

ဂရိခံစစ်မှူးက အရမ်း နာမည်မကြီးလှပေမယ့် ကစားခွင့်တွေ ရခဲ့ပါသေးတယ်။ လက်ရှိမှာ အသက် ၄၀ အရွယ်ရှိနေပြီဖြစ်ပြီး အတော်များများသော ပရိသတ်တွေက သူ့ရဲ့ ခြေစွမ်းထက် သူ့ရဲ့ ဆံပင်ရှည်တွေကိုပဲ ပိုမှတ်မိပါလိမ့်မယ်။

Daniel Agger

သွေးဆူတတ်တဲ့ ခံစစ်မှူးဟောင်းဟာ မန်နေဂျာရော်ဂျာလက်ထက်မှာ ဇာတိမြေကို ပြန်သွားခဲ့ပါတယ်။ အဲ့သည်မှာ နှစ်ရာသီ ဆက်ကစားခဲ့ပြီး လက်ရှိမှာ စပိန်က မာဘယ်လာမှာအခြေချနေပါတယ်။ သူဟာ တက်တူးပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

Alberto Aquilani

လီဗာပူးပရိသတ်တွေရဲ့ မျှော်လင့်ချက် ကစားသမားဟောင်းကြီးက သူထွက်ခွာသွားတဲ့ ၂၀၁၂ ထိ အခွင့်အရေးကောင်းတွေ မရခဲ့ပါဘူး။ ၂၀၁၉ ခုနှစ်တုန်းကပဲ ကစားသမားဘဝ အနားယူကြောင်း ကြေညာသွားခဲ့ပါတယ်။

Lucas Leiva

ဘင်နီတက်စ်ရဲ့ နောက်ဆုံးလူစာရင်းမှာ အခုချိန်ထိ အဆင့်မြင့်တန်းတွေမှာ ကျင်လယ်နေသူပါ။ အသက် ၃၂ နှစ် ရှိပြီဖြစ်ပြီး လာဇီယိုအသင်း စီးရီးအေဖလား စိန်ခေါ်နေမှုမှာ အဓိကကျတဲ့ အသင်းသားဖြစ်တယ်။ ၂၀၁၇ ခုနှစ်မှာ လီဗာပူးကနေ ထွက်ခွာပြီးနောက် အသင်းဟောင်းပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ နှစ်ရာသီဆက် လာဇီယို အကောင်းဆုံး ကစားသမားဆု ရထားပါတယ်။

Steven Gerrard

လီဗာပူးရဲ့ အချစ်တော်ကြီးက လီဗာပူးကနေ အန်အေ ဂလက်စီအသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ၂ ရာသီ ကစားခဲ့တယ်။ ၂၀၁၈ မှာတော့ ရိန်းဂျားအသင်းကို ကိုင်တွယ်မှုနဲ့အတူ မန်နေဂျာလောကထဲ စဝင်လာခဲ့ပြီး အခုချိန်ထိ နည်းပြနေဆဲပါ။

Ryan Babel

၂၀၁၁ မှာ ဟော့ဖန်ဟိမ်းကို ပြောင်းခဲ့ပြီး အဲ့နောက်ပိုင်းမှာ အသင်းစုံ ပြောင်းကစားခဲ့တယ်။ မနှစ်တုန်းက ဖူလ်ဟမ်နဲ့အတူ လီဗာပူးဘက်ကို ဂိုးသွင်းယူခဲ့ပြီး လက်ရှိမှာ ဂါလာတာစရေးနဲ့ စာချုပ် ရှိထားပါတယ်။

Dirk Kuyt

ကြိးစားလွန်းတဲ့ တိုက်စစ်သမားဟာ ၂၀၁၇ မှာတည်းက ဖီယင်နုမှာပဲ ကစားသမားဘဝ အနားယူခဲ့ပါတယ်။ သူဟာ လာမယ့်ရာသီကစလို့ မန်နေဂျာလောကထဲ ဝင်ရောက်လာမယ်လို့ နာမည်ကြီးနေပါတယ်။

Nabil El Zhar

မိုရိုကို တောင်ပံသမားဟာ အလားအလာကောင်းတွေ အများကြီး ရှိပေမယ့် မပြသနိုင်ဘဲ ၂၀၁၁ မှာ လီဗန်တေးကို ရောင်းထုတ် ခံခဲ့ရတယ်။ မနှစ်ကထိ စပိန်မှာ ကစားခဲ့ပေမယ့် နာမည်ကျော်တစ်ဦးတော့ ဖြစ်မလာခဲ့ပါဘူး။

ZAWGYI

ကုန္ခဲ့တဲ့ ဆယ္စုႏွစ္က လီဗာပူးမန္ေနဂ်ာ ရာေဖး ဘင္နီတက္စ္လက္ထက္ လီဗာပူးအသင္းဟာ ၂၀၁၀ ခုႏွစ္မွာ သူ႔ရဲ႕ ေနာက္ဆံုးပြဲကို ကိုင္တြယ္ခဲ့ပါတယ္။

လီဗာပူးအေျခစိုက္ သတင္းဌာနက ဇြန္ ၂၁ ရက္ေန႔ အဲဗာတန္နဲ႔ လီဗာပူးပြဲ မတိုင္ခင္ အရင္ ဆယ္စုႏွစ္က ဘင္နီတက္စ္လက္ေအာက္ ပြဲထြက္ခြင့္ရခဲ့တဲ့ ေနာက္ဆံုးေသာ ပြဲထြက္ကစားသမား ၁၁ ဦးဟာ အခုခ်ိန္မွာ ဘာေတြျဖစ္ေနၾကသလဲဆိုတာကို ရွာေဖြ ေဖာ္ထုတ္မႈတစ္ခု လုပ္ေပးသြားခဲ့ပါတယ္။

Pepe Reina

စပိန္ဂိုးသမားဟာ ၂၀၁၄ ခုႏွစ္ထိ လီဗာပူးမွာ ဆက္ကစားခဲ့ျပီး ဘိုင္ယန္ျမဴးနစ္ကို ထြက္ခြာခဲ့တယ္။ အဲ့ကေန နာပိုလီကို ေျပာင္းခဲ့ကာ ေနာက္ပိုင္းမွာ မီလန္ကို ေရာက္ခဲ့ပါတယ္။ အသက္ ၃၇ ႏွစ္ ရွိျပီျဖစ္တဲ့ ဂိုးသမားၾကီးဟာ ဒီရာသီမွာ အက္စတြန္ဗီလာအသင္းအတြက္ အငွား ကစားေပးေနပါတယ္။

Javier Mascherano

ဘာစီလိုနာကို ေျပာင္းေရႊ႔ျပီး ၈ ႏွစ္ၾကာ ကစားခဲ့တဲ့ မာေရွးယာႏိုကေတာ့ တရုတ္ကလပ္မွာ ႏွစ္ရာသီ ထပ္ကစားခဲ့ကာ လက္ရွိမွာ အာဂ်င္တီးနားက ဇာတိကို ျပန္သြားခဲ့ပါျပီ။

Jamie Carragher

ကစားသမားဘဝ တစ္ေလွ်ာက္လံုး ကလပ္ တစ္သင္းတည္း ကစားခဲ့တဲ့ ကာေရဂါက ၂၀၁၃ မွာ ကစားသမားဘဝ အနားယူခဲ့ပါတယ္။ ဘင္နီတက္စ္ရဲ႕ အေရးပါတဲ့ ကစားသမားျဖစ္ခဲ့တဲ့ ကာေရဂါဟာ လက္ရွိမွာ စကိုင္းစေပါ့့အတြက္ အားကစားသံုးသပ္သူအျဖစ္ အလုပ္လုပ္ေနပါတယ္။

Sotirios Kyrgiakos

ဂရိခံစစ္မွဴးက အရမ္း နာမည္မၾကီးလွေပမယ့္ ကစားခြင့္ေတြ ရခဲ့ပါေသးတယ္။ လက္ရွိမွာ အသက္ ၄၀ အရြယ္ရွိေနျပီျဖစ္ျပီး အေတာ္မ်ားမ်ားေသာ ပရိသတ္ေတြက သူ႔ရဲ႕ ေျခစြမ္းထက္ သူ႔ရဲ႕ ဆံပင္ရွည္ေတြကိုပဲ ပိုမွတ္မိပါလိမ့္မယ္။

Daniel Agger

ေသြးဆူတတ္တဲ့ ခံစစ္မွဴးေဟာင္းဟာ မန္ေနဂ်ာေရာ္ဂ်ာလက္ထက္မွာ ဇာတိေျမကို ျပန္သြားခဲ့ပါတယ္။ အဲ့သည္မွာ ႏွစ္ရာသီ ဆက္ကစားခဲ့ျပီး လက္ရွိမွာ စပိန္က မာဘယ္လာမွာအေျခခ်ေနပါတယ္။ သူဟာ တက္တူးပညာရွင္တစ္ဦးလည္း ျဖစ္ပါတယ္။

Alberto Aquilani

လီဗာပူးပရိသတ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ ကစားသမားေဟာင္းၾကီးက သူထြက္ခြာသြားတဲ့ ၂၀၁၂ ထိ အခြင့္အေရးေကာင္းေတြ မရခဲ့ပါဘူး။ ၂၀၁၉ ခုႏွစ္တုန္းကပဲ ကစားသမားဘဝ အနားယူေၾကာင္း ေၾကညာသြားခဲ့ပါတယ္။

Lucas Leiva

ဘင္နီတက္စ္ရဲ႕ ေနာက္ဆံုးလူစာရင္းမွာ အခုခ်ိန္ထိ အဆင့္ျမင့္တန္းေတြမွာ က်င္လယ္ေနသူပါ။ အသက္ ၃၂ ႏွစ္ ရွိျပီျဖစ္ျပီး လာဇီယိုအသင္း စီးရီးေအဖလား စိန္ေခၚေနမႈမွာ အဓိကက်တဲ့ အသင္းသားျဖစ္တယ္။ ၂၀၁၇ ခုႏွစ္မွာ လီဗာပူးကေန ထြက္ခြာျပီးေနာက္ အသင္းေဟာင္းပရိသတ္ေတြရဲ႕ အားေပးမႈနဲ႔အတူ ႏွစ္ရာသီဆက္ လာဇီယို အေကာင္းဆံုး ကစားသမားဆု ရထားပါတယ္။

Steven Gerrard

လီဗာပူးရဲ႕ အခ်စ္ေတာ္ၾကီးက လီဗာပူးကေန အန္ေအ ဂလက္စီအသင္းထံ ေျပာင္းေရႊ႔ခဲ့ျပီး ၂ ရာသီ ကစားခဲ့တယ္။ ၂၀၁၈ မွာေတာ့ ရိန္းဂ်ားအသင္းကို ကိုင္တြယ္မႈနဲ႔အတူ မန္ေနဂ်ာေလာကထဲ စဝင္လာခဲ့ျပီး အခုခ်ိန္ထိ နည္းျပေနဆဲပါ။

Ryan Babel

၂၀၁၁ မွာ ေဟာ့ဖန္ဟိမ္းကို ေျပာင္းခဲ့ျပီး အဲ့ေနာက္ပိုင္းမွာ အသင္းစံု ေျပာင္းကစားခဲ့တယ္။ မႏွစ္တုန္းက ဖူလ္ဟမ္နဲ႔အတူ လီဗာပူးဘက္ကို ဂိုးသြင္းယူခဲ့ျပီး လက္ရွိမွာ ဂါလာတာစေရးနဲ႔ စာခ်ဳပ္ ရွိထားပါတယ္။

Dirk Kuyt

ၾကိးစားလြန္းတဲ့ တိုက္စစ္သမားဟာ ၂၀၁၇ မွာတည္းက ဖီယင္ႏုမွာပဲ ကစားသမားဘဝ အနားယူခဲ့ပါတယ္။ သူဟာ လာမယ့္ရာသီကစလို႔ မန္ေနဂ်ာေလာကထဲ ဝင္ေရာက္လာမယ္လို႔ နာမည္ၾကီးေနပါတယ္။

Nabil El Zhar

မိုရိုကို ေတာင္ပံသမားဟာ အလားအလာေကာင္းေတြ အမ်ားၾကီး ရွိေပမယ့္ မျပသႏုိင္ဘဲ ၂၀၁၁ မွာ လီဗန္ေတးကို ေရာင္းထုတ္ ခံခဲ့ရတယ္။ မႏွစ္ကထိ စပိန္မွာ ကစားခဲ့ေပမယ့္ နာမည္ေက်ာ္တစ္ဦးေတာ့ ျဖစ္မလာခဲ့ပါဘူး။