အဒမ်လယ်လာနာကို ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ အကုန်ထိ သက်တမ်းတိုးလိုက်ပြီဖြစ်ကြောင်း လီဗာပူးဘက်က အတည်ပြု ကြေညာလိုက်ပါပြီ။

နွေအပြောင်းအရွှေ့ ဈေးကွက်ကို သြဂုတ်လကနေ အောက်တိုဘာလ ၂ ရက်နေ့ထိ ဖွင့်ဖို့ အက်ဖ်အေက ဆွေးနွေးနေပါတယ်။

အီဂျစ် လက်ရွေးစင် အသင်း နည်းပြဟောင်း ဖြစ်တဲ့ ဘော့ပ် ဘရက်ဒလေကတော့ ဆာလက်ဟာ လီယွန်နယ် မက်ဆီရဲ့ ကစားပုံကို အတုယူပြီး လေ့ကျင့်ခဲ့မှုတွေကြောင့် ပိုမို တိုးတက်လာတာလို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မန်နေဂျာကလော့ပ်နဲ့ လီဗာပူးအသင်း ပိုင်ရှင်တွေဟာ မီနာမီနို၊ အီလီယော့နဲ့ ကာတစ်ဂျုံးတို့ကို ကလပ်ရဲ့ ရေရှည် အနာဂတ်အတွက် ပိုမို အခွင့်အရေးပေးဖို့ကို ဦးစားပေးအဖြစ် လုပ်ဆောင်ပေးဖို့အတွက် သဘောတူညီမှုတစ်ခုကို ရထားခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာတော့ ဆန်းဒါးလန်း လူငယ်လေး ဂျော်ဒန် ဟန်ဒါဆန်က လီဗာပူးအသင်းကို ပြောင်းရွှေ့ လာခဲ့ပြီး ဒီကနေ့ဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ ၉ နှစ်ပြည့် ဖြစ်ပါတယ်။

၂၀၁၉-၂၀၂၀ ဘောလုံးရာသီအတွက် ပရီးမီးယားလိဂ် ဖလားမှာ လီဗာပူးနာမည် ရေးထွင်းထားတဲ့ ဗီဒီယိုပုံရိပ် စတင်ထွက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

လီဗာပူး ကွင်းလယ်ကစားသမားဟောင်း မာဖီက ဘလွန်းဒီအော့ဆု ပုံမှန်အားဖြင့် ဂိုးသွင်းတဲ့သူတွေလို စူပါစတားတွေကိုပဲ ပေးတဲ့ဆုလို့ သရော်လိုက်ပြီး ထရန့်က တိုက်စစ်သမားတွေကို ကျော်လွန်ပြီး အနိုင်ရမှာ မဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

ဘွန်ဒက်လီဂါကလပ် မိန့်အသင်းမှာ အငှားထွက်ကစားနေတဲ့ အယ်ဝန်နီယီဟာ ကပ်ဘေးအတွင်း ဘွန်းဒက်လီဂါ ပြန်စရာမှာ အံ့အားသင့်ဖွယ်အဖြစ် ပွဲထွက်ခွင့်တွေ ရလာခဲ့ပြီး ဒီအပတ် ဖရန့်ဘတ်နဲ့ပွဲက သူ့ရဲ့ သုံးပွဲဆက်တိုက် ပွဲထွက်လူစာရင်းကနေ ပါဝင်ရတဲ့ပွဲ ဖြစ်လာပါတယ်။

လီဗာပူးနဲ့ ဝိုက်နယ်ဒမ်ကြား စာချုပ်ကိစ္စ စကားပြောနေမှုက အကောင်းမြင်စရာ အနေအထားကို ရောက်လာပါပြီ။ စာချုပ်သစ်ဟာ အနည်းဆုံး သုံးနှစ်သက်တမ်းတိုးမှုအဖြစ် ၂၀၂၄ ခုနှစ်ထိ ဆက်ထိန်းထားဖို့ဖြစ်ကာ ၂၀၂၅ ခုနှစ်ထိလည်း ရောက်သွားနိုင်တယ်လို့ သိရပါတယ်။

လီဗာပူးနဲ့ ယူနိုက်တက် အပြိုင် ကြိုးစားနေတဲ့ ပီတာဘရောက် ကြယ်ပွင့် ရစ်ကီ-ဂျိတ် ဂျုံးကို လီဗာပူးအသင်းထံ ရောက်စေချင်တယ်လို့ ၎င်းကလပ် ဥက္ကဌကိုယ်တိုင်က ထုတ်ပြောလိုက်ပါတယ်။

ZAWGYI

အဒမ္လယ္လာနာကို ၂၀၁၉-၂၀၂၀ ေဘာလုံးရာသီ အကုန္ထိ သက္တမ္းတိုးလိုက္ၿပီျဖစ္ေၾကာင္း လီဗာပူးဘက္က အတည္ျပဳ ေၾကညာလိုက္ပါၿပီ။

ေႏြအေျပာင္းအေရႊ႔ ေစ်းကြက္ကို ၾသဂုတ္လကေန ေအာက္တိုဘာလ ၂ ရက္ေန႔ထိ ဖြင့္ဖို႔ အက္ဖ္ေအက ေဆြးေႏြးေနပါတယ္။

အီဂ်စ္ လက္ေရြးစင္ အသင္း နည္းျပေဟာင္း ျဖစ္တဲ့ ေဘာ့ပ္ ဘရက္ဒေလကေတာ့ ဆာလက္ဟာ လီယြန္နယ္ မက္ဆီရဲ႕ ကစားပံုကို အတုယူျပီး ေလ့က်င့္ခဲ့မႈေတြေၾကာင့္ ပိုမို တိုးတက္လာတာလို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္နဲ႔ လီဗာပူးအသင္း ပိုင္ရွင္ေတြဟာ မီနာမီႏို၊ အီလီေယာ့နဲ႔ ကာတစ္ဂ်ံဳးတို႔ကို ကလပ္ရဲ႕ ေရရွည္ အနာဂတ္အတြက္ ပိုမို အခြင့္အေရးေပးဖို႔ကို ဦးစားေပးအျဖစ္ လုပ္ေဆာင္ေပးဖို႔အတြက္ သေဘာတူညီမႈတစ္ခုကို ရထားခဲ့ၾကပါတယ္။

၂၀၁၁ ခုႏွစ္ ဇြန္လ ၉ ရက္ေန႔မွာေတာ့ ဆန္းဒါးလန္း လူငယ္ေလး ေဂ်ာ္ဒန္ ဟန္ဒါဆန္က လီဗာပူးအသင္းကို ေျပာင္းေရႊ႔ လာခဲ့ျပီး ဒီကေန႔ဟာ သူ႔ရဲ႕ လီဗာပူးကစားသမားဘဝ ၉ ႏွစ္ျပည့္ ျဖစ္ပါတယ္။

၂၀၁၉-၂၀၂၀ ေဘာလံုးရာသီအတြက္ ပရီးမီးယားလိဂ္ ဖလားမွာ လီဗာပူးနာမည္ ေရးထြင္းထားတဲ့ ဗီဒီယိုပံုရိပ္ စတင္ထြက္ရွိလာခဲ့ျပီျဖစ္ပါတယ္။

လီဗာပူး ကြင္းလယ္ကစားသမားေဟာင္း မာဖီက ဘလြန္းဒီေအာ့ဆု ပံုမွန္အားျဖင့္ ဂိုးသြင္းတဲ့သူေတြလို စူပါစတားေတြကိုပဲ ေပးတဲ့ဆုလို႔ သေရာ္လိုက္ျပီး ထရန္႔က တုိက္စစ္သမားေတြကို ေက်ာ္လြန္ျပီး အႏုိင္ရမွာ မဟုတ္ဘူးလို႔ ေျပာဆိုလိုက္ပါတယ္။

ဘြန္ဒက္လီဂါကလပ္ မိန္႔အသင္းမွာ အငွားထြက္ကစားေနတဲ့ အယ္ဝန္နီယီဟာ ကပ္ေဘးအတြင္း ဘြန္းဒက္လီဂါ ျပန္စရာမွာ အံ့အားသင့္ဖြယ္အျဖစ္ ပြဲထြက္ခြင့္ေတြ ရလာခဲ့ျပီး ဒီအပတ္ ဖရန္႔ဘတ္နဲ႔ပြဲက သူ႔ရဲ႕ သံုးပြဲဆက္တိုက္ ပြဲထြက္လူစာရင္းကေန ပါဝင္ရတဲ့ပြဲ ျဖစ္လာပါတယ္။

လီဗာပူးနဲ႔ ဝိုက္နယ္ဒမ္ၾကား စာခ်ဳပ္ကိစၥ စကားေျပာေနမႈက အေကာင္းျမင္စရာ အေနအထားကို ေရာက္လာပါၿပီ။ စာခ်ဳပ္သစ္ဟာ အနည္းဆုံး သုံးႏွစ္သက္တမ္းတိုးမႈအျဖစ္ ၂၀၂၄ ခုႏွစ္ထိ ဆက္ထိန္းထားဖို႔ျဖစ္ကာ ၂၀၂၅ ခုႏွစ္ထိလည္း ေရာက္သြားႏိုင္တယ္လို႔ သိရပါတယ္။

လီဗာပူးနဲ႔ ယူႏုိက္တက္ အျပိဳင္ ၾကိဳးစားေနတဲ့ ပီတာဘေရာက္ ၾကယ္ပြင့္ ရစ္ကီ-ဂ်ိတ္ ဂ်ံဳးကို လီဗာပူးအသင္းထံ ေရာက္ေစခ်င္တယ္လို႔ ၄င္းကလပ္ ဥကၠဌကိုယ္တုိင္က ထုတ္ေျပာလိုက္ပါတယ္။