လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီဟာ လူတိုင်း ဘယ်တော့မှ မမေ့မယ့် ဘောလုံးရာသီဖြစ်သလို ချန်ပီယံဖြစ်မယ့် အသင်းကလည်း သမိုင်းဝင် ချန်ပီယံဖြစ်လိမ့်မယ် ပြောဆိုလိုက်ပါတယ်။

” ရာသီကုန်မှာ ဘယ်အသင်း ချန်ပီယံဖြစ်ပါစေ သမိုင်းဝင်ပါလိမ့်မယ်။ ဘာလိုပလည်းဆိုတော့ ဒီနှစ်ကို ဘယ်သူကမှ မေ့တော့မှာ မဟုတ်လို့ပါဘဲ။ လူသားဆန်ဆန်နဲ့ လူမှုအသိုင်းအဝိုင်းအကြောင်း စဉ်းစားရတာ ဒီနှစ်တစ်နှစ်တည်းဖြစ်ပြီး အနာဂတ်မှာတော့ ဖြေရှင်းစရာ နည်းလမ်း ရှာတွေ့ကြပါစေလို့ မျှော်လင့်ပါတယ်။

သမိုင်းဝင် ဘောလုံးရာသီ ဖြစ်နေပါလိမ့်မယ်။ ခက်ခဲတဲ့ ဘောလုံးရာသီတစ်ခုဖြစ်ပြီး ခြားနားမှုဆိုလို့ ကျနေ်ာတို့နဲ့ အခြားအသင်းတွေကြား ရမှတ်တွေ သိပ်ကွာတာတစ်ခုပဲ ရှိပါတယ်။ ဒါပေမယ့် မန်စီးတီးပွဲ (အာဆင်နယ်နဲ့) ကိုကြည့်မိတော့ သူတို့ကစားတာနဲ့ လူစားလဲမှု ၅ ခုထိ လုပ်ပြီးတာတောင် အရန်ခုံမှာ ဆာနေး ဝင်မကစားရတာကိုမြင်တော့ မန်စီးတီးက တကယ်ကို အထင်ကြီးစရာပဲလို့ မြင်မိပါတယ်။ ‘ဒါက ငါတို့ရဲ့ ပြိုင်ဘက်ပါလား’ ဆိုပြီးတော့ပေါ့။

ကျနေ်ာတို့ အရမ်းကို ကြိုးစားခဲ့ရပါတယ်။ ကျနေ်ာတို့ ဘောလုံး ကစားချင်ပါတယ်။ ကျနေ်ာတို့ ချန်ပီယံဖြစ်ဖို့ နီးစပ်နေတယ်လို့ ဘယ်သူမှ လာပြောစရာ မလိုပါဘူး။ နီးနေတာတို့၊ ရောက်တော့မှာတို့ကို ကျနော် စိတ်မဝင်စားဘူး။ ကျနော် စိတ်ဝင်စားတာက ကစားနိုင်သလောက် အကောင်းဆုံး ဘောလုံးကစားဖို့ပါပဲ။

ကွင်းပိတ်ကစားရလို့လည်း ကျနေ်ာတို့ရဲ့ ကစားမှုက ကန့်သတ်မှုရှိမှာ မဟုတ်ပါဘူး။ ကောင်းကောင်းမွန်မွန် ဆက်ပြီး ကစားနိုင်မလး ဆက်ပြီး ပြေလွှားပြီး အခြားသော အချိန်တွေထဲ ပိုကောင်းမလား။ ကျနော် မသိပါဘူး။ ဒါပေမယ့် အကောင်းဆုံး ကြိုးစားရအောင်ပါ ” လို့ ပြောဆိုသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပွဲ ၂၉ ပွဲမှာ ၂၇ ပွဲ အနိုင်ရထားတဲ့ လီဗာပူးရဲ့ စံချိန်ဟာ ပရီးမီးယားလိဂ်သမိုင်းမှာတော့ ပထမဆုံးဖြစ်ပါတယ်။ နောက်ထပ် ၂ ပွဲနိုင်ရင် ပရီးမီးယားလိဂ်ဖလား အနိုင်ရမယ့် လီဗာပူးဟာ ဒီရာသီမှာတော့ ကျန်ထိပ်သီးအသင်းတွေ ဘယ်လိုမှ လိုက်မမှီအောင်ကို စွမ်းဆောင်နိုင်ထားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီရာသီဟာ လူတိုင္း ဘယ္ေတာ့မွ မေမ့မယ့္ ေဘာလံုးရာသီျဖစ္သလို ခ်န္ပီယံျဖစ္မယ့္ အသင္းကလည္း သမိုင္းဝင္ ခ်န္ပီယံျဖစ္လိမ့္မယ္ ေျပာဆိုလိုက္ပါတယ္။

” ရာသီကုန္မွာ ဘယ္အသင္း ခ်န္ပီယံျဖစ္ပါေစ သမိုင္းဝင္ပါလိမ့္မယ္။ ဘာလိုပလည္းဆိုေတာ့ ဒီႏွစ္ကို ဘယ္သူကမွ ေမ့ေတာ့မွာ မဟုတ္လို႔ပါဘဲ။ လူသားဆန္ဆန္နဲ႔ လူမႈအသိုင္းအဝိုင္းအေၾကာင္း စဥ္းစားရတာ ဒီႏွစ္တစ္ႏွစ္တည္းျဖစ္ျပီး အနာဂတ္မွာေတာ့ ေျဖရွင္းစရာ နည္းလမ္း ရွာေတြ႔ၾကပါေစလို႔ ေမွ်ာ္လင့္ပါတယ္။

သမိုင္းဝင္ ေဘာလံုးရာသီ ျဖစ္ေနပါလိမ့္မယ္။ ခက္ခဲတဲ့ ေဘာလံုးရာသီတစ္ခုျဖစ္ျပီး ျခားနားမႈဆိုလို႔ က်ေန္ာတို႔နဲ႔ အျခားအသင္းေတြၾကား ရမွတ္ေတြ သိပ္ကြာတာတစ္ခုပဲ ရွိပါတယ္။ ဒါေပမယ့္ မန္စီးတီးပြဲ (အာဆင္နယ္နဲ႔) ကိုၾကည့္မိေတာ့ သူတို႔ကစားတာနဲ႔ လူစားလဲမႈ ၅ ခုထိ လုပ္ျပီးတာေတာင္ အရန္ခံုမွာ ဆာေနး ဝင္မကစားရတာကိုျမင္ေတာ့ မန္စီးတီးက တကယ္ကို အထင္ၾကီးစရာပဲလို႔ ျမင္မိပါတယ္။ ‘ဒါက ငါတို႔ရဲ႕ ျပိဳင္ဘက္ပါလား’ ဆိုျပီးေတာ့ေပါ့။

က်ေန္ာတို႔ အရမ္းကို ၾကိဳးစားခဲ့ရပါတယ္။ က်ေန္ာတို႔ ေဘာလံုး ကစားခ်င္ပါတယ္။ က်ေန္ာတို႔ ခ်န္ပီယံျဖစ္ဖို႔ နီးစပ္ေနတယ္လို႔ ဘယ္သူမွ လာေျပာစရာ မလိုပါဘူး။ နီးေနတာတို႔၊ ေရာက္ေတာ့မွာတို႔ကို က်ေနာ္ စိတ္မဝင္စားဘူး။ က်ေနာ္ စိတ္ဝင္စားတာက ကစားႏုိင္သေလာက္ အေကာင္းဆံုး ေဘာလံုးကစားဖို႔ပါပဲ။

ကြင္းပိတ္ကစားရလို႔လည္း က်ေန္ာတို႔ရဲ႕ ကစားမႈက ကန္႔သတ္မႈရွိမွာ မဟုတ္ပါဘူး။ ေကာင္းေကာင္းမြန္မြန္ ဆက္ျပီး ကစားႏုိုင္မလး ဆက္ျပီး ေျပလႊားျပီး အျခားေသာ အခ်ိန္ေတြထဲ ပိုေကာင္းမလား။ က်ေနာ္ မသိပါဘူး။ ဒါေပမယ့္ အေကာင္းဆံုး ၾကိဳးစားရေအာင္ပါ ” လို႔ ေျပာဆိုသြားခဲ့ပါတယ္။

ပရီးမီးယားလိဂ္ပြဲ ၂၉ ပြဲမွာ ၂၇ ပြဲ အႏုိင္ရထားတဲ့ လီဗာပူးရဲ႕ စံခ်ိန္ဟာ ပရီးမီးယားလိဂ္သမိုင္းမွာေတာ့ ပထမဆံုးျဖစ္ပါတယ္။ ေနာက္ထပ္ ၂ ပြဲႏုိင္ရင္ ပရီးမီးယားလိဂ္ဖလား အႏုိင္ရမယ့္ လီဗာပူးဟာ ဒီရာသီမွာေတာ့ က်န္ထိပ္သီးအသင္းေတြ ဘယ္လိုမွ လိုက္မမွီေအာင္ကို စြမ္းေဆာင္ႏုိင္ထားတာ ျဖစ္ပါတယ္။