မာဆေးဆိုဒ် ဒါဘီပွဲကြိုမှာ အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက ပြိုင်ဘက် လီဗာပူးနဲ့ ယာဂင်ကလော့ပ်အပေါ် အကောင်းမြင်မှုတွေပဲ အသားပေး ပြောဆိုသွားပါတယ်။

ဝါရင့်မန်နေဂျာကြီး အန်ဆယ်လော့တီဟာ ထိပ်တန်းအသင်းတွေကို ကိုင်တွယ်ခဲ့သလို ချန်ပီယံလိဂ်ဖလားတွေ အောင်မြင်ခဲ့ခြင်းနဲ့အတူ ကမ္ဘာထိပ်တန်း မန်နေဂျာတစ်ဦးဖြစ်တယ်။ အထူးသဖြင့် သူက ပွဲကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့အပေါ် ပါးနပ်ပြီး နည်းစနစ်ပိုင်း ထူးချွန်တဲ့ မန်နေဂျာဖြစ်ပါတယ်။

အန်ဆယ်လော့တီက ” ပွဲတွေမှာ ကျနေ်ာတို့ အကြိမ် အများအပြား ရင်ဆိုင်ထားခဲ့တယ်။ ပရော်ဖက်ရှင်နယ် ဆက်ဆံရေး မပါရင် ကလော့ပ်နဲ့ စကားပြောရတာ အရမ်းကောင်းတယ်လို့ ကျနော်ကတော့ ခံစားမိတယ်။ သူက ပွင့်ပွင့်လင်းလင်းသမားဖြစ်ပြီး ပရို မန်နေဂျာကောင်းလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်း ဘာလုပ်နေသလဲဆိုတာကို ကျနေ်ာတို့ အာရုံမစိုက်ပါဘူး။ ကျနေ်ာတို့ အိမ်ကွင်းမှာ သူတို့ ချန်ပီယံဖြစ်တော့မှာ မဟုတ်ပေမယ့် အဲ့တာကလည်း အရေးမပါပါဘူး။ ဒီပွဲက ကြီးကျယ်တဲ့ အခွင့်အရေး ဆိုတာအတွက်ပဲ ကျနေ်ာတို့ စဉ်းစားပါတယ်။

လီဗာပူးက ကမ္ဘာအကောင်းဆုံးတွေထဲက တစ်သင်းဖြစ်တာကြောင့် ဒီပွဲက ခက်ခဲမယ်ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျနေ်ာတို့ ကြိုးစားသွားမှာပါ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ ဖိအားပေး ကစားဟန်ဟာ အန်ဆယ်လော့တီနဲ့ ရင်ဆိုင်ရတိုင်း အမြဲတမ်း ခက်ခဲခဲ့တာပါ။ အထူးသဖြင့် ချန်ပီယံလိဂ်မှာ နာပိုလီနဲ့ နှစ်ရာသီဆက်တိုက် တွေ့ဆုံခဲ့စဉ် လီဗာပူးကို ကြီးကြီးမားမား ဒုက္ခပေးခဲ့ဖူးတာကြောင့် ဒီတစ်ကြိမ် ဒါဘီပွဲ ထိပ်တိုက်တွေ့မှုက စိတ်ဝင်စားစရာ ဖြစ်လာဦးမှာ ဖြစ်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ ဒါဘီပြဲၾကိဳမွာ အဲဗာတန္မန္ေနဂ်ာ အန္ဆယ္ေလာ့တီက ျပိဳင္ဘက္ လီဗာပူးနဲ႔ ယာဂင္ကေလာ့ပ္အေပၚ အေကာင္းျမင္မႈေတြပဲ အသားေပး ေျပာဆိုသြားပါတယ္။

ဝါရင့္မန္ေနဂ်ာၾကီး အန္ဆယ္ေလာ့တီဟာ ထိပ္တန္းအသင္းေတြကို ကိုင္တြယ္ခဲ့သလို ခ်န္ပီယံလိဂ္ဖလားေတြ ေအာင္ျမင္ခဲ့ျခင္းနဲ႔အတူ ကမၻာထိပ္တန္း မန္ေနဂ်ာတစ္ဦးျဖစ္တယ္။ အထူးသျဖင့္ သူက ပြဲကို ဘယ္လို ရင္ဆိုင္ရမလဲဆိုတဲ့အေပၚ ပါးနပ္ျပီး နည္းစနစ္ပိုင္း ထူးခၽြန္တဲ့ မန္ေနဂ်ာျဖစ္ပါတယ္။

အန္ဆယ္ေလာ့တီက ” ပြဲေတြမွာ က်ေန္ာတို႔ အၾကိမ္ အမ်ားအျပား ရင္ဆိုင္ထားခဲ့တယ္။ ပေရာ္ဖက္ရွင္နယ္ ဆက္ဆံေရး မပါရင္ ကေလာ့ပ္နဲ႔ စကားေျပာရတာ အရမ္းေကာင္းတယ္လို႔ က်ေနာ္ကေတာ့ ခံစားမိတယ္။ သူက ပြင့္ပြင့္လင္းလင္းသမားျဖစ္ျပီး ပရို မန္ေနဂ်ာေကာင္းလည္း ျဖစ္ပါတယ္။

လီဗာပူးအသင္း ဘာလုပ္ေနသလဲဆိုတာကို က်ေန္ာတို႔ အာရံုမစိုက္ပါဘူး။ က်ေန္ာတို႔ အိမ္ကြင္းမွာ သူတို႔ ခ်န္ပီယံျဖစ္ေတာ့မွာ မဟုတ္ေပမယ့္ အဲ့တာကလည္း အေရးမပါပါဘူး။ ဒီပြဲက ၾကီးက်ယ္တဲ့ အခြင့္အေရး ဆိုတာအတြက္ပဲ က်ေန္ာတို႔ စဥ္းစားပါတယ္။

လီဗာပူးက ကမၻာအေကာင္းဆံုးေတြထဲက တစ္သင္းျဖစ္တာေၾကာင့္ ဒီပြဲက ခက္ခဲမယ္ဆိုတာ ေသခ်ာပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔ ၾကိဳးစားသြားမွာပါ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ ဖိအားေပး ကစားဟန္ဟာ အန္ဆယ္ေလာ့တီနဲ႔ ရင္ဆိုင္ရတိုင္း အျမဲတမ္း ခက္ခဲခဲ့တာပါ။ အထူးသျဖင့္ ခ်န္ပီယံလိဂ္မွာ နာပိုလီနဲ႔ ႏွစ္ရာသီဆက္တိုက္ ေတြ႔ဆံုခဲ့စဥ္ လီဗာပူးကို ၾကီးၾကီးမားမား ဒုကၡေပးခဲ့ဖူးတာေၾကာင့္ ဒီတစ္ၾကိမ္ ဒါဘီပြဲ ထိပ္တိုက္ေတြ႔မႈက စိတ္ဝင္စားစရာ ျဖစ္လာဦးမွာ ျဖစ္ပါတယ္။