တီမိုဝါနာ ချယ်ဆီးရောက်တာနဲ့ ပက်သက်ပြီး ကလော့ပ်က ” ဒီမေးခွန်းက မရယ်ရတဲ့ ဟာသလိုပဲဗျ။ ကျနော်တို့က ခေါ်နိုင်ခြေ ရှိပါတယ် ဆိုတဲ့ ကစားသမားတွေ အကြောင်းတောင် ဒီလို အမေးအဖြေတွေမှာ ပြောလေ့ မရှိဘူး။ ဘာလို့ အခု ကျနော်က ချယ်ဆီးရဲ့ အပြောင်းအရွှေ့ အကြောင်းကို ပြောရမှာလဲ။ တကယ့် ပေါက်ကရပါဗျာ။ ကျနော်က ဘာလို့ ဖြေရမှာလည်း။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျနော့်မှာ ပြောစရာ မရှိဘူး။ ” လို့ ဖြေဆိုသွားပါတယ်။

မာဆေးဆိုဒ် ဒါဘီပွဲကြိုမှာ အဲဗာတန်မန်နေဂျာ အန်ဆယ်လော့တီက ပြိုင်ဘက် လီဗာပူးက ကမ္ဘာထိပ်သီးအသင်းဖြစ်ပြီး၊ ယာဂင်ကလော့ပ်က ပွင့်ပွင့်လင်းလင်းရှိတဲ့ ထူးချွန်သူအဖြစ် အကောင်းမြင်မှုတွေပဲ အသားပေး ပြောဆိုသွားပါတယ်။

လိုင်လီမန်နေဂျာက ၎င်းတို့အသင်း တိုက်စစ်သမား Victor Osimhen က နွေမှာ ထွက်ခွာလိမ့်မယ်လို့ အတည်ပြုလိုက်ပါတယ်။ တိုက်စစ်သမားကို ခေါ်ယူမယ့် ကလပ်တွေထဲ လီဗာပူးလည်း ပါတယ်လို့ ပြင်သစ်သတင်းတွေက ဖော်ပြပါတယ်။

ဒီကနေ့ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးမှာတော့ ဘရူးစတားက ၂ ဂိုးသွင်းသွားပါတယ်။ တိုက်စစ်သမားလေးဟာ ဇန်နဝါရီမှာ အငှားထွက်ပြီးနောက် ဆွမ်ဆီးအတွက် ၁၂ ပွဲ ကစားပေးရာမှာ သွင်းဂိုး ၆ ဂိုး ရယူထားပါပြီ။

အဲဗာတန်ရှယ်ယာပိုင်ရှင် Moshiri နဲ့ ကော်တင်ညိုရဲ့ အေးဂျင့်တို့က ရင်းနှီးသူတွေဖြစ်ပြီး ဒီနွေမှာ အန်ဆယ်လော့တီအတွက် ကော်တင်ညိုကို အငှားခေါ်ယူပေးဖို့ အဲဗာတန်အကြီးအကဲက စကားပြောမှုတွေ ရှိနေပါတယ်။

မန်နေဂျာယာဂင်ကလော့ပ်က ရှာကွီရီဟာ အဲဗာတန်နဲ့ပွဲ လီဗာပူးလူစာရင်းမှာ ပါဝင်မှာ မဟုတ်ဘူးလို့ အတည်ပြုလိုက်ပါတယ်။ ကြွက်သားဒဏ်ရာကြောင့် ကြံ့ခိုင်မှုပိုင်း ရုန်းကန်နေရတဲ့ ရှာကွီရီဟာ ကွင်းပိတ် ချစ်ကြည်ရေးပွဲတုန်းကလည်း မပါနိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၅ နှစ် ဒီလိုရက်မှာ ချာတန်လူငယ်လေး ဂိုးမက်စ်ကို လီဗာပူးက ပေါင် ၃.၅ သန်းဖြင့် ခေါ်ယူခဲ့ပါတယ်။

လီဗာပူးစီနီယာတွေဖြစ်တဲ့ ဆာလက်၊ ရော်ဘတ်ဆန်တို့ဟာ အဲဗာတန်ပွဲကြို ဒီကနေ့ လေ့ကျင့်ရေးမှာ ကြံ့ခိုင်မှုကောင်းကောင်း ပါဝင်သွားပါတယ်။

လက်ရှိမှာ ကာရာဘောင်းဖလားပွဲအဖြစ် ကျင်းပနေတဲ့ လိဂ်ဖလားကို လာမယ့်နှစ်မှာ လီဗာပူး စီနီယာအသင်း ပါဝင်ယှဉ်ပြိုင်နိုင်ဖွယ် မရှိပါဘူး။ လီဗာပူးနည်းတူ ဥရောပပြိုင်ပွဲတွေ ဝင်ပြိုင်မယ့် ကလပ် ၇ သင်းလုံး ပါဝင်နိုင်ဖွယ် မရှိတာ ဖြစ်ပါတယ်။

လီဗာပူးမန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီဟာ လူတိုင်း ဘယ်တော့မှ မမေ့မယ့် ဘောလုံးရာသီဖြစ်သလို ချန်ပီယံဖြစ်မယ့် အသင်းကလည်း သမိုင်းဝင် ချန်ပီယံဖြစ်လိမ့်မယ် ပြောဆိုလိုက်ပါတယ်။

ZAwGYI

တီမိုဝါနာ ခ်ယ္ဆီးေရာက္တာနဲ႔ ပက္သက္ျပီး ကေလာ့ပ္က ” ဒီေမးခြန္းက မရယ္ရတဲ့ ဟာသလိုပဲဗ်။ က်ေနာ္တို႔က ေခၚနုိင္ေျခ ရွိပါတယ္ ဆိုတဲ့ ကစားသမားေတြ အေၾကာင္းေတာင္ ဒီလို အေမးအေျဖေတြမွာ ေျပာေလ့ မရွိဘူး။ ဘာလို႔ အခု က်ေနာ္က ခ်ယ္ဆီးရဲ႕ အေျပာင္းအေရႊ႕ အေၾကာင္းကို ေျပာရမွာလဲ။ တကယ့္ ေပါက္ကရပါဗ်ာ။ က်ေနာ္က ဘာလို႔ ေျဖရမွာလည္း။ ဒီကိစၥနဲ႕ ပတ္သတ္ျပီး က်ေနာ့္မွာ ေျပာစရာ မရွိဘူး။ ” လို႔ ေျဖဆိုသြားပါတယ္။

မာေဆးဆိုဒ္ ဒါဘီပြဲၾကိဳမွာ အဲဗာတန္မန္ေနဂ်ာ အန္ဆယ္ေလာ့တီက ျပိဳင္ဘက္ လီဗာပူးက ကမၻာထိပ္သီးအသင္းျဖစ္ျပီး၊ ယာဂင္ကေလာ့ပ္က ပြင့္ပြင့္လင္းလင္းရွိတဲ့ ထူးခၽြန္သူအျဖစ္ အေကာင္းျမင္မႈေတြပဲ အသားေပး ေျပာဆိုသြားပါတယ္။

လိုင္လီမန္ေနဂ်ာက ၄င္းတို႔အသင္း တိုက္စစ္သမား Victor Osimhen က ေႏြမွာ ထြက္ခြာလိမ့္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ တိုက္စစ္သမားကို ေခၚယူမယ့္ ကလပ္ေတြထဲ လီဗာပူးလည္း ပါတယ္လို႔ ျပင္သစ္သတင္းေတြက ေဖာ္ျပပါတယ္။

ဒီကေန႔ ယွဥ္ျပိဳင္ကစားတ့ဲ ခ်န္ပီယံရွစ္ကလပ္ ဆြမ္ဆီးမွာေတာ့ ဘ႐ူးစတားက ၂ ဂိုးသြင္းသြားပါတယ္။ တိုက္စစ္သမားေလးဟာ ဇန္နဝါရီမွာ အငွားထြက္ျပီးေနာက္ ဆြမ္ဆီးအတြက္ ၁၂ ပြဲ ကစားေပးရာမွာ သြင္းဂိုး ၆ ဂိုး ရယူထားပါၿပီ။

အဲဗာတန္ရွယ္ယာပိုင္ရွင္ Moshiri နဲ႔ ေကာ္တင္ညိဳရဲ႕ ေအးဂ်င့္တို႔က ရင္းႏွီးသူေတြျဖစ္ျပီး ဒီေႏြမွာ အန္ဆယ္ေလာ့တီအတြက္ ေကာ္တင္ညိဳကို အငွားေခၚယူေပးဖို႔ အဲဗာတန္အၾကီးအကဲက စကားေျပာမႈေတြ ရွိေနပါတယ္။

မန္ေနဂ်ာယာဂင္ကေလာ့ပ္က ရွာကီြရီဟာ အဲဗာတန္နဲ႔ပြဲ လီဗာပူးလူစာရင္းမွာ ပါဝင္မွာ မဟုတ္ဘူးလို႔ အတည္ျပဳလိုက္ပါတယ္။ ၾကြက္သားဒဏ္ရာေၾကာင့္ ၾကံ႕ခိုင္မႈပိုင္း ရုန္းကန္ေနရတဲ့ ရွာကီြရီဟာ ကြင္းပိတ္ ခ်စ္ၾကည္ေရးပြဲတုန္းကလည္း မပါႏုိင္ခဲ့ပါဘူး။

လြန္ခဲ့တဲ့ ၅ ႏွစ္ ဒီလိုရက္မွာ ခ်ာတန္လူငယ္ေလး ဂိုးမက္စ္ကို လီဗာပူးက ေပါင္ ၃.၅ သန္းျဖင့္ ေခၚယူခဲ့ပါတယ္။

လီဗာပူးစီနီယာေတြျဖစ္တဲ့ ဆာလက္၊ ေရာ္ဘတ္ဆန္တို႔ဟာ အဲဗာတန္ပြဲၾကိဳ ဒီကေန႔ ေလ့က်င့္ေရးမွာ ၾကံ႕ခိုင္မႈေကာင္းေကာင္း ပါဝင္သြားပါတယ္။

လက္ရွိမွာ ကာရာေဘာင္းဖလားပြဲအျဖစ္ က်င္းပေနတဲ့ လိဂ္ဖလားကို လာမယ့္ႏွစ္မွာ လီဗာပူး စီနီယာအသင္း ပါဝင္ယွဥ္ျပိဳင္ႏုိင္ဖြယ္ မရွိပါဘူး။ လီဗာပူးနည္းတူ ဥေရာပျပိဳင္ပြဲေတြ ဝင္ျပိဳင္မယ့္ ကလပ္ ၇ သင္းလံုး ပါဝင္ႏုိင္ဖြယ္ မရွိတာ ျဖစ္ပါတယ္။

လီဗာပူးမန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီရာသီဟာ လူတိုင္း ဘယ္ေတာ့မွ မေမ့မယ့္ ေဘာလံုးရာသီျဖစ္သလို ခ်န္ပီယံျဖစ္မယ့္ အသင္းကလည္း သမိုင္းဝင္ ခ်န္ပီယံျဖစ္လိမ့္မယ္ ေျပာဆိုလိုက္ပါတယ္။