နာမည်ကျော် GQ မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာ လန်ဒန်ဖွား လီဗာပူးအမာခံပရိသတ်ကြီးဖြစ်တဲ့ ရပ်ပါ Loyle Carner က လီဗာပူးက ဘာလို့ ထူးရှယ်ကလပ် ဖြစ်နေရသလဲဆိုတာကို ရှင်းပြသွားပါတယ်။

သူကတော့ လီဗာပူးအသင်းရဲ့ ကစားပုံကောင်းမှုကြောင့်တင် မဟုတ်ပါဘူး လီဗာပူးမြို့သားတွေရဲ့ စစ်မှန်တဲ့ အားကစား စိတ်ဓါတ်ရှိမှုကို ပြောပြသွားခဲ့တာဖြစ်တယ်။ အထူးသဖြင့် အန်ဖီးကွင်းကြီး နာမည်ကျော်ရတဲ့ အဓိက အကြောင်းရင်းက ဒီပရိသတ်တွေကြောင့်ပဲလို့ သူက မြင်ပါတယ်။

Loyle Carner က ” လီဗာပူးမှာ အလုပ်တွေ အများကြီး ကျနော် လုပ်ခဲ့တယ်၊ ရိူးတွေကောပေါ့။ အဲ့မှာ ကျနော်ကို ချစ်ကြတဲ့သူတွေ ရှိပါတယ်။ လီဗာပူးမြို့က လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံရှိပြီး အရမ်း ပွင့်လင်းပါတယ်။ အဲ့မှာ လူမူအဖွဲ့အစည်းကလည်း အတူတကွနဲ့ စုပေါင်းလုပ်ဆောင်မှုတွေရှိတယ်။

ဘောလုံးအသင်းတွေ အများကြီးကို သွားပြီး ကွင်းအများအပြားမှာ လူမျိုးခွဲခြားမှုတွေ လုပ်တဲ့ ကြွေးကြော်သံတွေကို ကြားခဲ့ဖူးပါတယ်။ လန်ဒန်အသင်းတိုင်းမှာဆိုရင် ချလိုက်ပါလား၊ ချိုးလိုက်ပါလားဆိုတဲ့ ရိုင်းစိုင်းတဲ့ ကြွေးကြော်သံတွေ အော်ကြပေမယ့် အန်ဖီးမှာတော့ အဲ့လိုတွေ မရှိပါဘူး။ ကျနော်တော့ လုံးဝကို မကြာဖူးပါဘူး။

အန်ဖီးကွင်းမှာဆိုရင် ဆာလက်နဲ့ ပက်သက်ပြီး ‘သူက ဘာသာခြားဆိုရင် ငါကလည်း ဘာသာခြားပဲ’ ဆိုတဲ့ ကြွေးကြော်မှု လုပ်ပေးတာကို ကြားရတယ်။ ဘာလို့လည်းဆိုတော့ သူတို့ ဆာလက်ကို ချစ်ကြတယ်။ အန်ဖီးမှာ အမုန်းတရားတွေ မရှိဘူး။ အဲ့သည်မှာ စစ်မှန်တဲ့ ချစ်ခြင်းတရားတွေပဲ ရှိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လီဗာပူးပရိသတ်တိုင်းဟာ ဘောလုံးအားကစားကို အားကစားအနေနဲ့ မြင်ကြဖို အရေးကြီးပါတယ်။ ဘောလုံးဆိုတာ လူမျိုးမရွေး၊ ဘာသာမရွေး တန်းတူညီမျှနဲ့ ချစ်ခင်ရင်းနှီးစွာ ကစားရတဲ့ အားကစားတစ်ရပ်ပဲ ဖြစ်ပါတယ်။

ZAWGYI

နာမည္ေက်ာ္ GQ မဂၢဇင္းနဲ႔ အင္တာဗ်ဴးမွာ လန္ဒန္ဖြား လီဗာပူးအမာခံပရိသတ္ၾကီးျဖစ္တ့ဲ ရပ္ပါ Loyle Carner က လီဗာပူးက ဘာလို႔ ထူးရွယ္ကလပ္ ျဖစ္ေနရသလဲဆိုတာကို ရွင္းျပသြားပါတယ္။

သူကေတာ့ လီဗာပူးအသင္းရဲ႕ ကစားပံုေကာင္းမႈေၾကာင့္တင္ မဟုတ္ပါဘူး လီဗာပူးျမိဳ႕သားေတြရဲ႕ စစ္မွန္တဲ့ အားကစား စိတ္ဓါတ္ရွိမႈကို ေျပာျပသြားခဲ့တာျဖစ္တယ္။ အထူးသျဖင့္ အန္ဖီးကြင္းၾကီး နာမည္ေက်ာ္ရတဲ့ အဓိက အေၾကာင္းရင္းက ဒီပရိသတ္ေတြေၾကာင့္ပဲလို႔ သူက ျမင္ပါတယ္။

Loyle Carner က ” လီဗာပူးမွာ အလုပ္ေတြ အမ်ားၾကီး က်ေနာ္ လုပ္ခဲ့တယ္၊ ရိူးေတြေကာေပါ့။ အဲ့မွာ က်ေနာ္ကို ခ်စ္ၾကတဲ့သူေတြ ရွိပါတယ္။ လီဗာပူးျမိဳ႔က လူမ်ိဳးေပါင္းစံု ဘာသာေပါင္းစံုရွိျပီး အရမ္း ပြင့္လင္းပါတယ္။ အဲ့မွာ လူမူအဖြဲ႔အစည္းကလည္း အတူတကြနဲ႔ စုေပါင္းလုပ္ေဆာင္မႈေတြရွိတယ္။

ေဘာလံုးအသင္းေတြ အမ်ားၾကီးကို သြားျပီး ကြင္းအမ်ားအျပားမွာ လူမ်ိဳးခြဲျခားမႈေတြ လုပ္တဲ့ ေၾကြးေၾကာ္သံေတြကို ၾကားခဲ့ဖူးပါတယ္။ လန္ဒန္အသင္းတိုင္းမွာဆိုရင္ ခ်လိုက္ပါလား၊ ခ်ိဳးလိုက္ပါလားဆိုတဲ့ ရိုင္းစိုင္းတဲ့ ေၾကြးေၾကာ္သံေတြ ေအာ္ၾကေပမယ့္ အန္ဖီးမွာေတာ့ အဲ့လိုေတြ မရွိပါဘူး။ က်ေနာ္ေတာ့ လံုးဝကို မၾကာဖူးပါဘူး။

အန္ဖီးကြင္းမွာဆိုရင္ ဆာလက္နဲ႔ ပက္သက္ျပီး ‘သူက ဘာသာျခားဆိုရင္ ငါကလည္း ဘာသာျခားပဲ’ ဆိုတဲ့ ေၾကြးေၾကာ္မႈ လုပ္ေပးတာကို ၾကားရတယ္။ ဘာလို႔လည္းဆိုေတာ့ သူတို႔ ဆာလက္ကို ခ်စ္ၾကတယ္။ အန္ဖီးမွာ အမုန္းတရားေတြ မရွိဘူး။ အဲ့သည္မွာ စစ္မွန္တဲ့ ခ်စ္ျခင္းတရားေတြပဲ ရွိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လီဗာပူးပရိသတ္တိုင္းဟာ ေဘာလံုးအားကစားကို အားကစားအေနနဲ႔ ျမင္ၾကဖို အေရးၾကီးပါတယ္။ ေဘာလံုးဆိုတာ လူမ်ိဳးမေရြး၊ ဘာသာမေရြး တန္းတူညီမွ်နဲ႔ ခ်စ္ခင္ရင္းႏွီးစြာ ကစားရတဲ့ အားကစားတစ္ရပ္ပဲ ျဖစ္ပါတယ္။