၂၀၁၅ ခုနှစ် အောက်တိုဘာလမှာ လီဗာပူးမန်နေဂျာအဖြစ် အန်ဖီးကို ယာဂင်ကလော့ပ် ဝင်လာခဲ့ချိန်က လီဗာပူးဟာ ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအဆင့်မှာ ခိုင်ခိုင်မြဲမြဲ ရပ်တည်ဖို့ ဝေးကွာနေခဲ့ပါတယ်။

အဆိုပါနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံက လက်စတာဖြစ်ပြီး ရမှတ် ၈၁ မှတ်ဖြင့် ချန်ပီယံဖြစ်ချိန်မှာ လီဗာပူးအသင်းက ရမှတ် ၆၀ ဖြင့် အဆင့် ၈ နေရာမှာပဲ ရပ်တည်ခဲ့တယ်။ နောက်ပိုင်းမှာ ချန်ပီယံလိဂ်ကို ပုံမှန်ဝင်နိုင်ဖို့နဲ့ ဆုဖလားတွေကို စိန်ခေါ်လာဖို့အတွက် ကလေ့ာပ်က လီဗာပူးအသင်းကို အသွင်ပြောင်းမှုကြီးတွေ စတင် လုပ်ဆောင်ခဲ့ပါတယ်။

အဆိုပါထဲက ကျော်ကြားလှတဲ့ နည်းစနစ်ပိုင်း သက်ရောက်မှုကြီး ၁၀ ခုကို ဖော်ပြသွားမှာဖြစ်ပါတယ်။ ဒါတွေကိုတော့ The Athletic မှ နည်းစနစ်အသားပေး ဆောင်းပါးရှင် Michael Cox အပြင် James Pearce နဲ့ Simon Hughes တို့ရဲ့ ရေးသားမှုတွေကို ကိုးကား ဖော်ပြပါတယ်။

၁) ဖိအားပေးနည်းစနစ်

ယာဂင်ကလော့ပ် မတိုင်ခင် လီဗာပူးအသင်း ကျင့်သုံးတဲ့ နည်းစနစ်က ဘရန်ဒန်ရော်ဂျာရဲ့ ပိုင်ဆိုင်မှုပိုင်းကို အသားပေးတဲ့ နည်းစနစ်ဖြစ်ပါတယ်။ ရော်ဂျာဟာ ဆွမ်ဆီးနဲ့အတူ လှပပြီး တိုက်စစ်ကို အသားပေးတဲ့ တိုက်စစ်အသားပေးဟန်ကို ဖော်ဆောင်ခဲ့ပြီး အဆိုပါ နည်းစနစ်ကြောင့်ပဲ သူက လီဗာပူးအသင်းကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ဆုဖလားတွေ စတင် စိန်ခေါ်ရမယ့် အချိန်မှာတော့ ရော်ဂျာဟာ ဆွာရက်စ်၊ ဂျရတ်၊ စတာလင်တို့လို အဓိက ကစားသမားတွေကို လက်လွတ်ရမှုနဲ့အတူ ဖိအားတွေဝင်ခဲ့ပြီး အသင်းကနေ ထွက်ခွာခဲ့ရတယ်။

ယာဂင်ကလော့ပ် ကြားဖြတ် ဝင်ရောက်လာစဉ်မှာတော့ ရာသီစကမှ အသစ်ရောက်ထားတဲ့ မီလ်နာ၊ လယ်လာနာ၊ အိုရီဂီလို ကစားသမားတွေကို ကလိုင်း၊ မင်ညိုလက်၊ စကာတယ်၊ ဆာခို၊ မိုရီနို၊ လူးကပ်၊ ချန်၊ ကော်တင်ညိုနဲ့ ဟန်ဒါဆန်တို့လို ကစားသမားတွေဖြင့် ပေါင်းစပ်ပြီး လူစာရင်းတစ်ခုကို တည်ဆောက်ခဲ့ရပါတယ်။

ဘောလုံးဆုံးရံှူးချိန်မှာ ဘောလုံးကို ချက်ခြင်း ပြန်လုရတဲ့ gegenpressing ခေါ် ဖိအားပေး နည်းစနစ်ကို ကလော့ပ်က ချက်ခြင်းပဲ အသက်သွင်းခဲ့ပြီး ပထမ တစ်နှစ်မှာတော့ ခက်ခဲမှုတွေရှိခဲ့ကာ အဆင့် ၈ နေရာနဲ့ ရာသီသိမ်းခဲ့ပါတယ်။

၂) ဖာမင်နိုကို false nine နေရာပြောင်းခြင်း

လက်ရှိ လီဗာပူးအသင်းနဲ့ အသင်းကစားတဲ့ နည်းစနစ်ဖြစ်လာဖို့ အဓိကကျတဲ့ အသွင်ပြောင်းမှုတစ်ခုလည်း ဖြစ်ပါတယ်။ ရော်ဂျာလက်ထက်က တောင်ပံတိုက်စစ်ယောင်ယောင် နောက်ချန် တိုက်စစ်ယောင်ယောင်ဖြင့် အသားမကျဖြစ်နေတဲ့ ဖာမင်နိုကို ကလော့ပ်က false nine နေရာကို ရဲရဲတင်းတင်း ပြောင်းလဲခဲ့ပါတယ်။

ကလော့ပ်ရောက်လာပြီး တလအကြာမှာပဲ ယှဉ်ပြိုင်ရတဲ့ မန်စီးတီးနဲ့ပွဲမှာ ဖာမင်နိုက false nine နေရာက အထူး ခြေစွမ်းပြခဲ့တယ်။ ဘယ်ခြမ်းမှာ ကော်တင်ညိုကို ကစားစေပြီး ဖာမင်နိုရဲ့ အထောင်တိုက်စစ်နေရာ ကစားပေးမှု အောင်မြင်ခြင်းကြောင့် ဘန်တီကီကို ပြန်လည်ရောင်းထုတ်ခဲ့ပါတယ်။

၃) ၄-၃-၃ နဲ့ ၄-၁-၄-၁

ယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ အံဝင်တဲ့ နည်းစနစ်က ၄-၃-၃ သာဖြစ်တယ်လို့ ယုံကြည်ခဲ့တယ်။ ဘရန်ဒန်ရော်ဂျာ လက်ထက်တုန်းက ချန်ကို ညာခြမ်း ခံစစ်နေရာမှာထားတဲ့ ခံစစ် ၃ ယောက်တန်း ပုံစံ ကစားခဲ့ပေမယ့် ကလော့ပ်ကတော့ အနာဂတ်အတွက် ရည်ရွယ်တဲ့ သူ့ရဲ့ လူစာရင်းကို ၄-၃-၃ ကို အခြေခံတဲ့ အမာခံ လူစာရင်းနဲ့ ကစားကွက်အဖြစ် အသုံးပြုခဲ့ပါတယ်။

သူဟာ ဒေါ့မွန်မှာတုန်းက ၄-၂-၃-၁ ကို အထူးပြုပေမယ့် လီဗာပူးမှာတော့ ၄-၃-၃ ကို အားပြုခဲ့တယ်။ ဘောလုံးပိုင်ဆိုင်မှု မရှိချိန်မှာတော့ ၄-၁-၄-၁ ကစားကွက်ကို ချက်ခြင်း ပြန်ပြောင်းပြီး တိုက်စစ်သမား နှစ်ဦးကို ခံစစ် ဆင်းကူစေခဲ့ပါတယ်။

၄) မာနေးနဲ့ ဆာလက်တို့ကို တောင်ပံတွေထံ ဝင်ရောက်လာစေခြင်း

ယာဂင်ကလော့ပ်ရဲ့ ကနဦး ကာလတွေတုန်းက တောင်ပံမှာ နေရာရခဲ့သူ အိုဘ်ဖြစ်ပါတယ်။ ကလော့ပ်ဟာ လူသစ် မခေါ်နိုင်သေးချိန်မှာ အိုင်ဘ်ကို စွဲစွဲမြဲမြဲ သုံးခဲ့တာကြောင့် မွေးစားသားလို့ နာမည်ပြောင်ရခဲ့တယ်။ နောက်တော့ ဘုန်းမောက်ထံ အိုဘ်ကို ရောင်းထုတ်ခဲ့ပြီး တောင်ပံနေရာအတွက် ကစားသမားသစ်တွေ ခေါ်ယူရင်းက မာနေးကို ကနဦး ခေါ်ယူခဲ့ပါတယ်။

နောက်ထပ် တစ်ရာသီမှာတော့ ဆာလက် လီဗာပူးကို ရောက်လာခဲ့ပြီး Fab 4 လို့ ကျော်ကြားတဲ့ ဖာမင်နို၊ ကော်တင်ညို၊ မာနေး၊ ဆာလက် တိုက်စစ်ကို အသက်သွင်းပါသေးတယ်။ ဒါပေမယ့် ကော်တင်ညို ထွက်ခွာသွားတာကြောင့် သုံးယောက်တန်း တိုက်စစ်ပဲ ကျန်ရှိခဲ့ပါတယ်။

၅) ဗန်ဒိုက်

လီဗာပူးမန်နေဂျာဘဝ မန်နေဂျာကလော့ပ်ရဲ့ အရဲစွန့်တဲ့ အပြောင်းအလဲကြီးတစ်ခု ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ရာသီစကတည်းက ဗန်ဒိုက်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဆောက်သမ်တန်ရဲ့ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေကို တိုင်ကြားမှုကြောင့် ပထမရာသီဝက်ကို ခံစစ်သမား မခေါ်ပဲ ခရီးဆက်ခဲ့တယ်။ လီဗာပူးခံစစ်က ဆိုးဆိုးရွားရွားတွေ ဖြစ်ခဲ့ပြီး ကော်တင်ညိ ဘာစီလိုနာကို ထွက်ခွာမယ်ဆိုတာကို သိတဲ့နောက် ၂၀၁၈ ဇန်နဝါရီမှာ ဗန်ဒိုက်ကို ခံစစ်သမားအတွက် ကမ္ဘာစံချိန်တင်ကြေးဖြစ်တဲ့ ပေါင် ၇၅ သန်း ပေးပြီး ခေါ်ယူခဲ့ပါတယ်။

လီဗာပူး ဂျင်းမိပြီလို့ လူတိုင်း ပြောခဲ့ပေမယ့် ဗန်ဒိုက် ပါဝင်တဲ့ လီဗာပူးက အံ့သြသင့်ဖွယ်ကောင်းအောင် ခံစစ်ပိုင်း တည်ငြိမ်လာပြီး ရာသီအကုန်မှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ခဲ့ပါတယ်။

၆) အယ်လီဆန်

ကလော့ပ်က ကော်တင်ညိုအစား အစားထိုးမှုနဲ့အတူ တိုက်စစ်ကို ဦးစားပေး ခေါ်ယူလိုခဲ့ပါသေးတယ်။ ဒါပေမယ့်လို့ လိုင်ယွန်တိုက်စစ်သမား ဖယ်ကီရာကို ခေါ်ယူရေးမှာ ဆေးကျတဲ့အကြောင်းတွေ ဖြစ်ပေါ်လာခဲ့ပြီး နောက်ပိုင်းမှာ တိုက်စစ်ကို မခေါ်ပဲ အယ်လီဆန်ကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာစံချိန်တင်ကြေး ပေးခဲ့တာဖြစ်တယ်။

အဲ့တုန်းကတော့ လူတိုင်းက ချန်ပီယံလိဂ်မှာ အရေးနိမ့်ခဲ့မှုကြောင့် ကားရီးယက်ကို စိတ်ကုန်နေချိန်ဖြစ်ကာ အယ်လီဆန်ကို ခေါ်ယူခြင်းကို နှစ်သက်ခဲ့ကြတယ်။ သို့သော်လည်း တိုက်စစ်သမားကို ခေါ်ယူမှု မအောင်မြင်ချိန်မှာ နောက်ထပ် တိုက်စစ်သမားကို မရှာတော့ပဲ ဘောလုံးကာကွယ်မှုနဲ့ ဖြန့်ဝေမှုကောင်းတဲ့ ဂိုးသမားကိုပဲ ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာက မျက်ခုံးပင့်စရာ ရွေးချယ်မှုလည်း ဖြစ်ပါတယ်။
၇) အစွန်လူတွေကို တိုက်စစ်လိုက်စေခြင်း

ရော်ဘတ်ဆန်နဲ့ ထရန့်တို့ဟာ ဗန်ဒိုက် မရောက်လာသေးခင်မှာ စတင်ပြီး ပွဲထွက်ခွင့်တွေ ရနေပေမယ့် လီဗာပူးလူစာရင်းမှာ သူတို့ကို ကြီးကြီးမားမား သက်ရောက်မှုတွေ ရှိစေတာကတော့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီက စတင်ပါတယ်။

သူတို့ မတိုင်ခင်က မိုရီနိုနဲ့ ကလိုင်းတို့ကိုလည်း ကလော့ပ်က သုံးခဲ့သေးပေမယ့် ဟန်ချက်ညီမှု အားနည်းသလို မိုရီနိုက တိုက်စစ်ကိုပဲ အားသန်လွန်းပြီး ကလိုင်းကတော့ ခံစစ်ကိုပဲ အားသန်လွန်းခဲ့ပါတယ်။

ကလော့ပ်ဟာ ရော်ဘတ်ဆန်နဲ့ ထရန့် အစွန်သမား နှစ်ဦးကို အသင်းတိုက်စစ်ဆင်ချိန်မှာ တောင်ပံကနေ တိုက်စစ်ကို ခပ်များများ လိုက်စေပြီး ဧရိယာထဲကို ဖြတ်တင်ဘောတွေ တတ်နိုင်သလောက် ပေးပို့စေခဲ့တယ်။ အသင်းခံစစ် ကာကွယ်ရချိန်မှာတော့ တောင်ပံကြောတစ်လျှောက် နောက်ကို ပြန်ဆင်းစေပြီး ခံစစ်ကို ကူညီစေခဲ့ပါတယ်။ ဒီနည်းစနစ်မှာ ဘယ် ညာ အစွန် လူနှစ်ဦးဟာ ကမ္ဘာအဆင့် အစွန်လူတွေအဖြစ် တောက်ပလာခဲ့ပြီး ထရန့်က ဂိုးထောက်ပံ့မှုမှာ ဂရင်းနစ်စံချိန် ဝင်ခဲ့သလို ဒီရာသီမှာလည်း ဒီဘရိုင်းရဲ့နောက် ဒုတိယမြောက် ဂိုးထောက်ပံ့မှု အများဆုံး ပရီးမီးယားလိဂ် ကစားသမားဖြစ်ပါတယ်။

၈) အမြင့်ဘော

လီဗာပူးကွင်းလယ်ဟာ အမြင့်ဘောဆိုင်ရာ လွှမ်းမိုးမှုမှာ အားနည်းလွန်းပြီး ယခင်တုန်းက second ball နဲ့ third ball တွေမှာလည်း ပြိုင်ဘက်တွေကို အသာရမှု နည်းပါတယ်။ လီဗာပူးတစ်သင်းလုံးရဲ့ အရပ်အမောင်းက ပြိုင်ဘက်တွေထက် နိမ့်လွန်းပြီး တည်ကန်ဘောတွေမှာဆိုလည်း အသာမရပါဘူး။

အင်္ဂလန်ရဲ့ ရိုးရာစတိုင်လို့ ပြောရမယ့် ရုပ်ပိုင်းဆိုင်ရာ အသားပြုတဲ့ အသင်းတွေနဲ့ ယှဉ်ပြိုင်တိုင်း လီဗာပူးက ရလဒ်တွေ ထိခိုက်လေ့ရှိတယ်။ လီဗာပူးကို နိုင်လိုရင် ဧရိယာထဲကို အရပ်မြင့်တဲ့ ကစားသမားတွေ ပြုံထည့်လိုက်လို့ မှတ်ချက်ပေးခံရပြိး နောက်ပိုင်းမှာ ကလော့ပ်က ဖာဘင်ညို၊ ဗန်ဒိုက်တို့လို ကစားသမားတွေကို အမြင့်ဘောပိုင်း တာဝန်ယူစေခဲ့တယ်။

မာတစ်၊ ဖာဘင်ညို၊ ဗန်ဒိုက်တို့က ခံစစ်ကနေ အသင်းဖော်တွေကို အမြင့်ဘော ပေးမှုမှာလည်း အားသန်ကြပြီး ဘိုင်ယန်နဲ့ပွဲမှ ဗန်ဒိုက်ရဲ့ အမြင့်ဘော ပေးမှုကနေ အခွင့်အရေးရှာ သွင်းယူခဲ့တဲ့ မာနေးရဲ့ သွင်းဂိုးက ထင်ရှားတဲ့ ဥပမာ ဖြစ်ပါတယ်။

၉) ဟန်ဒါဆန်ကို ကွင်းလယ်အမာခံထားခြင်း

စတီဗင်ဂျရတ်ရဲ့ ဆက်ခံသူ ဟန်ဒါဆန်ဟာ လီဗာပူးမှာ ဝေဖန်ခံရခြင်း များတဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမယ့် ကလော့ပ်က သူ့ရဲ့ ဖိအားပေး နည်းစနစ်မှာ ဟန်ဒါဆန်ကို အခြားသော ကွင်းလယ်တွေထဲ ပိုမို ယုံကြည်ပြီး နေရာပေးခဲ့ခြင်းလည်း ရှိတယ်။ ဟန်ဒါဆန်ရဲ့ လှုပ်အား၊ ဘောလုံးပိုင်ဆိုင်မှု မရှိချိန်မှာ ရွှေ့လျားမှုနဲ့ ဦးဆောင်နိုင်စွမ်းတွေက ကလော့ပ်ရဲ့ နည်းစနစ်အတွက် အဓိက ကျခဲ့တယ်။

တိုက်စစ်ကို လိုက်ပါရတာကလွဲလို့ ဟန်ဒါဆန်ကို ကွင်းလယ် နေရာစုံမှာ အသုံးချခဲ့ပြီး သူဟာ လီဗာပူးအသင်း ကစားကွက် တည်ဆောက်မှုရဲ့ အခရာဖြစ်သလို ပြိုင်ဘက် ကစားကွက် အဓိက ဖျက်ဆီးသူလည်း ဖြစ်လာခဲ့တယ်။ ဖာဘင်ညို ရောက်လာပြီး နောက်ပိုင်းမှာ ဟန်ဒါဆန်က တိုက်စစ်ကို အနည်းငယ် ပိုလိုက်ရပေမယ့် ကွင်းလယ်မှာ ဖာဘင်ညိုနဲ့ အပြိုင် ကွင်းလယ်ရိုးကို ဟန်ချက်ညီစေဖို့ အထောက်အပံ့ ပေးရပါတယ်။

နောက်ပိုင်းမှာတော့ ဟန်ဒါဆန်ဟာ တိုက်စစ်လိုက်မှုများတဲ့ ထရန့်ရဲ့ နောက်ကွယ်က နေရာလွတ်တွေကို ဖြည့်ကစားပေးမှု၊ ဖာဘင်ညိုနဲ့ အခြားသော ကွင်းလယ် အသင်းဖော်အတွက် နေရာ ခင်းကျင်းပေးမှုတွေနဲ့အတူ လီဗာပူးရဲ့ မရှိမဖြစ် ကစားသမားတစ်ဦးလည်း ဖြစ်လာခဲ့တယ်။

၁၀) ဖာဘင်ညိုရဲ့ လွှမ်းမိုးနိုင်ခြင်း

မာရှေးယာနိုနောက်ပိုင်း လီဗာပူးရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်သမားဖြစ်တဲ့ ဖာဘင်ညိုဟာ သူ့ရဲ့ အကောင်းဆုံး လုပ်နိုင်စွမ်းတွေကို ပြသထားပါတယ်။ လီဗာပူးအသင်း ခံစစ်ပိုင်း ကောင်းမွန်တဲ့ မှတ်တမ်းတွေကို ပိုင်ဆိုင်လာမှုမှာ သူကလည်း အရေးပါသူ တစ်ဦးဖြစ်ပြီး ဘရာဇီးသားပီပီ သပ်ရပ်တဲ့ ဖျက်ထုတ်မှုတွေလုပ်ဖို့ ပါးနပ်သလို ဘောလုံးအမြင်လည်း ကောင်းမွန်လှသူဖြစ်ပါတယ်။

ZAWGYI

၂၀၁၅ ခုႏွစ္ ေအာက္တိုဘာလမွာ လီဗာပူးမန္ေနဂ်ာအျဖစ္ အန္ဖီးကို ယာဂင္ကေလာ့ပ္ ဝင္လာခဲ့ခ်ိန္က လီဗာပူးဟာ ပရီးမီးယားလိဂ္ရဲ႕ ထိပ္တန္းအဆင့္မွာ ခိုင္ခိုင္ျမဲျမဲ ရပ္တည္ဖို႔ ေဝးကြာေနခဲ့ပါတယ္။

အဆိုပါနွစ္ ေဘာလံုးရာသီရဲ႕ ပရီးမီးယားလိဂ္ ခ်န္ပီယံက လက္စတာျဖစ္ျပီး ရမွတ္ ၈၁ မွတ္ျဖင့္ ခ်န္ပီယံျဖစ္ခ်ိန္မွာ လီဗာပူးအသင္းက ရမွတ္ ၆၀ ျဖင့္ အဆင့္ ၈ ေနရာမွာပဲ ရပ္တည္ခ့ဲတယ္။ ေနာက္ပိုင္းမွာ ခ်န္ပီယံလိဂ္ကို ပံုမွန္ဝင္ႏုိင္ဖို႔နဲ႔ ဆုဖလားေတြကို စိန္ေခၚလာဖို႔အတြက္ ကေလ့ာပ္က လီဗာပူးအသင္းကို အသြင္ေျပာင္းမႈၾကီးေတြ စတင္ လုပ္ေဆာင္ခဲ့ပါတယ္။

အဆိုပါထဲက ေက်ာ္ၾကားလွတဲ့ နည္းစနစ္ပိုင္း သက္ေရာက္မႈၾကီး ၁၀ ခုကို ေဖာ္ျပသြားမွာျဖစ္ပါတယ္။ ဒါေတြကိုေတာ့ The Athletic မွ နည္းစနစ္အသားေပး ေဆာင္းပါးရွင္ Michael Cox အျပင္ James Pearce နဲ႔ Simon Hughes တို႔ရဲ႕ ေရးသားမႈေတြကို ကိုးကား ေဖာ္ျပပါတယ္။

၁) ဖိအားေပးနည္းစနစ္

ယာဂင္ကေလာ့ပ္ မတိုင္ခင္ လီဗာပူးအသင္း က်င့္သံုးတဲ့ နည္းစနစ္က ဘရန္ဒန္ေရာ္ဂ်ာရဲ႕ ပိုင္ဆိုင္မႈပိုင္းကို အသားေပးတဲ့ နည္းစနစ္ျဖစ္ပါတယ္။ ေရာ္ဂ်ာဟာ ဆြမ္ဆီးနဲ႔အတူ လွပျပီး တိုက္စစ္ကို အသားေပးတဲ့ တိုက္စစ္အသားေပးဟန္ကို ေဖာ္ေဆာင္ခဲ့ျပီး အဆိုပါ နည္းစနစ္ေၾကာင့္ပဲ သူက လီဗာပူးအသင္းကို ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ ဆုဖလားေတြ စတင္ စိန္ေခၚရမယ့္ အခ်ိန္မွာေတာ့ ေရာ္ဂ်ာဟာ ဆြာရက္စ္၊ ဂ်ရတ္၊ စတာလင္တို႔လို အဓိက ကစားသမားေတြကို လက္လြတ္ရမႈနဲ႔အတူ ဖိအားေတြဝင္ခဲ့ျပီး အသင္းကေန ထြက္ခြာခဲ့ရတယ္။

ယာဂင္ကေလာ့ပ္ ၾကားျဖတ္ ဝင္ေရာက္လာစဥ္မွာေတာ့ ရာသီစကမွ အသစ္ေရာက္ထားတဲ့ မီလ္နာ၊ လယ္လာနာ၊ အိုရီဂီလို ကစားသမားေတြကို ကလိုင္း၊ မင္ညိဳလက္၊ စကာတယ္၊ ဆာခို၊ မိုရီႏို၊ လူးကပ္၊ ခ်န္၊ ေကာ္တင္ညိဳနဲ႔ ဟန္ဒါဆန္တို႔လို ကစားသမားေတြျဖင့္ ေပါင္းစပ္ျပီး လူစာရင္းတစ္ခုကို တည္ေဆာက္ခ့ဲရပါတယ္။

ေဘာလံုးဆံုးရံွဴးခ်ိန္မွာ ေဘာလံုးကို ခ်က္ျခင္း ျပန္လုရတဲ့ gegenpressing ေခၚ ဖိအားေပး နည္းစနစ္ကို ကေလာ့ပ္က ခ်က္ျခင္းပဲ အသက္သြင္းခဲ့ျပီး ပထမ တစ္ႏွစ္မွာေတာ့ ခက္ခဲမႈေတြရွိခဲ့ကာ အဆင့္ ၈ ေနရာနဲ႔ ရာသီသိမ္းခဲ့ပါတယ္။

၂) ဖာမင္ႏိုကို false nine ေနရာေျပာင္းျခင္း

လက္ရွိ လီဗာပူးအသင္းနဲ႔ အသင္းကစားတဲ့ နည္းစနစ္ျဖစ္လာဖို႔ အဓိကက်တဲ့ အသြင္ေျပာင္းမႈတစ္ခုလည္း ျဖစ္ပါတယ္။ ေရာ္ဂ်ာလက္ထက္က ေတာင္ပံတိုက္စစ္ေယာင္ေယာင္ ေနာက္ခ်န္ တိုက္စစ္ေယာင္ေယာင္ျဖင့္ အသားမက်ျဖစ္ေနတဲ့ ဖာမင္ႏိုကို ကေလာ့ပ္က false nine ေနရာကို ရဲရဲတင္းတင္း ေျပာင္းလဲခဲ့ပါတယ္။

ကေလာ့ပ္ေရာက္လာျပီး တလအၾကာမွာပဲ ယွဥ္ျပိဳင္ရတဲ့ မန္စီးတီးနဲ႔ပြဲမွာ ဖာမင္ႏိုက false nine ေနရာက အထူး ေျခစြမ္းျပခဲ့တယ္။ ဘယ္ျခမ္းမွာ ေကာ္တင္ညိဳကို ကစားေစျပီး ဖာမင္ႏိုရဲ႕ အေထာင္တိုက္စစ္ေနရာ ကစားေပးမႈ ေအာင္ျမင္ျခင္းေၾကာင့္ ဘန္တီကီကို ျပန္လည္ေရာင္းထုတ္ခဲ့ပါတယ္။

၃) ၄-၃-၃ နဲ႔ ၄-၁-၄-၁

ယာဂင္ကေလာ့ပ္ဟာ လီဗာပူးအသင္းနဲ႔ အံဝင္တဲ့ နည္းစနစ္က ၄-၃-၃ သာျဖစ္တယ္လို႔ ယံုၾကည္ခဲ့တယ္။ ဘရန္ဒန္ေရာ္ဂ်ာ လက္ထက္တုန္းက ခ်န္ကို ညာျခမ္း ခံစစ္ေနရာမွာထားတဲ့ ခံစစ္ ၃ ေယာက္တန္း ပံုစံ ကစားခဲ့ေပမယ့္ ကေလာ့ပ္ကေတာ့ အနာဂတ္အတြက္ ရည္ရြယ္တဲ့ သူ႔ရဲ႕ လူစာရင္းကို ၄-၃-၃ ကို အေျခခံတဲ့ အမာခံ လူစာရင္းနဲ႔ ကစားကြက္အျဖစ္ အသံုးျပဳခဲ့ပါတယ္။

သူဟာ ေဒါ့မြန္မွာတုန္းက ၄-၂-၃-၁ ကို အထူးျပဳေပမယ့္ လီဗာပူးမွာေတာ့ ၄-၃-၃ ကို အားျပဳခဲ့တယ္။ ေဘာလံုးပိုင္ဆုိင္မႈ မရွိခ်ိန္မွာေတာ့ ၄-၁-၄-၁ ကစားကြက္ကို ခ်က္ျခင္း ျပန္ေျပာင္းျပီး တိုက္စစ္သမား ႏွစ္ဦးကို ခံစစ္ ဆင္းကူေစခဲ့ပါတယ္။

၄) မာေနးနဲ႔ ဆာလက္တို႔ကို ေတာင္ပံေတြထံ ဝင္ေရာက္လာေစျခင္း

ယာဂင္ကေလာ့ပ္ရဲ႕ ကနဦး ကာလေတြတုန္းက ေတာင္ပံမွာ ေနရာရခဲ့သူ အိုဘ္ျဖစ္ပါတယ္။ ကေလာ့ပ္ဟာ လူသစ္ မေခၚႏုိင္ေသးခ်ိန္မွာ အိုင္ဘ္ကို စြဲစြဲျမဲျမဲ သံုးခဲ့တာေၾကာင့္ ေမြးစားသားလို႔ နာမည္ေျပာင္ရခဲ့တယ္။ ေနာက္ေတာ့ ဘုန္းေမာက္ထံ အိုဘ္ကို ေရာင္းထုတ္ခဲ့ျပီး ေတာင္ပံေနရာအတြက္ ကစားသမားသစ္ေတြ ေခၚယူရင္းက မာေနးကို ကနဦး ေခၚယူခဲ့ပါတယ္။

ေနာက္ထပ္ တစ္ရာသီမွာေတာ့ ဆာလက္ လီဗာပူးကို ေရာက္လာခဲ့ျပီး Fab 4 လို႔ ေက်ာ္ၾကားတဲ့ ဖာမင္ႏို၊ ေကာ္တင္ညိဳ၊ မာေနး၊ ဆာလက္ တိုက္စစ္ကို အသက္သြင္းပါေသးတယ္။ ဒါေပမယ့္ ေကာ္တင္ညိဳ ထြက္ခြာသြားတာေၾကာင့္ သံုးေယာက္တန္း တိုက္စစ္ပဲ က်န္ရွိခဲ့ပါတယ္။

၅) ဗန္ဒိုက္

လီဗာပူးမန္ေနဂ်ာဘဝ မန္ေနဂ်ာကေလာ့ပ္ရဲ႕ အရဲစြန္႔တဲ့ အေျပာင္းအလဲၾကီးတစ္ခု ျဖစ္ပါတယ္။ ၂၀၁၇ ခုႏွစ္ ရာသီစကတည္းက ဗန္ဒိုက္ကို ေခၚယူဖို႔ ၾကိဳးစားခဲ့ေပမယ့္ ေဆာက္သမ္တန္ရဲ႕ ပရီးမီးယားလိဂ္ တာဝန္ရွိသူေတြကို တိုင္ၾကားမႈေၾကာင့္ ပထမရာသီဝက္ကို ခံစစ္သမား မေခၚပဲ ခရီးဆက္ခဲ့တယ္။ လီဗာပူးခံစစ္က ဆိုးဆိုးရြားရြားေတြ ျဖစ္ခဲ့ျပီး ေကာ္တင္ညိ ဘာစီလိုနာကို ထြက္ခြာမယ္ဆိုတာကို သိတဲ့ေနာက္ ၂၀၁၈ ဇန္နဝါရီမွာ ဗန္ဒိုက္ကို ခံစစ္သမားအတြက္ ကမၻာစံခ်ိန္တင္ေၾကးျဖစ္တဲ့ ေပါင္ ၇၅ သန္း ေပးျပီး ေခၚယူခဲ့ပါတယ္။

လီဗာပူး ဂ်င္းမိျပီလို႔ လူတိုင္း ေျပာခဲ့ေပမယ့္ ဗန္ဒိုက္ ပါဝင္တဲ့ လီဗာပူးက အံ့ၾသသင့္ဖြယ္ေကာင္းေအာင္ ခံစစ္ပိုင္း တည္ျငိမ္လာျပီး ရာသီအကုန္မွာ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲကို ေရာက္ခဲ့ပါတယ္။

၆) အယ္လီဆန္

ကေလာ့ပ္က ေကာ္တင္ညိဳအစား အစားထိုးမႈနဲ႔အတူ တိုက္စစ္ကို ဦးစားေပး ေခၚယူလိုခဲ့ပါေသးတယ္။ ဒါေပမယ့္လို႔ လုိုင္ယြန္တိုက္စစ္သမား ဖယ္ကီရာကို ေခၚယူေရးမွာ ေဆးက်တဲ့အေၾကာင္းေတြ ျဖစ္ေပၚလာခဲ့ျပီး ေနာက္ပိုင္းမွာ တိုက္စစ္ကို မေခၚပဲ အယ္လီဆန္ကို ဂိုးသမားတစ္ဦးအတြက္ ကမၻာစံခ်ိန္တင္ေၾကး ေပးခဲ့တာျဖစ္တယ္။

အဲ့တုန္းကေတာ့ လူတိုင္းက ခ်န္ပီယံလိဂ္မွာ အေရးနိမ့္ခဲ့မႈေၾကာင့္ ကားရီးယက္ကို စိတ္ကုန္ေနခ်ိန္ျဖစ္ကာ အယ္လီဆန္ကို ေခၚယူျခင္းကို ႏွစ္သက္ခဲ့ၾကတယ္။ သို႔ေသာ္လည္း တိုက္စစ္သမားကို ေခၚယူမႈ မေအာင္ျမင္ခ်ိန္မွာ ေနာက္ထပ္ တိုက္စစ္သမားကို မရွာေတာ့ပဲ ေဘာလံုးကာကြယ္မႈနဲ႔ ျဖန္႔ေဝမႈေကာင္းတဲ့ ဂိုးသမားကိုပဲ ေခၚယူဖို႔ ဆံုးျဖတ္ခဲ့တာက မ်က္ခံုးပင့္စရာ ေရြးခ်ယ္မႈလည္း ျဖစ္ပါတယ္။

၇) အစြန္လူေတြကို တိုက္စစ္လိုက္ေစျခင္း

ေရာ္ဘတ္ဆန္နဲ႔ ထရန္႔တို႔ဟာ ဗန္ဒိုက္ မေရာက္လာေသးခင္မွာ စတင္ျပီး ပြဲထြက္ခြင့္ေတြ ရေနေပမယ့္ လီဗာပူးလူစာရင္းမွာ သူတို႔ကို ၾကီးၾကီးမားမား သက္ေရာက္မႈေတြ ရွိေစတာကေတာ့ ၂၀၁၈-၂၀၁၉ ေဘာလံုးရာသီက စတင္ပါတယ္။

သူတို႔ မတိုင္ခင္က မိုရီႏိုနဲ႔ ကလိုင္းတို႔ကိုလည္း ကေလာ့ပ္က သံုးခဲ့ေသးေပမယ့္ ဟန္ခ်က္ညီမႈ အားနည္းသလို မိုရီႏိုက တိုက္စစ္ကိုပဲ အားသန္လြန္းျပီး ကလိုင္းကေတာ့ ခံစစ္ကိုပဲ အားသန္လြန္းခဲ့ပါတယ္။

ကေလာ့ပ္ဟာ ေရာ္ဘတ္ဆန္နဲ႔ ထရန္႔ အစြန္သမား ႏွစ္ဦးကို အသင္းတိုက္စစ္ဆင္ခ်ိန္မွာ ေတာင္ပံကေန တိုက္စစ္ကို ခပ္မ်ားမ်ား လုိက္ေစျပီး ဧရိယာထဲကို ျဖတ္တင္ေဘာေတြ တတ္ႏုိင္သေလာက္ ေပးပို႔ေစခဲ့တယ္။ အသင္းခံစစ္ ကာကြယ္ရခ်ိန္မွာေတာ့ ေတာင္ပံေၾကာတစ္ေလွ်ာက္ ေနာက္ကို ျပန္ဆင္းေစျပီး ခံစစ္ကို ကူညီေစခဲ့ပါတယ္။ ဒီနည္းစနစ္မွာ ဘယ္ ညာ အစြန္ လူႏွစ္ဦးဟာ ကမၻာအဆင့္ အစြန္လူေတြအျဖစ္ ေတာက္ပလာခဲ့ျပီး ထရန္႔က ဂိုးေထာက္ပံ့မႈမွာ ဂရင္းနစ္စံခ်ိန္ ဝင္ခဲ့သလို ဒီရာသီမွာလည္း ဒီဘရိုင္းရဲ႕ေနာက္ ဒုတိယေျမာက္ ဂိုးေထာက္ပံ့မႈ အမ်ားဆံုး ပရီးမီးယားလိဂ္ ကစားသမားျဖစ္ပါတယ္။

၈) အျမင့္ေဘာ

လီဗာပူးကြင္းလယ္ဟာ အျမင့္ေဘာဆိုင္ရာ လႊမ္းမိုးမႈမွာ အားနည္းလြန္းျပီး ယခင္တုန္းက second ball နဲ႔ third ball ေတြမွာလည္း ျပိဳင္ဘက္ေတြကို အသာရမႈ နည္းပါတယ္။ လီဗာပူးတစ္သင္းလံုးရဲ႕ အရပ္အေမာင္းက ျပိဳင္ဘက္ေတြထက္ နိမ့္လြန္းျပီး တည္ကန္ေဘာေတြမွာဆိုလည္း အသာမရပါဘူး။

အဂၤလန္ရဲ႕ ရိုးရာစတိုင္လို႔ ေျပာရမယ့္ ရုပ္ပိုင္းဆိုင္ရာ အသားျပဳတဲ့ အသင္းေတြနဲ႔ ယွဥ္ျပိဳင္တိုင္း လီဗာပူးက ရလဒ္ေတြ ထိခိုက္ေလ့ရွိတယ္။ လီဗာပူးကို ႏုိင္လိုရင္ ဧရိယာထဲကို အရပ္ျမင့္တဲ့ ကစားသမားေတြ ျပံဳထည့္လိုက္လို႔ မွတ္ခ်က္ေပးခံရျပိး ေနာက္ပိုင္းမွာ ကေလာ့ပ္က ဖာဘင္ညိဳ၊ ဗန္ဒိုက္တို႔လို ကစားသမားေတြကို အျမင့္ေဘာပိုင္း တာဝန္ယူေစခဲ့တယ္။

မာတစ္၊ ဖာဘင္ညိဳ၊ ဗန္ဒိုက္တို႔က ခံစစ္ကေန အသင္းေဖာ္ေတြကို အျမင့္ေဘာ ေပးမႈမွာလည္း အားသန္ၾကျပီး ဘိုင္ယန္နဲ႔ပြဲမွ ဗန္ဒိုက္ရဲ႕ အျမင့္ေဘာ ေပးမႈကေန အခြင့္အေရးရွာ သြင္းယူခဲ့တဲ့ မာေနးရဲ႕ သြင္းဂိုးက ထင္ရွားတဲ့ ဥပမာ ျဖစ္ပါတယ္။

၉) ဟန္ဒါဆန္ကို ကြင္းလယ္အမာခံထားျခင္း

စတီဗင္ဂ်ရတ္ရဲ႕ ဆက္ခံသူ ဟန္ဒါဆန္ဟာ လီဗာပူးမွာ ေဝဖန္ခံရျခင္း မ်ားတဲ့ ကစားသမား ျဖစ္ပါတယ္။ ဒါေပမယ့္ ကေလာ့ပ္က သူ႔ရဲ႕ ဖိအားေပး နည္းစနစ္မွာ ဟန္ဒါဆန္ကို အျခားေသာ ကြင္းလယ္ေတြထဲ ပိုမို ယံုၾကည္ျပီး ေနရာေပးခဲ့ျခင္းလည္း ရွိတယ္။ ဟန္ဒါဆန္ရဲ႕ လႈပ္အား၊ ေဘာလံုးပိုင္ဆိုင္မႈ မရွိခ်ိန္မွာ ေရႊ႔လ်ားမႈနဲ႔ ဦးေဆာင္ႏုိင္စြမ္းေတြက ကေလာ့ပ္ရဲ႕ နည္းစနစ္အတြက္ အဓိက က်ခဲ့တယ္။

တိုက္စစ္ကို လိုက္ပါရတာကလြဲလို႔ ဟန္ဒါဆန္ကို ကြင္းလယ္ ေနရာစံုမွာ အသံုးခ်ခဲ့ျပီး သူဟာ လီဗာပူးအသင္း ကစားကြက္ တည္ေဆာက္မႈရဲ႕ အခရာျဖစ္သလို ျပိဳင္ဘက္ ကစားကြက္ အဓိက ဖ်က္ဆီးသူလည္း ျဖစ္လာခဲ့တယ္။ ဖာဘင္ညိဳ ေရာက္လာျပီး ေနာက္ပိုင္းမွာ ဟန္ဒါဆန္က တိုက္စစ္ကို အနည္းငယ္ ပိုလိုက္ရေပမယ့္ ကြင္းလယ္မွာ ဖာဘင္ညိဳနဲ႔ အျပိဳင္ ကြင္းလယ္ရိုးကို ဟန္ခ်က္ညီေစဖို႔ အေထာက္အပံ့ ေပးရပါတယ္။

ေနာက္ပိုင္းမွာေတာ့ ဟန္ဒါဆန္ဟာ တိုက္စစ္လိုက္မႈမ်ားတဲ့ ထရန္႔ရဲ႕ ေနာက္ကြယ္က ေနရာလြတ္ေတြကို ျဖည့္ကစားေပးမႈ၊ ဖာဘင္ညိဳနဲ႔ အျခားေသာ ကြင္းလယ္ အသင္းေဖာ္အတြက္ ေနရာ ခင္းက်င္းေပးမႈေတြနဲ႔အတူ လီဗာပူးရဲ႕ မရွိမျဖစ္ ကစားသမားတစ္ဦးလည္း ျဖစ္လာခဲ့တယ္။

၁၀) ဖာဘင္ညိဳရဲ႕ လႊမ္းမိုးႏုိင္ျခင္း

မာေရွးယာႏုိေနာက္ပိုင္း လီဗာပူးရဲ႕ အေကာင္းဆံုး ကြင္းလယ္ခံစစ္သမားျဖစ္တဲ့ ဖာဘင္ညိဳဟာ သူ႔ရဲ႕ အေကာင္းဆံုး လုပ္ႏုိင္စြမ္းေတြကို ျပသထားပါတယ္။ လီဗာပူးအသင္း ခံစစ္ပိုင္း ေကာင္းမြန္တဲ့ မွတ္တမ္းေတြကို ပိုင္ဆိုင္လာမႈမွာ သူကလည္း အေရးပါသူ တစ္ဦးျဖစ္ျပီး ဘရာဇီးသားပီပီ သပ္ရပ္တဲ့ ဖ်က္ထုတ္မႈေတြလုပ္ဖို႔ ပါးနပ္သလို ေဘာလံုးအျမင္လည္း ေကာင္းမြန္လွသူျဖစ္ပါတယ္။