မန်စီးတီးအသင်းက ဒီရာသီ ၎င်းတို့ အိမ်ကွင်းကို ရောက်လာမယ့် လီဗာပူးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ဂုဏ်ပြုမှု လုပ်ပေးမယ်လို့ သိရပါတယ်။

လီဗာပူးဟာ နှစ်ပေါင်း ၃၀ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို တစ်ကျော့ပြန် အနိုင်ရခဲ့တာဖြစ်ပြီး ဒီအတွက် ယာဂင်ကလော့ပ် ဦးဆောင်တဲ့ လီဗာပူးအသင်းသားတွေက ကြီးစွာသော ဂုဏ်ပြုမှုတွေကို ရရှိနေကြပါတယ်။ လီဗာပူးဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း အမှတ်ပေးဖလား အိပ်မက်အတွက် ဇွဲကြီးကြီး ကြိုစားခဲ့ပြီး ဒီရာသီမှာတော့ အံ့မခန်း ခြေစွမ်းတွေနဲ့အတူ အမှတ်ပေးပွဲ ၇ ပွဲ ကစားဖို့ ကျန်ရှိနေချိန်မှာပဲ ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဇူလိုင်လ ၃ ရက်နေ့မှာ ယှဉ်ပြိုင်မယ့် မန်စီးတီးနဲ့ လီဗာပူးပွဲဟာ ဘယ်ကွင်းမှာ ကစားရမလဲဆိုတာကိုတော့ အတည်ပြုထားခြင်း မရှိပါဘူး။ လီဗာပူးဒေသခံ အဖွဲ့အစည်းကတော့ အီသီဟတ်မှာပဲ ယှဉ်ပြိုင်ကြဖို့ တောင်းဆိုထားတယ်။ အီသီဟတ်မှာတော့ ချန်ပီယံသစ် လီဗာပူးကို ဂုဏ်ပြုပေးဖို့ မန်စီးတိးဘက်က အဆင်သင့် ဖြစ်နေမယ်လို့ ဂွာဒီယိုလာရဲ့ ပြောဆိုမှုအရ သိရပါတယ်။

ဂွာဒီယိုလာက ” လီဗာပူးကို ဂုဏ်ပြုမှုကို ကျနေ်ာတို့ သေချာပေါက် လုပ်ပေးမှာပါ။ ကျနေ်ာတို့ အိမ်ကွင်းကို သူတို့ ရောက်လာတဲ့အခါ guard of honour လုပ်ပေးသွားဖို့ ရှိပါတယ်။ ဒါက သူတို့နဲ့ ထိုက်တန်ပြီး ဒီထိုက်တန်မှုကြောင့်လည်း ကျနေ်ာတို့က ဂုဏ်ပြုပေးမှာပါ ” လို့ အတည်ပြုခဲ့တယ်။

လီဗာပူးဟာ မနှစ်တုန်းက မန်စီးတီးနောက် တစ်မှတ် အကွာကနေ အမှတ်ပေးဖလားကို လက်လွတ်ခဲ့ရတာဖြစ်ပြီး ဒီရာသီမှာတော့ ပြတ်ပြတ်သားသား ဦးဆောင်မှုနဲ့အတူ ပြိုင်ဘက်ကြီးကို ၂၃ မှတ်ထိ ဖြတ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

မန္စီးတီးအသင္းက ဒီရာသီ ၄င္းတို႔ အိမ္ကြင္းကို ေရာက္လာမယ့္ လီဗာပူးအသင္းကို ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ဂုဏ္ျပဳမႈ လုပ္ေပးမယ္လို႔ သိရပါတယ္။

လီဗာပူးဟာ ႏွစ္ေပါင္း ၃၀ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို တစ္ေက်ာ့ျပန္ အႏုိင္ရခဲ့တာျဖစ္ျပီး ဒီအတြက္ ယာဂင္ကေလာ့ပ္ ဦးေဆာင္တဲ့ လီဗာပူးအသင္းသားေတြက ၾကီးစြာေသာ ဂုဏ္ျပဳမႈေတြကို ရရွိေနၾကပါတယ္။ လီဗာပူးဟာ ၁၉၉၀ ခုနွစ္ေနာက္ပိုင္း အမွတ္ေပးဖလား အိပ္မက္အတြက္ ဇြဲၾကီးၾကီး ၾကိဳစားခဲ့ျပီး ဒီရာသီမွာေတာ့ အံ့မခန္း ေျခစြမ္းေတြနဲ႔အတူ အမွတ္ေပးပြဲ ၇ ပြဲ ကစားဖို႔ က်န္ရွိေနခ်ိန္မွာပဲ ခ်န္ပီယံျဖစ္ခဲ့ပါတယ္။

ဇူလိုင္လ ၃ ရက္ေန႔မွာ ယွဥ္ျပိဳင္မယ့္ မန္စီးတီးနဲ႔ လီဗာပူးပြဲဟာ ဘယ္ကြင္းမွာ ကစားရမလဲဆိုတာကိုေတာ့ အတည္ျပဳထားျခင္း မရွိပါဘူး။ လီဗာပူးေဒသခံ အဖြဲ႔အစည္းကေတာ့ အီသီဟတ္မွာပဲ ယွဥ္ျပိဳင္ၾကဖို႔ ေတာင္းဆိုထားတယ္။ အီသီဟတ္မွာေတာ့ ခ်န္ပီယံသစ္ လီဗာပူးကို ဂုဏ္ျပဳေပးဖို႔ မန္စီးတိးဘက္က အဆင္သင့္ ျဖစ္ေနမယ္လို႔ ဂြာဒီယိုလာရဲ႕ ေျပာဆိုမႈအရ သိရပါတယ္။

ဂြာဒီယိုလာက ” လီဗာပူးကို ဂုဏ္ျပဳမႈကို က်ေန္ာတို႔ ေသခ်ာေပါက္ လုပ္ေပးမွာပါ။ က်ေန္ာတို႔ အိမ္ကြင္းကို သူတို႔ ေရာက္လာတဲ့အခါ guard of honour လုပ္ေပးသြားဖို႔ ရွိပါတယ္။ ဒါက သူတို႔နဲ႔ ထိုက္တန္ျပီး ဒီထိုက္တန္မႈေၾကာင့္လည္း က်ေန္ာတို႔က ဂုဏ္ျပဳေပးမွာပါ ” လို႔ အတည္ျပဳခဲ့တယ္။

လီဗာပူးဟာ မႏွစ္တုန္းက မန္စီးတီးေနာက္ တစ္မွတ္ အကြာကေန အမွတ္ေပးဖလားကို လက္လြတ္ခဲ့ရတာျဖစ္ျပီး ဒီရာသီမွာေတာ့ ျပတ္ျပတ္သားသား ဦးေဆာင္မႈနဲ႔အတူ ျပိဳင္ဘက္ၾကီးကို ၂၃ မွတ္ထိ ျဖတ္ထားႏုိင္ခဲ့တာ ျဖစ္ပါတယ္။