လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်ချိန်မှာ ဂုဏ်ယူစွာ အောင်ပွဲခံခဲ့သူ တစ်ဦးကတော့ ဝက်ကွန်ဘီအသင်း တိုက်စစ်သမား Adebayo Akinfenwa ပဲ ဖြစ်ပါတယ်။

သူဘယ်သူလဲဆိုတာ မေ့နေတဲ့ လီဗာပူး ပရိသတ်တွေကို ပြန်အမှတ်ရစေဖို့ အစဖော်ပေးရမယ်ဆိုရင် ၂၀၁၅ ခုနှစ် ဇန်နဝါရီတုန်းက အဒီဘာယိုဟာ လီဗာပူးနဲ့ ဝက်ကွန်ဘီတို့ အက်ဖ်အေဖလားမှာ ထိပ်တိုက်တွေ့စဉ် လီဗာပူးဘက် ဂိုး သွင်းယူခဲ့သူပါပဲ။ အဝတ်လဲခန်းမှာတည်းက အသင်းဖော်တွေကို သူ သတိပေးခဲ့တာက ပွဲပြီးလို့ ဂျရတ်ဂျာစီကို သူနဲ့ အပြိုင် လုသူရှိရင် သူနဲ့ ပြဿနာတတ်လိမ့်မယ်လို့ ဖြစ်ပါတယ်။

အဒီဘာယိုက လီဗာပူး အမာခံပရိသတ်တွေဖြစ်ပြီး အသင်းကို နစ်နစ်ကာကာ အားပေးကြောင်းကို လူမြင်ကွင်းတွေမှာ ထုတ်ပြလေ့ရှိသူဖြစ်တယ်။ လီဗာပူး ပရီးမီးယားလိဂ်ဖလား အနိုင်ရကြောင်း သိရအပြီးမှာ ဝက်ကွန်ဘီအသင်း လေ့ကျင့်ရေးကို သူ့အသင်း ဂျာစီဝတ်ပြီး မသွားဘဲ လီဗာပူးဂျာစီနဲ့ သွားခဲ့ကာ လေ့ကျင့်ရေးပါ ဆင်းခဲ့ပါတယ်။

ဝက်ကွန်ဘီက အဆိုပါ ကိစ္စအတွက် ဒဏ်ငွေရိုက်ရာမှာလဲ ‘ ကလပ်ရဲ့ ဒဏ်ရိုက်မှုကို ပျော်ပျော်ပြီး ပေးဆောင်ခဲ့တယ် ‘ ဆိုကာ အင်စတာဂရမ်မှာ ဖော်ပြခဲ့သေးတာဖြစ်တယ်။

သူကပဲ ဆက်လက်ပြီး ” ဒဏ်ကြေးဆောင်ရလို့လည်း ကျနော်က ပျော်ပါတယ်။ မန်နေဂျာကိုလည်း ဒဏ်ကြေး ပေးပြီးပါပြီ။ လီဗာပူးဂျာစီဝတ်လို့ ကျနော်အပေါ် မုန်းတီးမှုတွေ အများကြီး ရထားပါတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ဘယ်လောက်ပဲ မုန်းတီးကြပါစေ လက်ခံသွားမှာပါ ” လို့ ဖော်ပြသွားခဲ့တာ ဖြစ်ပါတယ်။

သားရဲကြီးလို့ နာမည်ပြောင်ရထားတဲ့ အဒီဘာယိုက လီဗာပူး ချန်ပီယံဖြစ်တာအတွက် အရမ်းကို ပျော်နေပြီး သူ့နည်းတူ ကျနေ်ာတို့ လီဗာပူးပရိသတ်တွေကလည်း အတိုင်းမသိ ပျော်ရွှင်နေကြတာပဲ မဟုတ်ပါလား။

ZAWGYI

လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ခ်ိန္မွာ ဂုဏ္ယူစြာ ေအာင္ပြဲခံခဲ့သူ တစ္ဦးကေတာ့ ဝက္ကြန္ဘီအသင္း တိုက္စစ္သမား Adebayo Akinfenwa ပဲ ျဖစ္ပါတယ္။

သူဘယ္သူလဲဆိုတာ ေမ့ေနတဲ့ လီဗာပူး ပရိသတ္ေတြကို ျပန္အမွတ္ရေစဖို႔ အစေဖာ္ေပးရမယ္ဆိုရင္ ၂၀၁၅ ခုႏွစ္ ဇန္နဝါရီတုန္းက အဒီဘာယိုဟာ လီဗာပူးနဲ႔ ဝက္ကြန္ဘီတို႔ အက္ဖ္ေအဖလားမွာ ထိပ္တိုက္ေတြ႔စဥ္ လီဗာပူးဘက္ ဂိုး သြင္းယူခဲ့သူပါပဲ။ အဝတ္လဲခန္းမွာတည္းက အသင္းေဖာ္ေတြကို သူ သတိေပးခဲ့တာက ပြဲျပီးလို႔ ဂ်ရတ္ဂ်ာစီကို သူနဲ႔ အျပိဳင္ လုသူရွိရင္ သူနဲ႔ ျပႆနာတတ္လိမ့္မယ္လို႔ ျဖစ္ပါတယ္။

အဒီဘာယိုက လီဗာပူး အမာခံပရိသတ္ေတြျဖစ္ျပီး အသင္းကို နစ္နစ္ကာကာ အားေပးေၾကာင္းကို လူျမင္ကြင္းေတြမွာ ထုတ္ျပေလ့ရွိသူျဖစ္တယ္။ လီဗာပူး ပရီးမီးယားလိဂ္ဖလား အႏုိင္ရေၾကာင္း သိရအျပီးမွာ ဝက္ကြန္ဘီအသင္း ေလ့က်င့္ေရးကို သူ႔အသင္း ဂ်ာစီဝတ္ျပီး မသြားဘဲ လီဗာပူးဂ်ာစီနဲ႔ သြားခဲ့ကာ ေလ့က်င့္ေရးပါ ဆင္းခဲ့ပါတယ္။

ဝက္ကြန္ဘီက အဆိုပါ ကိစၥအတြက္ ဒဏ္ေငြရိုက္ရာမွာလဲ ‘ ကလပ္ရဲ႕ ဒဏ္ရိုက္မႈကို ေပ်ာ္ေပ်ာ္ျပီး ေပးေဆာင္ခဲ့တယ္ ‘ ဆိုကာ အင္စတာဂရမ္မွာ ေဖာ္ျပခဲ့ေသးတာျဖစ္တယ္။

သူကပဲ ဆက္လက္ျပီး ” ဒဏ္ေၾကးေဆာင္ရလို႔လည္း က်ေနာ္က ေပ်ာ္ပါတယ္။ မန္ေနဂ်ာကိုလည္း ဒဏ္ေၾကး ေပးျပီးပါျပီ။ လီဗာပူးဂ်ာစီဝတ္လို႔ က်ေနာ္အေပၚ မုန္းတီးမႈေတြ အမ်ားၾကီး ရထားပါတယ္။ ဒါေပမယ့္ အဆင္ေျပပါတယ္။ ဘယ္ေလာက္ပဲ မုန္းတီးၾကပါေစ လက္ခံသြားမွာပါ ” လို႔ ေဖာ္ျပသြားခဲ့တာ ျဖစ္ပါတယ္။

သားရဲၾကီးလို႔ နာမည္ေျပာင္ရထားတဲ့ အဒီဘာယိုက လီဗာပူး ခ်န္ပီယံျဖစ္တာအတြက္ အရမ္းကို ေပ်ာ္ေနျပီး သူ႔နည္းတူ က်ေန္ာတို႔ လီဗာပူးပရိသတ္ေတြကလည္း အတိုင္းမသိ ေပ်ာ္ရႊင္ေနၾကတာပဲ မဟုတ္ပါလား။