လီဗာပူးအသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်မှာ တီမိုဗာနာအတွက် ချယ်ဆီးနဲ့အပြိုင် ဝင်ရောက်ခဲ့ခြင်း မရှိတာအတွက် ပရိသတ်တွေဘက်က အမြင်မကြည့်မှု အချို့လည်း ရှိထားပါတယ်။

ဒီဘက်နှစ်တွေမှာ အန်ဖီးကွင်းကို တိုးချဲ့မှု၊ ကစားသမားသစ် ခေါ်ယူရေးတွေကို လုပ်ဆောင်မှု၊ အမာခံ ကစားသမားတွေကို ကာလရှည် သက်တမ်းတိုးမှုနဲ့ လေ့ကျင့်ရေး ကွင်းသစ် တည်ဆောက်မှုတွေလည်း ရှိထားတာဖြစ်တယ်။ အသင်းဥက္ကဌ ဝါနာက အသင်းပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ အသင်းအပေါ် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားပေမယ့် အမြတ်အစွန်းတွေကို တစ်ပြားတစ်ချပ်တောင် ကိုယ်ကျိုးအတွက် ထုတ်ယူခြင်း မရှိပါဘူးလို့ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူး ဥက္ကဌဖြစ်သူ ဝါနာက ” ဆုဖလား အောင်မြင်မှု စက်ဝန်းက အရေးပါတယ်ဆိုတာကို ငါပြောခဲ့ပြီး ဖြစ်သလို မင်းတို့လည်း သိကြမှာပါ။ ဒီတော့ ဘဏ္ဍာရေးပိုင်း တည်ငြိမ်မှုနဲ့အတူ ကလပ်အသင်း အင်အားတောင့်တင်းလာဖို့ စီးပွားရေးဆိုင်ရာ မြှုပ်နှံသူတွေနဲ့ စကားပြောချိန်မှာ ဆုဖလားက အရေးကြီးပါတယ်။

နောက်ပြီး လူတိုင်းလည်း သိကြမှာပါ။ အသင်းရဲ့ အမြတ်ငွေတွေကနေပြီး စတာလင်ပေါင် တစ်ပေါင်တောင်မှ ငါတို့ ထုတ်ယူခဲ့ခြင်းလည်း မရှိပါဘူး။ ဘာလို့လည်းဆိုတော့ ငါတို့ ရင်းနှီးမြုပ်နှံထားတဲ့ ငွေကြေးတိုင်က အနာဂတ်အတွက် ရည်ရွယ်တာ ဖြစ်လို့ပါပဲ။

ဒီကာလတိုအတွင်းမှာတော့ ငါတို့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေပါတယ်။ အဲ့တာကလည်း ကိုဗစ်-၁၉ ကြောင့်ပါပဲ။ ငါတို့ စကားပြောမှုတွေ အများကြီး လုပ်နေရပြီး ဒီစိန်ခေါ်မှု ကာလကို ဘယ်လို ရင်ဆိုင်ကျော်ဖြတ်ရမလဲအပေါ် ဆွေးနွေးနေပါတယ်။ ငါတို့မှာ အသင်းကောင်း တစ်သင်းရှိပြီး လေ့ကျင့်ရေး ကွင်းသစ်ကိုလည်း ရင်းနှီးမြုပ်နှံနေပါတယ်။ ဒီကာလကြီးကို ရင်ဆိုင် ကျော်ဖြတ်လိုပါတယ်။

ကမ္ဘာကြီးလိုပဲ ကိုရိုနာဗိုင်းရပ်ရဲ့ စိန်ခေါ်မှုတွေကို ငါတို့ ရင်ဆိုင်နေရတယ်။ ငါ့ရဲ့ အိပ်မက်ကတော့ အန်ဖီးကွင်းမှာ ပရိသတ်တွေ အပြည့်နဲ့ အားပေးကြတဲ့ အခိုက်အတန့်ကို ပြန်မြင်ရဖို့ပါပဲ။ ဒီနေ့တွေမှာ ငါစဉ်းစားနေတာက အဲ့အကြောင်းပါပဲ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ကိုရိုနာကပ်ဘေး အလွန်ကာလမှာ ကမ္ဘာထိပ်တန်း အသင်းများ စာရင်းမှာ ဆက်ရပ်တည်နိုင်ဖို့ ငွေကြေးဆိုင်ရာ ဟန်ချက်ညီမှု ရှိဖို့ လိုအပ်မှာဖြစ်တယ်။ ကမ္ဘာဓနအင်အား အကြီးဆုံး အသင်းတွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ယူနိုက်တက်တို့က အသုံးစရိတ် ချေးငွေတွေ ထုတ်ယူနေကြပေမယ့် လီဗာပူးအသင်းကတော့ လာမယ့် ကာလတွေကို သတိကြီးကြီး ချဉ်းကပ်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ အေျပာင္းအေရႊ႔ ေစ်းကြက္မွာ တီမိုဗာနာအတြက္ ခ်ယ္ဆီးနဲ႔အျပိဳင္ ဝင္ေရာက္ခဲ့ျခင္း မရွိတာအတြက္ ပရိသတ္ေတြဘက္က အျမင္မၾကည့္မႈ အခ်ိဳ႔လည္း ရွိထားပါတယ္။

ဒီဘက္ႏွစ္ေတြမွာ အန္ဖီးကြင္းကို တိုးခ်ဲ႔မႈ၊ ကစားသမားသစ္ ေခၚယူေရးေတြကို လုပ္ေဆာင္မႈ၊ အမာခံ ကစားသမားေတြကို ကာလရွည္ သက္တမ္းတိုးမႈနဲ႔ ေလ့က်င့္ေရး ကြင္းသစ္ တည္ေဆာက္မႈေတြလည္း ရွိထားတာျဖစ္တယ္။ အသင္းဥကၠဌ ဝါနာက အသင္းပိုင္ရွင္ေတြျဖစ္တဲ့ FSG ဟာ အသင္းအေပၚ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ထားေပမယ့္ အျမတ္အစြန္းေတြကို တစ္ျပားတစ္ခ်ပ္ေတာင္ ကိုယ္က်ိဳးအတြက္ ထုတ္ယူျခင္း မရွိပါဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူး ဥကၠဌျဖစ္သူ ဝါနာက ” ဆုဖလား ေအာင္ျမင္မႈ စက္ဝန္းက အေရးပါတယ္ဆိုတာကို ငါေျပာခဲ့ျပီး ျဖစ္သလို မင္းတို႔လည္း သိၾကမွာပါ။ ဒီေတာ့ ဘ႑ာေရးပိုင္း တည္ျငိမ္မႈနဲ႔အတူ ကလပ္အသင္း အင္အားေတာင့္တင္းလာဖို႔ စီးပြားေရးဆုိင္ရာ ျမွဳပ္ႏွံသူေတြနဲ႔ စကားေျပာခ်ိန္မွာ ဆုဖလားက အေရးၾကီးပါတယ္။

ေနာက္ျပီး လူတိုင္းလည္း သိၾကမွာပါ။ အသင္းရဲ႕ အျမတ္ေငြေတြကေနျပီး စတာလင္ေပါင္ တစ္ေပါင္ေတာင္မွ ငါတို႔ ထုတ္ယူခဲ့ျခင္းလည္း မရွိပါဘူး။ ဘာလုိ႔လည္းဆိုေတာ့ ငါတို႔ ရင္းႏွီးျမဳပ္ႏွံထားတဲ့ ေငြေၾကးတိုင္က အနာဂတ္အတြက္ ရည္ရြယ္တာ ျဖစ္လို႔ပါပဲ။

ဒီကာလတိုအတြင္းမွာေတာ့ ငါတို႔ စိန္ေခၚမႈေတြနဲ႔ ရင္ဆိုင္ေနပါတယ္။ အဲ့တာကလည္း ကိုဗစ္-၁၉ ေၾကာင့္ပါပဲ။ ငါတို႔ စကားေျပာမႈေတြ အမ်ားၾကီး လုပ္ေနရျပီး ဒီစိန္ေခၚမႈ ကာလကို ဘယ္လို ရင္ဆိုင္ေက်ာ္ျဖတ္ရမလဲအေပၚ ေဆြးေႏြးေနပါတယ္။ ငါတို႔မွာ အသင္းေကာင္း တစ္သင္းရွိျပီး ေလ့က်င့္ေရး ကြင္းသစ္ကိုလည္း ရင္းႏွီးျမဳပ္ႏွံေနပါတယ္။ ဒီကာလၾကီးကို ရင္ဆုိင္ ေက်ာ္ျဖတ္လိုပါတယ္။

ကမၻာၾကီးလိုပဲ ကိုရိုနာဗုိင္းရပ္ရဲ႕ စိန္ေခၚမႈေတြကို ငါတို႔ ရင္ဆိုင္ေနရတယ္။ ငါ့ရဲ႕ အိပ္မက္ကေတာ့ အန္ဖီးကြင္းမွာ ပရိသတ္ေတြ အျပည့္နဲ႔ အားေပးၾကတဲ့ အခိုက္အတန္႔ကို ျပန္ျမင္ရဖို႔ပါပဲ။ ဒီေန႔ေတြမွာ ငါစဥ္းစားေနတာက အဲ့အေၾကာင္းပါပဲ ” လို႔ ေျပာဆိုခ့့ဲတာ ျဖစ္ပါတယ္။

ကိုရိုနာကပ္ေဘး အလြန္ကာလမွာ ကမၻာထိပ္တန္း အသင္းမ်ား စာရင္းမွာ ဆက္ရပ္တည္ႏုိင္ဖို႔ ေငြေၾကးဆိုင္ရာ ဟန္ခ်က္ညီမႈ ရွိဖို႔ လိုအပ္မွာျဖစ္တယ္။ ကမၻာဓနအင္အား အၾကီးဆံုး အသင္းေတြျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ ယူႏုိက္တက္တို႔က အသံုးစရိတ္ ေခ်းေငြေတြ ထုတ္ယူေနၾကေပမယ့္ လီဗာပူးအသင္းကေတာ့ လာမယ့္ ကာလေတြကို သတိၾကီးၾကီး ခ်ဥ္းကပ္ဖို႔ ျပင္ဆင္ထားတာ ျဖစ္ပါတယ္။