ဘာစီလိုနာ တိုက်စစ်မှူး လူးဝစ် ဆွာရက်စ်ကတော့ သူ့ရဲ့ လီဗာပူး အသင်းဖော်ဟောင်း ဟန်ဒါဆန် တစ်ယောက် ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်လို အထင်ကရ ဆုဖလားတွေ ဆက်တိုက် အောင်မြင်နေမှုအပေါ် ဝမ်းသာ ပီတိဖြစ်မိကြောင်း ထုတ်ဖော် ပြောဆိုပါတယ်။

လီဗာပူး တိုက်စစ်သမား ဖာမင်နိုက ပရီးမီးယားလိဂ်ဖလားကို အောင်မြင်တဲ့နောက် ဆံပင်ကို အနီရောင်းဆိုးပြီး အောင်ပွဲခံခဲ့ပါတယ်။ လီဗာပူး အဝတ်လဲခန်းဟာ ချန်ပီယံဖြစ်ရင် ဆံပင် အနီရောင်ဆိုးမယ်လို့ ကတိပြုကြဖူးပါတယ်။

လီဗာပူးအသင်းဥက္ကဌ ဝါနာက အသင်းပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ အသင်းအပေါ် ရင်းနှီးမြုပ်နှံမှုတွေ လုပ်ထားပေမယ့် အမြတ်အစွန်းတွေကို တစ်ပြားတစ်ချပ်တောင် ကိုယ်ကျိုးအတွက် ထုတ်ယူခြင်း မရှိပါဘူးလို့ ဖွင့်ဟလိုက်ပါတယ်။

လီဗာပူးအသင်း ပရီးမီးယားလိဂ်ဖလား အောင်မြင်ချိန်မှာ ဂုဏ်ယူစွာ အောင်ပွဲခံခဲ့သူ တစ်ဦးကတော့ ဝက်ကွန်ဘီအသင်း တိုက်စစ်သမား Adebayo Akinfenwa ပဲ ဖြစ်ပြီး သူ့အသင်း လေ့ကျင့်ရေးကိုတောင် လီဗာပူးဂျာစီဝင်ပြီး သွားရောက်ခဲ့တာကြောင့် ဒဏ်တပ်ခံခဲ့ရပါတယ်။

မန်စီးတီးအသင်းက ဒီရာသီ ၎င်းတို့ အိမ်ကွင်းကို ရောက်လာမယ့် လီဗာပူးအသင်းကို ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် ဂုဏ်ပြုမှု လုပ်ပေးမယ်လို့ မန်နေဂျာဂွာဒီယိုလာရဲ့ ထုတ်ပြောမှုအရ သိရပါတယ်။

မန်နေဂျာယာဂင်ကလောပ့်က ဒီနွေမှာ လီဗာပူးက ဆန်ချိုကို ခေါ်ယူခဲ့မယ်ဆိုရင် အရမ်းကို အံ့အားသင့်မိပါလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းရဲ့ အောင်မြင်မှုတွေအတွက် အသင်း တာဝန်ရှိသူတွေက အားကစားဒါရိုက်တာ မိုင်ကယ်အဒ်ဝတ်ကို ကျေးဇူးတင်ကြောင့် ထုတ်ပြောသွားခဲ့ပါတယ်။ အဒ်ဝတ်ဟာ ကလော့ပ် အလိုရှိတဲ့ ကစားသမားတွေကို ခေါ်ယူပေးဖို့ အဓိက တာဝန်ယူသူ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် လီဗာပူးအသင်းဟာ ဆုတံဆိပ် ၄၀ ရရှိမှာဖြစ်ပြီး လောလောဆယ်မှာ အသင်းသား ၂၁ ဦးကိုတော့ ဆုတံဆိပ်ပေးဖို့ သေချာနေပြီး ကျန် ဆုတံဆိပ်တွေကိုတော့ ဆက်လက် ခွဲဝေသွားမှာပါ။

လီဗာပူးကစားသမားဟောင်းကြီး မက် လော်ရန်ဆန်ကတော့ ယာဂင်ကလော့ပ်ဟာ ကားရီးယက်ကလွဲရင် ဘယ်ကစားသမားကိုမဆို တိုးတက်အောင် လုပ်ပေးနိုင်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။

လီဗာပူးသတင်းထောက်တွေဘက်က အတည်မပြုပေးပေမယ့် အီတလီဘက်ကတော့ မန်နေဂျာကလော့ပ်ဟာ ကူလီဘာလီကို အလိုရှိနေတယ်လို့ ဆက်တိုက် ဖော်ပြနေကြပါတယ်။

ဟာသာဘာလင်က လီဗာပူးက ဂရုဂျစ်ကို ပြန်ခေါ်ယူလိုပြီး ရာသီကြိုအတွက် အဆင်သင့်ပြင်ထားလိုကြောင်း သတိပေးထားတယ်လို့ ဝန်ခံသွားပါတယ်။

ZAWGYI

ဘာစီလိုနာ တိုက္စစ္မွဴး လူး၀စ္ ဆြာရက္စ္ကေတာ့ သူ႔ရဲ႕ လီဗာပူး အသင္းေဖာ္ေဟာင္း ဟန္ဒါဆန္ တစ္ေယာက္ ခ်န္ပီယံလိဂ္နဲ႔ ပရီးမီးယားလိဂ္လို အထင္ကရ ဆုဖလားေတြ ဆက္တုိက္ ေအာင္ျမင္ေနမႈအေပၚ ဝမ္းသာ ပီတိျဖစ္မိေၾကာင္း ထုတ္ေဖာ္ ေျပာဆိုပါတယ္။

လီဗာပူး တိုက္စစ္သမား ဖာမင္ႏိုက ပရီးမီးယားလိဂ္ဖလားကို ေအာင္ျမင္တဲ့ေနာက္ ဆံပင္ကို အနီေရာင္းဆိုးျပီး ေအာင္ပြဲခံခဲ့ပါတယ္။ လီဗာပူး အဝတ္လဲခန္းဟာ ခ်န္ပီယံျဖစ္ရင္ ဆံပင္ အနီေရာင္ဆိုးမယ္လို႔ ကတိျပဳၾကဖူးပါတယ္။

လီဗာပူးအသင္းဥကၠဌ ဝါနာက အသင္းပိုင္ရွင္ေတြျဖစ္တဲ့ FSG ဟာ အသင္းအေပၚ ရင္းႏွီးျမဳပ္ႏွံမႈေတြ လုပ္ထားေပမယ့္ အျမတ္အစြန္းေတြကို တစ္ျပားတစ္ခ်ပ္ေတာင္ ကိုယ္က်ိဳးအတြက္ ထုတ္ယူျခင္း မရွိပါဘူးလို႔ ဖြင့္ဟလိုက္ပါတယ္။

လီဗာပူးအသင္း ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္ခ်ိန္မွာ ဂုဏ္ယူစြာ ေအာင္ပြဲခံခဲ့သူ တစ္ဦးကေတာ့ ဝက္ကြန္ဘီအသင္း တိုက္စစ္သမား Adebayo Akinfenwa ပဲ ျဖစ္ျပီး သူ႔အသင္း ေလ့က်င့္ေရးကိုေတာင္ လီဗာပူးဂ်ာစီဝင္ျပီး သြားေရာက္ခဲ့တာေၾကာင့္ ဒဏ္တပ္ခံခဲ့ရပါတယ္။

မန္စီးတီးအသင္းက ဒီရာသီ ၄င္းတို႔ အိမ္ကြင္းကို ေရာက္လာမယ့္ လီဗာပူးအသင္းကို ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ဂုဏ္ျပဳမႈ လုပ္ေပးမယ္လို႔ မန္ေနဂ်ာဂြာဒီယိုလာရဲ႕ ထုတ္ေျပာမႈအရ သိရပါတယ္။

မန္ေနဂ်ာယာဂင္ကေလာပ့္က ဒီေႏြမွာ လီဗာပူးက ဆန္ခ်ိဳကို ေခၚယူခဲ့မယ္ဆိုရင္ အရမ္းကို အံ့အားသင့္မိပါလိမ့္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

လီဗာပူးအသင္းရဲ႕ ေအာင္ျမင္မႈေတြအတြက္ အသင္း တာဝန္ရွိသူေတြက အားကစားဒါရိုက္တာ မုိင္ကယ္အဒ္ဝတ္ကို ေက်းဇူးတင္ေၾကာင့္ ထုတ္ေျပာသြားခဲ့ပါတယ္။ အဒ္ဝတ္ဟာ ကေလာ့ပ္ အလိုရွိတဲ့ ကစားသမားေတြကို ေခၚယူေပးဖို႔ အဓိက တာဝန္ယူသူ ျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ လီဗာပူးအသင္းဟာ ဆုတံဆိပ္ ၄၀ ရရွိမွာျဖစ္ျပီး ေလာေလာဆယ္မွာ အသင္းသား ၂၁ ဦးကိုေတာ့ ဆုတံဆိပ္ေပးဖို႔ ေသခ်ာေနျပီး က်န္ ဆုတံဆိပ္ေတြကိုေတာ့ ဆက္လက္ ခြဲေဝသြားမွာပါ။

လီဗာပူးကစားသမားေဟာင္းၾကီး မက္ ေလာ္ရန္ဆန္ကေတာ့ ယာဂင္ကေလာ့ပ္ဟာ ကားရီးယက္ကလြဲရင္ ဘယ္ကစားသမားကိုမဆို တိုးတက္ေအာင္ လုပ္ေပးႏုိင္တယ္လို႔ မွတ္ခ်က္ေပးလိုက္ပါတယ္။

လီဗာပူးသတင္းေထာက္ေတြဘက္က အတည္မျပဳေပးေပမယ့္ အီတလီဘက္ကေတာ့ မန္ေနဂ်ာကေလာ့ပ္ဟာ ကူလီဘာလီကို အလိုရွိေနတယ္လို႔ ဆက္တိုက္ ေဖာ္ျပေနၾကပါတယ္။

ဟာသာဘာလင္က လီဗာပူးက ဂရုဂ်စ္ကို ျပန္ေခၚယူလိုျပီး ရာသီၾကိဳအတြက္ အဆင္သင့္ျပင္ထားလိုေၾကာင္း သတိေပးထားတယ္လို႔ ဝန္ခံသြားပါတယ္။