၂၀၁၅ နွေအပြောင်းအရွှေ့မှာ မန်စီးတီးကနေ လီဗာပူးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့တဲ့ မီလ်နာက သူ ရင်ဆိုင်ခဲ့ရတဲ့ ဝေဖန်ခံရမှုတွေကို ထုတ်ပြောခဲ့ပါတယ်။

မီလ်နာဟာ လီဗာပူးကစားသမားဘဝမှာ လေးခုမြောက် ဆုဖလားအဖြစ် ပရီးမီးယားလိဂ်ကို မကြာခင် ကိုင်မြောက်တော့မှာဖြစ်ပြီး အဓိကအားဖြင့် မန်စီးတီးနဲ့အတူ သူမရခဲ့တဲ့ ဥရောပချန်ပီယံဖလားကိုလည်း အနိုင်ရရှိခဲ့ပြီဖြစ်တယ်။ ဒါကြောင့် သူဟာ မှန်ကန်တဲ့ ရွေးချယ်မှု လုပ်ခဲ့တာလို့ မီလ်နာက ယုံကြည်နေပါတယ်။

မီလ်နာက ” လူအများအပြားက ကျနေ်ာတော့ အမှားကြီး လုပ်မိပြီလို႔ ပြောကြတယ်ဗျာ။ အဲ့တာကပဲ ကျနော်ကို တွန်းအား ဖြစ်စေခဲ့တာပါ။ ကျနော်က မန်စီးတီးမှာ ဆက်နေမလား၊ လီဗာပူးကို ပြောင်းမလားဆိုတဲ့ အခွင့်အရေး ရခဲ့တယ်။ စီးတီးက သိပ်ကောင်းတဲ့ နေရာပါ။ ကျနော် ဆက်နေခဲ့မယ်ဆိုရင်လည်း သိပ်ကောင်းတဲ့နေရာ ဖြစ်မယ်ဆိုတာကို သိပါတယ်။

ဒါပေမယ့် လီဗာပူးလို သမိုင်းမှာ အောင်မြင်မှုတွေ အများကြီး ရခဲ့တဲ့ အသင်းတစ်သင်းကို ပြောင်းခွင့်ရမယ်ဆိုတဲ့ အခွင့်အရေး ရခဲ့တယ်ဗျာ။ လီဗာပူးကို ရောက်လာတော့ လူတိုင်းက ‘ငါတို့ လိဂ်ကို အနိုင်ရလုလု ဖြစ်ခဲ့တယ်’ ဆိုတဲ့ မှတ်ချက်တွေနဲ့ ပြန်ရုန်းထဖို့ ကြိုးစားနေတာကို မြင်ခဲ့ရတယ်။

၂၀၁၈-၂၀၁၉ မှာလည်း သိပ်ကောင်းတဲ့ မန်စီးတီးကို တစ်မှတ် အကွာနဲ့ ချန်ပီယံမဖြစ်ခဲ့ဘူး အဲ့တာကလည်း တကယ်ကို ကြေကွဲရတယ်။ ကျနေ်ာတို့က ငါတို့တွေ ဘာဆက်လုပ်မလဲနဲ့ ပိုကောင်းအောင် လုပ်နိုင်သေးတယ် ဆိုတဲ့ အဖြေကို ရခဲ့တယ်။

ဒီတော့ ပရီးမီးယားလိဂ်ဖလားကို အနိုင်ရတဲ့ လီဗာပူးအသင်းရဲ့ အစိတ်အပိုင်း အနေနဲ့ ပါဝင်ရတာက သိပ်ကောင်းပါတယ်။ တကယ်ကို မယုံနိုင်လောက်အောင် ပါပဲဗျာ။ ဒီအသင်းရဲ့ အစိတ်အပိုင်း ဖြစ်ရတာကိုလည်း အရမ်း ဂုဏ်ယူတယ်။ ပရိသတ်တွေ အတွက်လည်း ဘယ်လောက် အဓိပ္ပာယ်ရှိသလဲ ခင်ဗျားတို့ သိမြင်ကြမှာပါ ” လို့ ဖွင့်ဟသွားခဲ့တာဖြစ်တယ်။

မစ္စတာတည်ငြိမ်သူကြီးလို့ နာမည်ပြောင်ရထားတဲ့ မီလ်နာဟာ ပရော်ဖက်ရှင်နယ် ဆန်လွန်းတဲ့ လီဗာပူးရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူ့ရဲ့ ကောင်းမွန်တဲ့ စိတ်ထား ပွဲတွေကို ဆာလောင်မှုနဲ့ မန်စီးတီးမှာ အောင်မြင်ခဲ့တဲ့ ပရီးမီးယားလိဂ် ခရီးလမ်းကြောင်းတွေက လီဗာပူးအတွက် အကျိုးဖြစ်ခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ZAWGYI

၂၀၁၅ ေႏြအေျပာင္းအေရႊ႔မွာ မန္စီးတီးကေန လီဗာပူးကို အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ ေရာက္လာခဲ့တဲ့ မီလ္နာက သူ ရင္ဆိုင္ခဲ့ရတဲ့ ေဝဖန္ခံရမႈေတြကို ထုတ္ေျပာခဲ့ပါတယ္။

မီလ္နာဟာ လီဗာပူးကစားသမားဘဝမွာ ေလးခုေျမာက္ ဆုဖလားအျဖစ္ ပရီးမီးယားလိဂ္ကို မၾကာခင္ ကိုင္ေျမာက္ေတာ့မွာျဖစ္ျပီး အဓိကအားျဖင့္ မန္စီးတီးနဲ႔အတူ သူမရခဲ့တဲ့ ဥေရာပခ်န္ပီယံဖလားကိုလည္း အႏုိင္ရရွိခဲ့ျပီျဖစ္တယ္။ ဒါေၾကာင့္ သူဟာ မွန္ကန္တဲ့ ေရြးခ်ယ္မႈ လုပ္ခဲ့တာလို႔ မီလ္နာက ယံုၾကည္ေနပါတယ္။

မီလ္နာက ” လူအမ်ားအျပားက က်ေန္ာေတာ့ အမွားၾကီး လုပ္မိျပီလို႔ ေျပာၾကတယ္ဗ်ာ။ အဲ့တာကပဲ က်ေနာ္ကို တြန္းအား ျဖစ္ေစခဲ့တာပါ။ က်ေနာ္က မန္စီးတီးမွာ ဆက္ေနမလား၊ လီဗာပူးကို ေျပာင္းမလားဆိုတဲ့ အခြင့္အေရး ရခဲ့တယ္။ စီးတီးက သိပ္ေကာင္းတဲ့ ေနရာပါ။ က်ေနာ္ ဆက္ေနခဲ့မယ္ဆိုရင္လည္း သိပ္ေကာင္းတဲ့ေနရာ ျဖစ္မယ္ဆိုတာကို သိပါတယ္။

ဒါေပမယ့္ လီဗာပူးလို သမိုင္းမွာ ေအာင္ျမင္မႈေတြ အမ်ားၾကီး ရခဲ့တဲ့ အသင္းတစ္သင္းကို ေျပာင္းခြင့္ရမယ္ဆိုတဲ့ အခြင့္အေရး ရခဲ့တယ္ဗ်ာ။ လီဗာပူးကို ေရာက္လာေတာ့ လူတိုင္းက ‘ငါတို႔ လိဂ္ကို အႏုိင္ရလုလု ျဖစ္ခဲ့တယ္’ ဆိုတဲ့ မွတ္ခ်က္ေတြနဲ႔ ျပန္ရုန္းထဖို႔ ၾကိဳးစားေနတာကို ျမင္ခဲ့ရတယ္။

၂၀၁၈-၂၀၁၉ မွာလည္း သိပ္ေကာင္းတဲ့ မန္စီးတီးကို တစ္မွတ္ အကြာနဲ႔ ခ်န္ပီယံမျဖစ္ခဲ့ဘူး အဲ့တာကလည္း တကယ္ကို ေၾကကြဲရတယ္။ က်ေန္ာတို႔က ငါတို႔ေတြ ဘာဆက္လုပ္မလဲနဲ႔ ပိုေကာင္းေအာင္ လုပ္ႏုိင္ေသးတယ္ ဆိုတဲ့ အေျဖကို ရခဲ့တယ္။

ဒီေတာ့ ပရီးမီးယားလိဂ္ဖလားကို အနုိင္ရတဲ့ လီဗာပူးအသင္းရဲ႕ အစိတ္အပိုင္း အေနနဲ႔ ပါဝင္ရတာက သိပ္ေကာင္းပါတယ္။ တကယ္ကို မယံုႏုိင္ေလာက္ေအာင္ ပါပဲဗ်ာ။ ဒီအသင္းရဲ႕ အစိတ္အပိုင္း ျဖစ္ရတာကိုလည္း အရမ္း ဂုဏ္ယူတယ္။ ပရိသတ္ေတြ အတြက္လည္း ဘယ္ေလာက္ အဓိပၸာယ္ရွိသလဲ ခင္ဗ်ားတို႔ သိျမင္ၾကမွာပါ ” လို႔ ဖြင့္ဟသြားခဲ့တာျဖစ္တယ္။

မစၥတာတည္ျငိမ္သူၾကီးလို႔ နာမည္ေျပာင္ရထားတဲ့ မီလ္နာဟာ ပေရာ္ဖက္ရွင္နယ္ ဆန္လြန္းတဲ့ လီဗာပူးရဲ႕ ေခါင္းေဆာင္တစ္ဦးျဖစ္ျပီး သူ႔ရဲ႕ ေကာင္းမြန္တဲ့ စိတ္ထား ပြဲေတြကို ဆာေလာင္မႈနဲ႔ မန္စီးတီးမွာ ေအာင္ျမင္ခဲ့တဲ့ ပရီးမီးယားလိဂ္ ခရီးလမ္းေၾကာင္းေတြက လီဗာပူးအတြက္ အက်ိဳးျဖစ္ခဲ့တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။