ဗြိတိန် အားကစားကလောင်ရှင်နဲ့ စကိုင်းစပေါ့မှ ဘောလုံးဝေဖန်ရေးသမား ဂျင်မီ ရက်နပ်က ဗြိတိန်ဘောလုံး အသိုင်းအဝိုင်းအား လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ကို လေးစားမှုပေးဖို့ သတိပေးတိုက်တွန်းမှု လုပ်ခဲ့ပါတယ်။

လီဗာပူးအသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်တဲ့ ရက်နပ်က ဒေးလီးမေလ်းကနေ ခေါင်းကြီးသတင်း ရေးသားခဲ့တာဖြစ်ပြီး လီဗာပူးရဲ့ အောင်မြင်မှုအတွက် အားလုံးသော အသင်းသားတွေနဲ့ မန်နေဂျာကလော့ပ်ကို အသိအမှတ်ပြုရမှာဖြစ်တယ်။ ဒါ့အပြင် လီဗာပူးသမိုင်းမှာ အံ့မခန်းတဲ့ ကိစ္စကို ဦးဆောင်ခဲ့သူ ဟန်ဒါဆန်ကို အားပေးချီးမြှောက်မှုတွေ လုပ်ပေးကြဖို့ ထောက်ခံခဲ့ပါတယ်။

ဟန်ဒါဆန်နဲ့ ပက်သက်ပြီး ရက်နပ်ရဲ့ အသိအမှတ်ပြု ချီးကျူးမှုမှာတော့ ” မရေမတွက်နိုင်တဲ့ စကားပြောပေးရမှုတွေ၊ အဆုံးမသတ်နိုင်တဲ့ အားပေးအားမြောက်လုပ်ရမှုတွေ၊ မီဒီယာတွေနဲ့ အပို အလုပ်လုပ်ရမှုတွေ၊ မန်နေဂျာနဲ့ အဖွဲ့အစည်းကြား ထိတွေ့ဆက်ဆံပေးရမှုဗတွ ဒါတွေအားလုံးက အသင်းခေါင်းဆောင်တစ်ယောက်ရဲ့ တာဝန်နဲ့ ဝတ္တရားပါပဲ။ အောင်မြင်မှုတွေ ပြန်ရဖို့ ဆာလောင်နေတဲ့ လီဗာပူးလို အသင်းကို ဦးဆောင်ရသူ တစ်ဦးရဲ့ တာဝန်တွေက သိပ်ကို သိမ်မွေ့ နက်နဲလှပါတယ်။

များစွာသော လီဗာပူးအသင်းခေါင်းဆောင်တွေက အသင်းကို ပရီးမီးယားလိဂ်ဖလား အနိုင်ရရေး ဦးဆောင်ပေးခဲ့ပေမယ့် ကျရံှူးခဲ့ရတယ်။ အဲ့သည်အထဲမှာ ကျနေ်ာ် ကိုယ်တိုင်လည်း အပါအဝင်ပါ။ ကျနော်လည်း မအောင်မြင်ခဲ့ဘူး ဒါပေမယ့် ဟန်ဒါဆန်က အောင်မြင်ခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်က ပေါ့အင့်လို ကစားသမားကောင်း ပတ်ခဲ့တဲ့ လက်ပတ်ကို ကျနော် ဆက်ခံခဲ့တယ်။ ၂၀၁၅ မှာတော့ စတီဗင်ဂျရတ်လို ပုဂ္ဂိုလ်က လီဗာပူးကနေ ထွက်ခွာခဲ့ပါတယ်။

ကျနော် တွေးမိခဲ့တယ် ဘာတွေများ ဆက်လုပ်နိုင်မလဲနဲ့ ဂျရတ်လို ပုဂ္ဂိုလ်ကို ဘယ်လို အစားထိုးနိုင်မလဲပေါ့။ လီဗာပူးက အသင်းရဲ့ အထိမ်းအမှတ်၊ အသင်းရဲ့ခေါင်းဆောင်နဲ့ အန်ဖီး၊ မဲဝုဒ်တွေကို ဦးဆောင်ပေးသူ တစ်ဦးကို ဆုံးရံှူးခဲ့ရတာဖြစ်ပါတယ်။

ဒါပေမယ့် ဟန်ဒါဆန်က သူ့တာဝန်ကို ယူခဲ့တယ်။ ဂျရတ်မရှိတဲ့ နောက်ပိုင်းကာလကိုလည်း ပြသခဲ့တယ်။ ကစားသမားတွေက သူ့ကို လေးစားပြီး သူ့ကို တုန့်ပြန်မှုတွေ ပေးကြတယ်။ အသက် ၃၀ အရွယ် ဟန်ဒါဆန်က စတီဗင်ဂျရတ်လိုပဲ ကစားသမားတွေကို အတူတကွ ဆက်ရှိနေဖို့ ဦးဆောင် စည်းရုံးခဲ့တယ်။

လီဗာပူးပရိသတ်တွေ အားလုံးလိုပဲ ဟန်ဒါဆန်ကလည်း ဒီအောင်မြင်မှုတွေက အစပိုင်း ကာလလောက်ဖြစ်ဖိုဖ့ မျှော်လင့်နေမှာပါ။ ကလော့ပ်န့ အားလုံးသော ကစားသမားတွေက ဒီဖလားက သူတို့အားလုံး အတူတကွနဲ့ အနိုင်ရတဲ့ ပရီးမီးယားလိဂ်ဖလား ဖြစ်လိုမှာ မဟုတ်ပါဘူး။ ကလော့ပ်က ကျနော် ချီးကျူးကုန်ဖွယ် တင်စားကုန်ဖွယ် ကစားသမားပါ။ သူ့လို လူတစ်ယောက်က ဒီလောက်နဲ့ ရပ်နေမှာ မဟုတ်ပါဘူး။

လီဗာပူးပရိသတ်တွေက ကလော့ပ်ကို သူတို့ရဲ့ ကိုယ်ပိုင် လူတစ်ယောက်အဖြစ် ချစ်ခင်ကြပါတယ်။ ဒီလိုပဲ အသင်းခေါင်းဆောင် ဟန်ဒါဆန်ကိုလည်း ကလော့ပ်လို ချစ်ခင်မှုတွေ ပေးရပါလိမ့်မယ် ” လို့ ချီးကျူးသွားခဲ့ပါတယ်။

ZAWGYI

ျဗိတိန္ အားကစားကေလာင္ရွင္နဲ႔ စကိုင္းစေပါ့မွ ေဘာလံုးေဝဖန္ေရးသမား ဂ်င္မီ ရက္နပ္က ျဗိတိန္ေဘာလံုး အသိုင္းအဝုိင္းအား လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကို ေလးစားမႈေပးဖို႔ သတိေပးတိုက္တြန္းမႈ လုပ္ခဲ့ပါတယ္။

လီဗာပူးအသင္းေခါင္းေဆာင္ေဟာင္းလည္းျဖစ္တဲ့ ရက္နပ္က ေဒးလီးေမလ္းကေန ေခါင္းၾကီးသတင္း ေရးသားခဲ့တာျဖစ္ျပီး လီဗာပူးရဲ႕ ေအာင္ျမင္မႈအတြက္ အားလံုးေသာ အသင္းသားေတြနဲ႔ မန္ေနဂ်ာကေလာ့ပ္ကို အသိအမွတ္ျပဳရမွာျဖစ္တယ္။ ဒါ့အျပင္ လီဗာပူးသမိုင္းမွာ အံ့မခန္းတဲ့ ကိစၥကို ဦးေဆာင္ခဲ့သူ ဟန္ဒါဆန္ကို အားေပးခ်ီးေျမွာက္မႈေတြ လုပ္ေပးၾကဖို႔ ေထာက္ခံခဲ့ပါတယ္။

ဟန္ဒါဆန္နဲ႔ ပက္သက္ျပီး ရက္နပ္ရဲ႕ အသိအမွတ္ျပဳ ခ်ီးက်ဴးမႈမွာေတာ့ ” မေရမတြက္ႏုိင္တဲ့ စကားေျပာေပးရမႈေတြ၊ အဆံုးမသတ္ႏုိင္တဲ့ အားေပးအားေျမာက္လုပ္ရမႈေတြ၊ မီဒီယာေတြနဲ႔ အပို အလုပ္လုပ္ရမႈေတြ၊ မန္ေနဂ်ာနဲ႔ အဖြဲ႔အစည္းၾကား ထိေတြ႔ဆက္ဆံေပးရမႈဗတြ ဒါေတြအားလံုးက အသင္းေခါင္းေဆာင္တစ္ေယာက္ရဲ႕ တာဝန္နဲ႔ ဝတၱရားပါပဲ။ ေအာင္ျမင္မႈေတြ ျပန္ရဖို႔ ဆာေလာင္ေနတဲ့ လီဗာပူးလို အသင္းကို ဦးေဆာင္ရသူ တစ္ဦးရဲ႕ တာဝန္ေတြက သိပ္ကို သိမ္ေမြ႔ နက္နဲလွပါတယ္။

မ်ားစြာေသာ လီဗာပူးအသင္းေခါင္းေဆာင္ေတြက အသင္းကို ပရီးမီးယားလိဂ္ဖလား အႏုိင္ရေရး ဦးေဆာင္ေပးခဲ့ေပမယ့္ က်ရံွဴးခဲ့ရတယ္။ အဲ့သည္အထဲမွာ က်ေန္ာ္ ကိုယ္တုိင္လည္း အပါအဝင္ပါ။ က်ေနာ္လည္း မေအာင္ျမင္ခဲ့ဘူး ဒါေပမယ့္ ဟန္ဒါဆန္က ေအာင္ျမင္ခဲ့ပါတယ္။ ၁၉၉၀ ခုႏွစ္က ေပါ့အင့္လို ကစားသမားေကာင္း ပတ္ခဲ့တဲ့ လက္ပတ္ကို က်ေနာ္ ဆက္ခံခဲ့တယ္။ ၂၀၁၅ မွာေတာ့ စတီဗင္ဂ်ရတ္လို ပုဂၢိဳလ္က လီဗာပူးကေန ထြက္ခြာခဲ့ပါတယ္။

က်ေနာ္ ေတြးမိခဲ့တယ္ ဘာေတြမ်ား ဆက္လုပ္ႏုိင္မလဲနဲ႔ ဂ်ရတ္လို ပုဂၢိဳလ္ကို ဘယ္လို အစားထိုးႏုိင္မလဲေပါ့။ လီဗာပူးက အသင္းရဲ႕ အထိမ္းအမွတ္၊ အသင္းရဲ႕ေခါင္းေဆာင္နဲ႔ အန္ဖီး၊ မဲဝုဒ္ေတြကို ဦးေဆာင္ေပးသူ တစ္ဦးကို ဆံုးရံွဴးခဲ့ရတာျဖစ္ပါတယ္။

ဒါေပမယ့္ ဟန္ဒါဆန္က သူ႔တာဝန္ကို ယူခဲ့တယ္။ ဂ်ရတ္မရွိတဲ့ ေနာက္ပိုင္းကာလကိုလည္း ျပသခဲ့တယ္။ ကစားသမားေတြက သူ႔ကို ေလးစားျပီး သူ႔ကို တုန္႔ျပန္မႈေတြ ေပးၾကတယ္။ အသက္ ၃၀ အရြယ္ ဟန္ဒါဆန္က စတီဗင္ဂ်ရတ္လိုပဲ ကစားသမားေတြကို အတူတကြ ဆက္ရွိေနဖို႔ ဦးေဆာင္ စည္းရံုးခဲ့တယ္။

လီဗာပူးပရိသတ္ေတြ အားလံုးလိုပဲ ဟန္ဒါဆန္ကလည္း ဒီေအာင္ျမင္မႈေတြက အစပိုင္း ကာလေလာက္ျဖစ္ဖိုဖ႔ ေမွ်ာ္လင့္ေနမွာပါ။ ကေလာ့ပ္န႔ အားလံုးေသာ ကစားသမားေတြက ဒီဖလားက သူတို႔အားလံုး အတူတကြနဲ႔ အႏုိင္ရတဲ့ ပရီးမီးယားလိဂ္ဖလား ျဖစ္လိုမွာ မဟုတ္ပါဘူး။ ကေလာ့ပ္က က်ေနာ္ ခ်ီးက်ဴးကုန္ဖြယ္ တင္စားကုန္ဖြယ္ ကစားသမားပါ။ သူ႔လို လူတစ္ေယာက္က ဒီေလာက္နဲ႔ ရပ္ေနမွာ မဟုတ္ပါဘူး။

လီဗာပူးပရိသတ္ေတြက ကေလာ့ပ္ကို သူတို႔ရဲ႕ ကိုယ္ပိုင္ လူတစ္ေယာက္အျဖစ္ ခ်စ္ခင္ၾကပါတယ္။ ဒီလိုပဲ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ကိုလည္း ကေလာ့ပ္လို ခ်စ္ခင္မႈေတြ ေပးရပါလိမ့္မယ္ ” လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။