ဒီအပတ် ကြာသပတေးည၊ သောကြာနေ့မနက် ၁း၄၅ နာရီ မှာတော့ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းဟာ ချန်ပီယံဟောင်း မန်စီးတီးအသင်းရဲ့ အိမ်ကွင်း အီသီဟတ်ကို သွားပြီး အမှတ်ပေးပွဲ ယှဉ်ပြိုင်ကစားမှာဖြစ်တယ်။

အကယ်လို့ မန်စီးတီးက ချယ်ဆီးကို အရေးမနိမ့်ခဲ့ရင်တော့ ဒီပွဲက အတော်လေး မျှော်လင့်စရာ ပွဲကောင်း ဖြစ်နိုင်ပေမယ့် အခုချိန်မှာတော့ ပွဲရဲ့ တန်ပိုက အနည်းငယ် ကျဆင်းသွားခဲ့ပြီဖြစ်တယ်။ ဒီပွဲမှာ နှစ်သင်းမန်နေဂျာတွေရဲ့ ရွေးချယ်မှုကိုပဲ စောင့်ကြည့်ရမှာဖြစ်ပြီး သေချာတာကတော့ နှစ်သင်းလုံးက ဘယ်အသင်းကိုမှ အနိုင်ပေးလိုမှာ မဟုတ်ပါဘူး။

ပွဲနဲ့ ပက်သက်ပြီး မိုင်ကယ်အိုဝင်က ” နှစ်သင်းရဲ့ ဒီရာသီ အမှတ် ကွာဟမှုက သိပ်ကြီးလွန်းနေတယ်။ ဒီရာသီ လီဗာပူးအသင်း ချန်ပီယံဖြစ်ဖို့ ကိစ္စက ဖြစ်ကိုဖြစ်မယ့် ကိစ္စပါ။ ဂွာဒီယိုလာနဲ့ မန်စီးတီး ကစားသမားတွေက အီသီဟတ်မှာ လီဗာပူးကို ချန်ပီယံအဖြစ် မြင်လိုကြမှာတော့ မဟုတ်ပါဘူး။

လီဗာပူး နောက်ဆုံးကစားခဲ့တဲ့ ပဲလေစ့်ပွဲ ခြေစွမ်းအရ သူတို့က သိပ်ကို ကောင်းလွန်းပြီး အားလုံးကလည်း လီဗာပူးက ချန်ပီယံဖြစ်ထိုက်ပါတယ်လို့ လက်ခံကြမှာပါ။ အီသီဟတ်က ချန်ပီယံဟောင်းနဲ့ ရင်ဆိုင်ရတဲ့ပွဲကို လီဗာပူးက နိုင်လိုပေမယ့် သက်တောင့်သက်သာ ရှိနေပါပြီ။ လက်ကျန် ၇ ပွဲကို လီဗာပူးက ပုံမှန်လေးပဲ ကစားသွားဖို့ လိုပါတယ်။

လီဗာပူး ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ပေမယ့် မန်စီးတီးက ဖလားပွဲတွေအကြောင်း စဉ်းစားဖို့ လိုနေပါသေးတယ်။ မန်စီးတီးအတွက် ဘောလုံးရာသီက မပြီးသေးဘဲ ကစားဖို့ ကျန်နေသေးတာက အားသာချက်တစ်ခု ဖြစ်ပါတယ်။ မန်စီးတီးက လာမယ့်ရာသီမှာလည်း လီဗာပူးကို ပြန်လည် ယှဉ်ပြိုင်မှပါဆိုတဲ့ သတိပေးမှုကို ဒီပွဲမှာ လုပ်နိုင်ဖို့ ကြိုးစားပါလိမ့်မယ် ” လို့ သုံးသပ်ခဲ့တယ်။

ပွဲရလဒ်ကိုတော့ အိုဝင်က ဘယ်အသင်းနိုင်မယ်လို့ ပြတ်ပြတ်သားသား မပြောခဲ့ပေမယ့် နှစ်သင်းလုံး ဂိုးသွင်းမယ်လို့တော့ ခန့်မှန်းသွားခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

ဒီအပတ္ ၾကာသပေတးည၊ ေသာၾကာေန႔မနက္ ၁း၄၅ နာရီ မွာေတာ့ ပရီးမီးယားလိဂ္ ခ်န္ပီယံ လီဗာပူးအသင္းဟာ ခ်န္ပီယံေဟာင္း မန္စီးတီးအသင္းရဲ႕ အိမ္ကြင္း အီသီဟတ္ကို သြားျပီး အမွတ္ေပးပြဲ ယွဥ္ျပိဳင္ကစားမွာျဖစ္တယ္။

အကယ္လို႔ မန္စီးတီးက ခ်ယ္ဆီးကို အေရးမနိမ့္ခဲ့ရင္ေတာ့ ဒီပြဲက အေတာ္ေလး ေမွ်ာ္လင့္စရာ ပြဲေကာင္း ျဖစ္ႏုိင္ေပမယ့္ အခုခ်ိန္မွာေတာ့ ပြဲရဲ႕ တန္ပိုက အနည္းငယ္ က်ဆင္းသြားခဲ့ျပီျဖစ္တယ္။ ဒီပြဲမွာ ႏွစ္သင္းမန္ေနဂ်ာေတြရဲ႕ ေရြးခ်ယ္မႈကိုပဲ ေစာင့္ၾကည့္ရမွာျဖစ္ျပီး ေသခ်ာတာကေတာ့ ႏွစ္သင္းလံုးက ဘယ္အသင္းကိုမွ အႏုိင္ေပးလိုမွာ မဟုတ္ပါဘူး။

ပြဲနဲ႔ ပက္သက္ျပီး မိုင္ကယ္အိုဝင္က ” ႏွစ္သင္းရဲ႕ ဒီရာသီ အမွတ္ ကြာဟမႈက သိပ္ၾကီးလြန္းေနတယ္။ ဒီရာသီ လီဗာပူးအသင္း ခ်န္ပီယံျဖစ္ဖို႔ ကိစၥက ျဖစ္ကိုျဖစ္မယ့္ ကိစၥပါ။ ဂြာဒီယိုလာနဲ႔ မန္စီးတီး ကစားသမားေတြက အီသီဟတ္မွာ လီဗာပူးကို ခ်န္ပီယံအျဖစ္ ျမင္လိုၾကမွာေတာ့ မဟုတ္ပါဘူး။

လီဗာပူး ေနာက္ဆံုးကစားခဲ့တဲ့ ပဲေလစ့္ပြဲ ေျခစြမ္းအရ သူတို႔က သိပ္ကို ေကာင္းလြန္းျပီး အားလံုးကလည္း လီဗာပူးက ခ်န္ပီယံျဖစ္ထိုက္ပါတယ္လို႔ လက္ခံၾကမွာပါ။ အီသီဟတ္က ခ်န္ပီယံေဟာင္းနဲ႔ ရင္ဆုိင္ရတဲ့ပြဲကို လီဗာပူးက ႏုိင္လိုေပမယ့္ သက္ေတာင့္သက္သာ ရွိေနပါျပီ။ လက္က်န္ ၇ ပြဲကို လီဗာပူးက ပံုမွန္ေလးပဲ ကစားသြားဖို႔ လိုပါတယ္။

လီဗာပူး ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ေပမယ့္ မန္စီးတီးက ဖလားပြဲေတြအေၾကာင္း စဥ္းစားဖို႔ လိုေနပါေသးတယ္။ မန္စီးတီးအတြက္ ေဘာလံုးရာသီက မျပီးေသးဘဲ ကစားဖို႔ က်န္ေနေသးတာက အားသာခ်က္တစ္ခု ျဖစ္ပါတယ္။ မန္စီးတီးက လာမယ့္ရာသီမွာလည္း လီဗာပူးကို ျပန္လည္ ယွဥ္ျပိဳင္မွပါဆိုတဲ့ သတိေပးမႈကို ဒီပြဲမွာ လုပ္ႏုိင္ဖို႔ ၾကိဳးစားပါလိမ့္မယ္ ” လိဳ႔ သံုးသပ္ခဲ့တယ္။

ပြဲရလဒ္ကိုေတာ့ အိုဝင္က ဘယ္အသင္းႏုိင္မယ္လို႔ ျပတ္ျပတ္သားသား မေျပာခဲ့ေပမယ့္ ႏွစ္သင္းလံုး ဂိုးသြင္းမယ္လို႔ေတာ့ ခန္႔မွန္းသြားခဲ့တာ ျဖစ္ပါတယ္။