လီဗာပူးအသင်းက နာပိုလီ ခံစစ်သမား ကူလီဘာလေကို ခံစစ်သမား လိုဗရန်ကို အလိုက်ပေးပြီး ငွေသားတစ်ရပ်နဲ့ ကမ်းလှမ်းမယ်လို့ ဖော်ပြနေမှုက သတင်းမှားသာလျှင် ဖြစ်ကြောင်း စကိုင်းစပေါ့က ဖော်ပြသွားပါတယ်။

စကိုင်းစပေါ့က ကူလီဘာလေဟာ ယာဂင်ကလော့ပ် အလိုရှိတဲ့ ကစားသမားစာရင်းမှာ ထိပ်ဆုံး တစ်နေရာက ထည့်ထားတယ်ဆိုတာ မှန်ကန်ကြောင်း ထုတ်ဖော်ခဲ့တယ်။ ဒါပေမယ့်လို့ အသက် ၂၉ နှစ်အရွယ် ကစားသမား တစ်ဦးကို ပေါင် သန်း ၆၀ လောက်ပေးပြီး ခေါ်ယူဖို့ဆိုတာက လီဗာပူးပေါ်လစီမှာ လုံးဝ လုပ်မယ့် ကိစ္စမျိုးတော့ မဟုတ်ဘူးလို့လည်း ဖော်ပြခဲ့ပါတယ်။

မန်စီးတီး၊ ယူနိုက်တက်နဲ့ ပီအက်ဂျီတို့က စိတ်ဝင်စားမှုနဲ့အတူ ကူလီဘာလေဟာ ဥရောပမှာ အလိုရှိခြင်း အခံရဆုံး ခံစစ်သမား ဖြစ်လာခဲ့တယ်။ နာပိုလီ ဥက္ကဌ ဒီလော့ရန်တစ်က ကူလီဘာလေအတွက် ပေါင် သန်း ၆၀ ထက် ပိုနည်းတဲ့ မည့်သည် ကမ်းလှမ်းမှုကိုမှ လက်ခံမှာ မဟုတ်ဘဲ သန်း ၉၀ ထိ ဈေးတင်ထားတာဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်က လီဗာပူးမှာ ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်တို့ကို ဦးစားပေး ခံစစ်သမားတွေအဖြစ် သက်မှတ်ထားပြီး လိုဗရန်ကိုတော့ စတုတ္ထ ဦးစားပေးအဖြစ်ပဲ အသုံးပြုနေတာပါ။ ၂၀၂၀ အတွင်းမှာ လိုဗရန်ဟာ ပရီးမီးယားလိဂ်ပွဲ တစ်ပွဲပဲ ကစားထားရပြီး ဖေဖော်ဝါရီလက ယှဉ်ပြိုင်ကစားတဲ့ ဝတ်ဖိုဒ့်နဲ့ပွဲ ဖြစ်ခဲ့ပါတယ်။

လီဗာပူးအသင်းက လိုဗရန်အတွက် ကမ်းလှမ်းမှုတွေကိုတော့ နားထောင်ပေးမှာဖြစ်တယ်။ ဒါပေမယ့် နောက်အပတ်မှာ အသက် ၃၁ နှစ်ပြည့်မှာဖြစ်ကာ ကလပ်နဲ့ တစ်နှစ် သက်တမ်းပဲကျန်တဲ့ လိုဗရန်နေရာ အစားထိုးစရာ ရှိပြီးမှပဲ အပြီးသတ် ရောင်းထုတ်မယ်လို့ စကိုင်းစပေါ့က ဖော်ပြပါတယ်။

ZAWGYI

လီဗာပူးအသင္းက နာပိုလီ ခံစစ္သမား ကူလီဘာေလကို ခံစစ္သမား လိုဗရန္ကို အလိုက္ေပးျပီး ေငြသားတစ္ရပ္နဲ႔ ကမ္းလွမ္းမယ္လို႔ ေဖာ္ျပေနမႈက သတင္းမွားသာလွ်င္ ျဖစ္ေၾကာင္း စကိုင္းစေပါ့က ေဖာ္ျပသြားပါတယ္။

စကိုင္းစေပါ့က ကူလီဘာေလဟာ ယာဂင္ကေလာ့ပ္ အလိုရွိတဲ့ ကစားသမားစာရင္းမွာ ထိပ္ဆံုး တစ္ေနရာက ထည့္ထားတယ္ဆိုတာ မွန္ကန္ေၾကာင္း ထုတ္ေဖာ္ခဲ့တယ္။ ဒါေပမယ့္လို႔ အသက္ ၂၉ ႏွစ္အရြယ္ ကစားသမား တစ္ဦးကို ေပါင္ သန္း ၆၀ ေလာက္ေပးျပီး ေခၚယူဖို႔ဆိုတာက လီဗာပူးေပၚလစီမွာ လံုးဝ လုပ္မယ့္ ကိစၥမ်ိဳးေတာ့ မဟုတ္ဘူးလို႔လည္း ေဖာ္ျပခဲ့ပါတယ္။

မန္စီးတီး၊ ယူႏုိက္တက္နဲ႔ ပီအက္ဂ်ီတို႔က စိတ္ဝင္စားမႈနဲ႔အတူ ကူလီဘာေလဟာ ဥေရာပမွာ အလိုရွိျခင္း အခံရဆံုး ခံစစ္သမား ျဖစ္လာခဲ့တယ္။ နာပိုလီ ဥကၠဌ ဒီေလာ့ရန္တစ္က ကူလီဘာေလအတြက္ ေပါင္ သန္း ၆၀ ထက္ ပိုနည္းတဲ့ မည့္သည္ ကမ္းလွမ္းမႈကိုမွ လက္ခံမွာ မဟုတ္ဘဲ သန္း ၉၀ ထိ ေစ်းတင္ထားတာျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က လီဗာပူးမွာ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္တို႔ကို ဦးစားေပး ခံစစ္သမားေတြအျဖစ္ သက္မွတ္ထားျပီး လိုဗရန္ကိုေတာ့ စတုတၳ ဦးစားေပးအျဖစ္ပဲ အသံုးျပဳေနတာပါ။ ၂၀၂၀ အတြင္းမွာ လိုဗရန္ဟာ ပရီးမီးယားလိဂ္ပြဲ တစ္ပြဲပဲ ကစားထားရျပီး ေဖေဖာ္ဝါရီလက ယွဥ္ျပိဳင္ကစားတဲ့ ဝတ္ဖိုဒ့္နဲ႔ပြဲ ျဖစ္ခဲ့ပါတယ္။

လီဗာပူးအသင္းက လိုဗရန္အတြက္ ကမ္းလွမ္းမႈေတြကိုေတာ့ နားေထာင္ေပးမွာျဖစ္တယ္။ ဒါေပမယ့္ ေနာက္အပတ္မွာ အသက္ ၃၁ ႏွစ္ျပည့္မွာျဖစ္ကာ ကလပ္နဲ႔ တစ္ႏွစ္ သက္တမ္းပဲက်န္တဲ့ လိုဗရန္ေနရာ အစားထိုးစရာ ရွိျပီးမွပဲ အျပီးသတ္ ေရာင္းထုတ္မယ္လို႔ စကိုင္းစေပါ့က ေဖာ္ျပပါတယ္။