လီဗာပူးဂိုးသမား အယ်လီဆန်က ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံစဉ်မှာ သူ့ဖုန်းကို ဝေးရာမှာ ထားခဲ့ပြီး အသင်းဖော်တွေနဲ့ပဲ ပျော်ပောျ်ရွှင်ရွှင် အချိန်ကုန်ခဲ့တယ်လို့ ပြောပြလာပါတယ်။

စတမ်းဖိုဒ်ဘရစ်မှာ ချယ်ဆီးနဲ့ မန်စီးတီးတို့ ပွဲကို အတူတကွ ကြည့်ခဲ့ကြတဲ့ လီဗာပူး အသင်းသားတွေက ပွဲအပြီးမှာ အတူ အောင်ပွဲခံခဲ့ကြတယ်။ အယ်လီဆန်က အောင်ပွဲခံမှုမှာ ဖုန်းတကားကားနဲ့ ဗီဒီယိုရိုက်မှုတွေ လူမှုကွန်ယက်မှာ ပိုစ့်တင်မှုတွေထက် အသင်းဖော်တွေနဲ့ အောင်ပွဲခံခွင့်ရခြင်းကိုပဲ ပျော်ရွှင်စွာ အချိန်ကုန်ခဲ့စေခဲ့ပါတယ်။

အယ်လီဆန်က ” အောင်ပွဲခံတော့ ကျနော်ရဲ့ ဖုန်းကို ခပ်ဝေးဝေးမှာ ထားထားခဲ့တယ်။ ကျနော်ရဲ့ အမျိုးသမီးကိုပဲ စာပို့ခဲ့ပြီး သူကလည်း ကျနော်ကို စာပြန်ခဲ့တယ်။ အဲ့နောက်တော့ အသင်းဖော်တွေနဲ့ပဲ အောင်ပွဲခံခဲ့ပြီး သူတို့နဲ့ပဲ အဲ့သည် အခိုက်အတန့်ကို ပျော်ရွှင်စွာ အောင်ပွဲခံခဲ့ပါတယ်။

အဲ့နောက်တော့ အိမ်ကို ပြန်လာပြီး ကျနော် အမျိုးသမီးနဲ့အတူ အောင်ပွဲခံခဲ့တယ်။ နောက်တစ်ရက်ထိ အောင်ပွဲခံခဲ့ပါတယ်။ စနေနေ့နဲ့ တနင်္ဂနွေနေ့တွေထိလည်း ကျနေ်ာတို့ ဆက်ပြီး အောင်ပွဲခံနေဆဲပါပဲ ” လို့ လီဗာပူးအသင်း ဝဘ်ဆိုဒ်မှာ ပြောပြခဲ့တယ်။

ချန်ပီယံအဖြစ် အနိုင်ရမှုအတွက် အသင်းဖော်တွေနဲ့ အောင်ပွဲခံမှုကို အယ်လီဆန်ကပဲ ဆက်လက်ပြီး ” အဲ့တာက အများကြီး အဓိပ္ပာယ်ရှိပါတယ်။ ကျနေ်ာတို့ နောက်ထပ် အောင်ပွဲခံမှုတွေ လုပ်လိုပါသေးတယ်။ ပရိသတ်တွေ၊ ကျနေ်ာတို့ရဲ့ မိသားစုဝင်တွေနဲ့အတူ အန်ဖီးမှာ အောင်ပွဲခံမှု လုပ်လိုပါတယ်။

အဲ့အချိန်အခါလည်း ရောက်လာမယ်လို့ ကျနော် ထင်တယ်။ ဖြစ်နိုင်သလောက် အမြန်ဆုံး ဖြစ်လာဖို့လည်း မျှော်လင့်ပါတယ်။ အသင်းဖော်တွေ အားလုံးက မိသားစုတွေ ဖြစ်လာတယ်၊ အတူလေ့ကျင့်ကြတယ်။ ကစားပွဲတွေအတွက် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပြိုင်ဆိုင်မှုတွေမှာ အတူတူ အများကြီး ပြင်ဆင်ကြရတယ်။ စိန်ခေါ်မှုတွေနဲ့ ကြီးကျယ်တဲ့ စိန်ခေါ်မှုတွေကိုလည်း အတူတကွ ရင်ဆိုင်ကြပါတယ်။

အသင်းဖော်တွေနဲ့ အတူတကွ ရှိနေရတယ်ဆိုတာကတောင် ကျနေ်ာတို့အတွက် အများကြီး အဓိပ္ပာယ် ရှိနေပါပြီ။ ကျနေ်ာတို့က နေ့တိုင်းမှာ အတူတကွ ရှိနေကြတာကြောင့် အတူ အောင်ပွဲခံတာက အဓိပ္ပာယ် အများကြီးရှိတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂိုးသမား အယ္လီဆန္က ပရီးမီးယားလိဂ္ ခ်န္ပီယံအျဖစ္ ေအာင္ပြဲခံစဥ္မွာ သူ႔ဖုန္းကို ေဝးရာမွာ ထားခဲ့ျပီး အသင္းေဖာ္ေတြနဲ႔ပဲ ေပ်ာ္ေပာ်္ရႊင္ရႊင္ အခ်ိန္ကုန္ခဲ့တယ္လို႔ ေျပာျပလာပါတယ္။

စတမ္းဖိုဒ္ဘရစ္မွာ ခ်ယ္ဆီးနဲ႔ မန္စီးတီးတို႔ ပြဲကို အတူတကြ ၾကည့္ခဲ့ၾကတဲ့ လီဗာပူး အသင္းသားေတြက ပြဲအျပီးမွာ အတူ ေအာင္ပြဲခံခဲ့ၾကတယ္။ အယ္လီဆန္က ေအာင္ပြဲခံမႈမွာ ဖုန္းတကားကားနဲ႔ ဗီဒီယိုရိုက္မႈေတြ လူမႈကြန္ယက္မွာ ပိုစ့္တင္မႈေတြထက္ အသင္းေဖာ္ေတြနဲ႔ ေအာင္ပြဲခံခြင့္ရျခင္းကိုပဲ ေပ်ာ္ရႊင္စြာ အခ်ိန္ကုန္ခဲ့ေစခဲ့ပါတယ္။

အယ္လီဆန္က ” ေအာင္ပြဲခံေတာ့ က်ေနာ္ရဲ႕ ဖုန္းကို ခပ္ေဝးေဝးမွာ ထားထားခဲ့တယ္။ က်ေနာ္ရဲ႕ အမ်ိဳးသမီးကိုပဲ စာပို႔ခဲ့ျပီး သူကလည္း က်ေနာ္ကို စာျပန္ခဲ့တယ္။ အဲ့ေနာက္ေတာ့ အသင္းေဖာ္ေတြနဲ႔ပဲ ေအာင္ပြဲခံခဲ့ျပီး သူတို႔နဲ႔ပဲ အဲ့သည္ အခိုက္အတန္႔ကို ေပ်ာ္ရႊင္စြာ ေအာင္ပြဲခံခဲ့ပါတယ္။

အဲ့ေနာက္ေတာ့ အိမ္ကို ျပန္လာျပီး က်ေနာ္ အမ်ိဳးသမီးနဲ႔အတူ ေအာင္ပြဲခံခဲ့တယ္။ ေနာက္တစ္ရက္ထိ ေအာင္ပြဲခံခဲ့ပါတယ္။ စေနေန႔နဲ႔ တနဂၤေႏြေန႔ေတြထိလည္း က်ေန္ာတို႔ ဆက္ျပီး ေအာင္ပြဲခံေနဆဲပါပဲ ” လို႔ လီဗာပူးအသင္း ဝဘ္ဆိုဒ္မွာ ေျပာျပခဲ့တယ္။

ခ်န္ပီယံအျဖစ္ အႏုိင္ရမႈအတြက္ အသင္းေဖာ္ေတြနဲ႔ ေအာင္ပြဲခံမႈကို အယ္လီဆန္ကပဲ ဆက္လက္ျပီး ” အဲ့တာက အမ်ားၾကီး အဓိပၸာယ္ရွိပါတယ္။ က်ေန္ာတို႔ ေနာက္ထပ္ ေအာင္ပြဲခံမႈေတြ လုပ္လိုပါေသးတယ္။ ပရိသတ္ေတြ၊ က်ေန္ာတို႔ရဲ႕ မိသားစုဝင္ေတြနဲ႔အတူ အန္ဖီးမွာ ေအာင္ပြဲခံမႈ လုပ္လိုပါတယ္။

အဲ့အခ်ိန္အခါလည္း ေရာက္လာမယ္လို႔ က်ေနာ္ ထင္တယ္။ ျဖစ္ႏုိင္သေလာက္ အျမန္ဆံုး ျဖစ္လာဖို႔လည္း ေမွ်ာ္လင့္ပါတယ္။ အသင္းေဖာ္ေတြ အားလံုးက မိသားစုေတြ ျဖစ္လာတယ္၊ အတူေလ့က်င့္ၾကတယ္။ ကစားပြဲေတြအတြက္ ရုပ္ပိုင္းဆိုင္ရာနဲ႔ စိတ္ပိုင္းဆိုင္ရာ ျပိဳင္ဆိုင္မႈေတြမွာ အတူတူ အမ်ားၾကီး ျပင္ဆင္ၾကရတယ္။ စိန္ေခၚမႈေတြနဲ႔ ၾကီးက်ယ္တဲ့ စိန္ေခၚမႈေတြကိုလည္း အတူတကြ ရင္ဆိုင္ၾကပါတယ္။

အသင္းေဖာ္ေတြနဲ႔ အတူတကြ ရွိေနရတယ္ဆိုတာကေတာင္ က်ေန္ာတို႔အတြက္ အမ်ားၾကီး အဓိပၸာယ္ ရွိေနပါျပီ။ က်ေန္ာတို႔က ေန႔တိုင္းမွာ အတူတကြ ရွိေနၾကတာေၾကာင့္ အတူ ေအာင္ပြဲခံတာက အဓိပၸာယ္ အမ်ားၾကီးရွိတဲ့ လုပ္ရပ္ျဖစ္ပါတယ္။ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။