လီဗာပူးအသင်းဟာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ သီယေဂို အယ်ကန်တာရာကို ခေါ်ယူဖို့ အခြေအနေကောင်းနေတယ် ဆိုတဲ့ သတင်းတွေ အတော်လေး ကျယ်ပြန့်လာနေပါတယ်။

အစောပိုင်းမှာ ဘိုင်ယန်မြူးနစ် မန်နေဂျာ ဖလစ်က ဘာစီလိုနာ ကွင်းလယ်လူဟောင်းဟာ ဘိုင်ယန်မြူးနစ်ရဲ့ အနာဂတ်မှာ အရေးပါဆဲ ကစားအဖြစ် ဆက်ရှိနေဦးမှာပါလို့ ငြင်းဆန်ထားတယ်။ ဒါပေမယ့် ဂျာမာန်ဖလား ဗိုလ်လုပွဲအကြိုမှာ သတင်းကြီးနေတဲ့ အယ်ကန်တာရာနဲ့ လီဗာပူး အပြောင်းအရွှေ့ကို မေးရာမှာတော့ ခပ်မာမာ ငြင်းဆန်သွားခြင်း မရှိတော့ပါဘူး။

ဘိုင်ယန်မြူးနစ် မန်နေဂျာ ဖလစ်က အနည်းငယ် လေသံပျော့လာတဲ့ အနေအထားအဖြစ် ” သူ အသင်းက ထွက်မသွားဖို့ ကျနော် မျှော်လင့်ပါတယ် ” လို့ တုန့်ပြန်ခဲ့တယ်။

အယ်ကန်တာရာဟာ ပေါင်ခြံဒဏ်ရာ ခွဲစိတ်မှု ခံယူထားရသူဖြစ်ပြီး ကိုရိုနာကပ်ဘေးနောက်ပိုင်း ဘောလုံးပွဲတွေ ပြန်စရာမှာ ပါဝင်ကစားရခြင်း နည်းတဲ့ ကစားသမားပါ။ မနက်ဖြန်မှာတော့ ဘိုင်ယန်က လေဗာကူဆင်နဲ့ ဂျာမာန်ဖလားပွဲ ယှဉ်ပြိုင်ရဖို့ ရှိနေပြီး သူ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်ထားရတာဖြစ်တယ်။

ဖလစ်ကပဲ အယ်ကန်တာရာရဲ့ အခြေအနေ ကောင်းနေပြီး ပြန်ကစားဖို့ အဆင်သင့် ဖြစ်နေကြောင်းကို ” ခွဲစိတ်မှုက အဲ့လောက် ကြာခဲ့တဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အစီအစဉ်အတိုင်း ဖြစ်ဖို့တော့ လုပ်ဆောင်ခဲ့ရတာပေါ့။ မနက်ဖြန်ပွဲမှာ သူက ပွဲထွက်လူစာရင်းကနေ ပါဝင်လာနိုင်ပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အယ်ကန်တာရာဟာ ၂၀၂၁ ခုနှစ်ထိပဲ ဘိုင်ယန်နဲ့ စာချုပ်ရှိတာဖြစ်ပြီး ဒီနွေမှာ ရောင်းထုတ်ခြင်း မလုပ်ခဲ့ရင် လာမယ့် ရာသီမှာ အလွတ်နဲ့ အသင်းပြောင်းခွင့်ရမှာ ဖြစ်ပါတယ်။ လီဗာပူးက သူ့ကို ပေါင် ၃၂ သန်းဖြင့် လိုက်နေတယ်လို့ သိရပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘိုင္ယန္ျမဴးနစ္ ကြင္းလယ္လူ သီေယဂို အယ္ကန္တာရာကို ေခၚယူဖို႔ အေျခအေနေကာင္းေနတယ္ ဆိုတဲ့ သတင္းေတြ အေတာ္ေလး က်ယ္ျပန္႔လာေနပါတယ္။

အေစာပိုင္းမွာ ဘိုင္ယန္ျမဴးနစ္ မန္ေနဂ်ာ ဖလစ္က ဘာစီလိုနာ ကြင္းလယ္လူေဟာင္းဟာ ဘိုင္ယန္ျမဴးနစ္ရဲ႕ အနာဂတ္မွာ အေရးပါဆဲ ကစားအျဖစ္ ဆက္ရွိေနဦးမွာပါလို႔ ျငင္းဆန္ထားတယ္။ ဒါေပမယ့္ ဂ်ာမာန္ဖလား ဗိုလ္လုပြဲအၾကိဳမွာ သတင္းၾကီးေနတဲ့ အယ္ကန္တာရာနဲ႔ လီဗာပူး အေျပာင္းအေရႊ႔ကို ေမးရာမွာေတာ့ ခပ္မာမာ ျငင္းဆန္သြားျခင္း မရွိေတာ့ပါဘူး။

ဘိုင္ယန္ျမဴးနစ္ မန္ေနဂ်ာ ဖလစ္က အနည္းငယ္ ေလသံေပ်ာ့လာတဲ့ အေနအထားအျဖစ္ ” သူ အသင္းက ထြက္မသြားဖို႔ က်ေနာ္ ေမွ်ာ္လင့္ပါတယ္ ” လို႔ တုန္႔ျပန္ခဲ့တယ္။

အယ္ကန္တာရာဟာ ေပါင္ျခံဒဏ္ရာ ခြဲစိတ္မႈ ခံယူထားရသူျဖစ္ျပီး ကိုရိုနာကပ္ေဘးေနာက္ပိုင္း ေဘာလံုးပြဲေတြ ျပန္စရာမွာ ပါဝင္ကစားရျခင္း နည္းတဲ့ ကစားသမားပါ။ မနက္ျဖန္မွာေတာ့ ဘိုင္ယန္က ေလဗာကူဆင္နဲ႔ ဂ်ာမာန္ဖလားပြဲ ယွဥ္ျပိဳင္ရဖို႔ ရွိေနျပီး သူ ပါဝင္ကစားႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားရတာျဖစ္တယ္။

ဖလစ္ကပဲ အယ္ကန္တာရာရဲ႕ အေျခအေန ေကာင္းေနျပီး ျပန္ကစားဖို႔ အဆင္သင့္ ျဖစ္ေနေၾကာင္းကို ” ခြဲစိတ္မႈက အဲ့ေလာက္ ၾကာခဲ့တဲ့ ကိစၥ မဟုတ္ပါဘူး။ ဒါေပမယ့္ က်ေနာ္တုိ႔ အစီအစဥ္အတိုင္း ျဖစ္ဖို႔ေတာ့ လုပ္ေဆာင္ခဲ့ရတာေပါ့။ မနက္ျဖန္ပြဲမွာ သူက ပြဲထြက္လူစာရင္းကေန ပါဝင္လာႏုိင္ပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။

အယ္ကန္တာရာဟာ ၂၀၂၁ ခုႏွစ္ထိပဲ ဘိုင္ယန္နဲ႔ စာခ်ဳပ္ရွိတာျဖစ္ျပီး ဒီေႏြမွာ ေရာင္းထုတ္ျခင္း မလုပ္ခဲ့ရင္ လာမယ့္ ရာသီမွာ အလြတ္နဲ႔ အသင္းေျပာင္းခြင့္ရမွာ ျဖစ္ပါတယ္။ လီဗာပူးက သူ႔ကို ေပါင္ ၃၂ သန္းျဖင့္ လိုက္ေနတယ္လို႔ သိရပါတယ္။