လီဗာပူးနဲ့ ဘရိုက်တန် ပွဲကြိုမှာ လူငယ်တွေကို ဆက်ပြီး နေရာပေးမလားဆိုတဲ့ မေးခွန်းကို မန်နေဂျာကလော့ပ်က ” လူငယ်တွေကို နေရာပေးဖို့ ကျနေ်ာတို့ လုပ်မှာပါ။ အိပ်မက်ဆိုရင်တော့ လာမယ့် ၅ နှစ်၊ ၁၀ နှစ်လောက်တော့ ထားလိုက်မယ်ဗျာ။ လီဗာပူးတစ်သင်းလုံး လီဗာပူးဒေသသားတွေ အပြည့်ဖြစ်နေဖို့ အိပ်မက်ရှိပါတယ်။ ” လို့ ဖြေဆိုခဲ့ပါတယ်။

ဒီနွေမှာ လီဗာပူးအသင်းဟာ ကိုရိုနာကပ်ဘေးကြောင့် ဘဏ္ဍာရေးတွေ ထိခိုက်မှာဖြစ်ပေမယ့် ကစားသမားသစ် ၂ ဦး ၃ ဦးလောက်ထိ ခေါ်ယူဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အယ်ကန်တာရာနဲ့ အပြောင်းအရွှေ့ကို လီဗာပူးသတင်းထောက် ဂျိမ်းပီရက်စ်က ” အပြောင်းအရွှေ့က မဖြစ်ဖို့များတယ် ဒါပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ကလော့ပ်က အယ်ကန်တာရာကို အတော်လေး သဘောကျတယ်။ သူကလည်း ပရီးမီးယားလိဂ်ကို ပြောင်းလိုပြီး ခေါ်ယူလိုလည်း ရမယ့် အနေအထားပါ။ ဒါပေမယ့် သူ့အသက်အရွယ်နဲ့ ဒဏ်ရာပြဿနာက အတားအဆီးဖြစ်နေတယ်။ ” လို့ ဆိုခဲ့ပါတယ်။

လီဗာပူးအသင်းက အက်စတွန်ဗီလာကို ၂-၀ နဲ့ အနိုင်ရတဲ့ပွဲမှာ အသင်းဖော် အယ်လီဆန်က နိုင်ပွဲနဲ့ clean sheet ရစေတဲ့ အဓိက ကစားသမားဖြစ်ကာ ကမ္ဘာအကောင်းဆုံး ဂိုးသမားပါလို့ အသင်းဖော် ရော်ဘတ်ဆန်က လေးလေးနက်နက် ချီးကျူးလိုက်ပါတယ်။

လီဗာပူးမှာ နေရာမရခဲ့တာက သူကိုယ်တိုင်ရဲ့ အမှားကြောင့်ဖြစ်ပြီး မာဆေးဆိုဒ်မှာ ရှိခဲ့စဉ်က အာရုံစူးစိုက်မှုနဲ့ အသင်းလိုက်ပိုင်းတွေမှာ လိုအပ်ချက်တွေ ရှိခဲ့တယ်လို့ လူးဝစ် အယ်ဘာတိုက ဝန်ခံပြောဆိုလိုက်ပါတယ်။

လီဗာပူးအသင်းသား ဖြစ်လာခဲ့ပြီး အသင်းနဲ့ ကစားသမားဘဝ ပထမဆုံး ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပြီဖြစ်တဲ့ ဟာဗေး အီးလီးယော့က အသင်းပရိသတ်အဖြစ်ကနေ အသင်းသားဖြစ်လာရတာကို အရမ်း ကျေနပ် ပျော်ရွှင်မိတယ်လို့ ပြောဆိုပါတယ်။

လီဗာပူးအသင်းက ပိုလန်ကလပ် FC Wroclaw မှ အသက် ၁၆ နှစ်အရွယ် ပိုလန် ဂိုးသမားလေး Fabian Mzorek ကို လက်မှတ်ထိုး ခေါ်ယူလိုက်ပါတယ်။ ကစားသမားဟာ လီဗာပူးအသင်းနဲ့တော့ သူ့အသက် ၁၇ နှစ်ပြည့်မှ တရားဝင် ကိစ္စတွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

လီဗာပူးကစားသမားဟောင်း စတိ နီကိုးက ဝုဗ်မှ ထရာအိုရေးကို ခေါ်ယူဖို့ တောင်းဆိုမှု လုပ်သွားခဲ့ပါတယ်။ လီဗာပူးက ထရာအိုရေးနဲ့ သတင်းထွက်မှုတွေ ရှိပေမယ့် အသင်းဘက်က လုံးဝ မစဉ်းစားထားဘူးလို့ လီဗာပူးသတင်းထောက်တွေက ငြင်းဆန်ထားပါတယ်။

ဒီနွေမှာ အဒမ်လယ်လာနာ အသင်းကနေ ထွက်ခွာသွားခဲ့ရင် ဟန်ဒါဆန်နဲ့ လိုဗရန်တို့နောက် လီဗာပူးရဲ့ သက်တမ်းအရင့်ဆုံး ကစားသမားအဖြစ် ဂိုးမက်စ် (၂၃ နှစ်) ဖြစ်လာမှာပါ။

ဆာလက်၊ မာနေး၊ ဖာမင်နိုတို့ ဒီရာသီ သွင်းယူထားတဲ့ သွင်းဂိုး ၅၂ ဂိုးရဲ့ ၉၄% က ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်တို့မှာ သွင်းယူထားတာဖြစ်တယ်။ တိုက်စစ်သမားတွေရဲ့ သွင်းဂိုးမှာ ပင်နယ်တီက ၆% ပဲ ပါဝင်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ဘရိုက္တန္ ပြဲၾကိဳမွာ လူငယ္ေတြကို ဆက္ျပီး ေနရာေပးမလားဆိုတဲ့ ေမးခြန္းကို မန္ေနဂ်ာကေလာ့ပ္က ” လူငယ္ေတြကို ေနရာေပးဖို႔ က်ေန္ာတို႔ လုပ္မွာပါ။ အိပ္မက္ဆိုရင္ေတာ့ လာမယ့္ ၅ ႏွစ္၊ ၁၀ ႏွစ္ေလာက္ေတာ့ ထားလိုက္မယ္ဗ်ာ။ လီဗာပူးတစ္သင္းလံုး လီဗာပူးေဒသသားေတြ အျပည့္ျဖစ္ေနဖို႔ အိပ္မက္ရွိပါတယ္။ ” လို႔ ေျဖဆိုခဲ့ပါတယ္။

ဒီေႏြမွာ လီဗာပူးအသင္းဟာ ကိုရိုနာကပ္ေဘးေၾကာင့္ ဘ႑ာေရးေတြ ထိခိုက္မွာျဖစ္ေပမယ့္ ကစားသမားသစ္ ၂ ဦး ၃ ဦးေလာက္ထိ ေခၚယူဖို႔ လုပ္ေဆာင္သြားမယ္လို႔ သိရပါတယ္။

အယ္ကန္တာရာနဲ႔ အေျပာင္းအေရႊ႔ကို လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီရက္စ္က ” အေျပာင္းအေရႊ႔က မျဖစ္ဖို႔မ်ားတယ္ ဒါေပမယ့္ မျဖစ္ႏုိင္တာေတာ့ မဟုတ္ပါဘူး။ ကေလာ့ပ္က အယ္ကန္တာရာကို အေတာ္ေလး သေဘာက်တယ္။ သူကလည္း ပရီးမီးယားလိဂ္ကို ေျပာင္းလိုျပီး ေခၚယူလိုလည္း ရမယ့္ အေနအထားပါ။ ဒါေပမယ့္ သူ႔အသက္အရြယ္နဲ႔ ဒဏ္ရာျပႆနာက အတားအဆီးျဖစ္ေနတယ္။ ” လို႔ ဆိုခဲ့ပါတယ္။

လီဗာပူးအသင္းက အက္စတြန္ဗီလာကို ၂-၀ နဲ႔ အႏုိင္ရတဲ့ပြဲမွာ အသင္းေဖာ္ အယ္လီဆန္က ႏုိင္ပြဲနဲ႔ clean sheet ရေစတဲ့ အဓိက ကစားသမားျဖစ္ကာ ကမၻာအေကာင္းဆံုး ဂိုးသမားပါလို႔ အသင္းေဖာ္ ေရာ္ဘတ္ဆန္က ေလးေလးနက္နက္ ခ်ီးက်ဴးလိုက္ပါတယ္။

လီဗာပူးမွာ ေနရာမရခဲ့တာက သူကိုယ္တိုင္ရဲ႕ အမွားေၾကာင့္ျဖစ္ျပီး မာေဆးဆိုဒ္မွာ ရွိခဲ့စဥ္က အာရံုစူးစိုက္မႈနဲ႔ အသင္းလိုက္ပိုင္းေတြမွာ လိုအပ္ခ်က္ေတြ ရွိခဲ့တယ္လို႔ လူးဝစ္ အယ္ဘာတိုက ဝန္ခံေျပာဆိုလုိက္ပါတယ္။

လီဗာပူးအသင္းသား ျဖစ္လာခ့ဲျပီး အသင္းနဲ႔ ကစားသမားဘဝ ပထမဆံုး ပေရာ္ဖက္ရွင္နယ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ျပီျဖစ္တဲ့ ဟာေဗး အီးလီးေယာ့က အသင္းပရိသတ္အျဖစ္ကေန အသင္းသားျဖစ္လာရတာကို အရမ္း ေက်နပ္ ေပ်ာ္ရႊင္မိတယ္လို႔ ေျပာဆိုပါတယ္။

လီဗာပူးအသင္းက ပိုလန္ကလပ္ FC Wroclaw မွ အသက္ ၁၆ ႏွစ္အ႐ြယ္ ပိုလန္ ဂိုးသမားေလး Fabian Mzorek ကို လက္မွတ္ထိုး ေခၚယူလိုက္ပါတယ္။ ကစားသမားဟာ လီဗာပူးအသင္းနဲ႔ေတာ့ သူ႔အသက္ ၁၇ ႏွစ္ျပည့္မွ တရားဝင္ ကိစၥေတြကို လုပ္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

လီဗာပူးကစားသမားေဟာင္း စတိ နီကိုးက ဝုဗ္မွ ထရာအိုေရးကို ေခၚယူဖို႔ ေတာင္းဆိုမႈ လုပ္သြားခဲ့ပါတယ္။ လီဗာပူးက ထရာအိုေရးနဲ႔ သတင္းထြက္မႈေတြ ရွိေပမယ့္ အသင္းဘက္က လံုးဝ မစဥ္းစားထားဘူးလို႔ လီဗာပူးသတင္းေထာက္ေတြက ျငင္းဆန္ထားပါတယ္။

ဒီေႏြမွာ အဒမ္လယ္လာနာ အသင္းကေန ထြက္ခြာသြားခဲ့ရင္ ဟန္ဒါဆန္နဲ႔ လိုဗရန္တို႔ေနာက္ လီဗာပူးရဲ႕ သက္တမ္းအရင့္ဆံုး ကစားသမားအျဖစ္ ဂိုးမက္စ္ (၂၃ ႏွစ္) ျဖစ္လာမွာပါ။

ဆာလက္၊ မာေနး၊ ဖာမင္ႏိုတို႔ ဒီရာသီ သြင္းယူထားတဲ့ သြင္းဂိုး ၅၂ ဂိုးရဲ႕ ၉၄% က ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္တို႔မွာ သြင္းယူထားတာျဖစ္တယ္။ တိုက္စစ္သမားေတြရဲ႕ သြင္းဂိုးမွာ ပင္နယ္တီက ၆% ပဲ ပါဝင္ပါတယ္။