မန်နေဂျာယာဂင်ကလော့ပ်က မာနေး ပြောင်းလဲနိုင်ခဲ့တဲ့ သူ့ရဲ့ အဓိက အားနည်းချက်ကို ထုတ်ပြောမှု လုပ်ခဲ့ပါတယ်။
မန်နေဂျာကတော့ ဆာဒီယိုဟာ လူငယ်ကစားသမားဘဝမှာ ခြေစွမ်းကောင်းပေမယ့် ခြေစွမ်း မတည်ငြိမ်တဲ့ အားနည်းချက် ရှိခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် ဒီဘက် နှစ်တွေမှာ ပြသထားတဲ့ သူ့ရဲ့ ခြေစွမ်းအရ ဒီအားနည်းချက်ကို ဖာထေးနိုင်ခဲ့ပြီလို့လည်း မန်နေဂျာက ပြောပါတယ်။
မန်နေဂျာကလော့ပ်က ” ကုန်ခဲ့တဲ့ ၃ နှစ်အတွင်းမှာ လီဗာပူးက အရမ်းကို တိုးတက်လာခဲ့ပြီး ခြေလှမ်းကြီးတွေ လှမ်းလာနိုင်ခဲ့တယ်။ ကျနေ်ာတို့ အလုပ်တွေ ဘယ်လောက်တောင် လုပ်လာနိုင်သလဲဆိုတာအတွက် ဆာဒီယိုက ဥပမာကြီး တစ်ခုပါပဲ။
ဆောက်သမ်တန်ကနေ ရောက်လာတဲ့ အရည်အချင်းရှိ ကစားသမားကို ကျနော် မှတ်မိနေပါတယ်။ ဒါပေမယ့် မာနေးက တည်ငြိမ်မှု ကင်းမဲ့လါန်းတယ်။ အခုဆိုရင် သူ့ရဲ့ စွမ်းဆောင်ရည်က အရမ်းကို တည်ငြိမ်နေပါပြီ။ တိုက်စစ်မှာကော၊ ခစစ်မှာကောပေါ့။ အားလုံးသော ကစားသမားတွေကလည်း မာနေးလိုပဲ ခြေစွမ်း တည်ငြိမ်လာကြတယ်လို့ ကျနော် ပြောလို့ ရပါပြီ။
သူဟာ လူငယ်ကစားသမားအဖြစ် လီဗာပူးကို ရောက်လာခဲ့ပြီး ဒီမှာပဲ တိုးတက်လာခဲ့ပါတယ်။ ဒါအတွက် လုံလောက်တဲ့ အချိန် ရခဲ့တာကလည်း ကျနေ်ာတို့ ကံကောင်းလှပါတယ်။ တစ်သင်းလုံး တိုးတက်လာတာအတွက် ဆာဒီယိုက ဥပမာကောင်း ဖြစ်ပါတယ်။ အရမ်းကောင်းတဲ့ ကစားသမားအဖြစ်ကနေ ကမ္ဘာအဆင့် ကစားသမားဖြစ်လာခဲ့တယ်။ လီဗာပူးမှာ သူ့ကို ပိုင်ဆိုင်ထားတာအတွက် ကျနေ်ာ ကျေနပ်ရပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ ဆောက်သမ်တန်ကနေ ရောက်လာခဲ့တဲ့ မာနေးဟာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း ၁၆၅ ပွဲ ကစားပေးထားပြီး ကိုယ်တိုင် ၇၉ ဂိုး သွင်းယူထားကာ ဂိုးထောက်ပံ့မှု ၃၄ ကြိမ်ထိ လုပ်ထားနိုင်တယ်။ သူဟာ မနှစ်တုန်းက ရွှေဖိနပ်ဆုကို ပူးတွဲ အနိုင်ရခဲ့သေးတာ ဖြစ်ပါတယ်။
ZAWGYI