မန်နေဂျာ ယာဂင်ကလော့ပ်က ဒီရာသီမှာ အဒမ် လယ်လာနာဟာ လီဗာပူးနဲ့ သက်တမ်းတိုးခဲ့ပေမယ့် ပွဲကစားပေးတော့မှာ မဟုတ်ဘူးလို့ ပြတ်ပြတ်သားသား ပြောဆိုပါတယ်။

ကစားပေးဖို့ လိုအပ်လာရင် ကစားပေးမှာ ဖြစ်သော်လည်း လယ်လာနာက သူ့ရဲ့ အနာဂတ် အသင်းထံ ပြောင်းဖို့အတွက် ဒဏ်ရာရနိုင်တဲ့ ဘောလုံး ပြန်ကစားမှုလို ကိစ္စကို စွန့်စားမှု မလုပ်လိုကြောင်း မန်နေဂျာက ပြောတာပါ။

ကလော့ပ်က ” အဒမ်က ဒီနွေမှာ အသင်းကနေ ထွက်ခွာမယ်ဆိုတာ ရှင်းပါတယ်။ ဒါပေမယ့် ကျနေ်ာတို့မှာ ခက်ခဲတဲ့ အခြေအနေတွေ ရှိပါတယ်။ ကျနော် အဒမ်ကို လေးစားပါတယ်။ အားလုံးက အဒမ်ဖြေရှင်းရမှာပါ။ ကျနေ်ာ အဲ့လိုပဲ ပြောလိုပါတယ်။

သူက ကြံ့ခိုင်ပါတယ်။ လေ့ကျင့်ရေးလည်း ဆင်းတယ်၊ အရာအားလုံး အဆင်ပြေပါတယ်။ ဒါပေမယ့် အနာဂတ်က သူ့အနာဂတ်ပါ။ ကွင်းထဲမှာ သူ့အကူအညီလိုရင် သူရှိနေမှာပါ။ အသင်းနဲ့ ရာနှုန်းပြည့် လေ့ကျင့်နေပေမယ့် သူ့ကို မလိုသေးပါဘူး။ သူက လေ့ကျင့်နေရုံပါ။ ဒါက ပုံမှန်ပါပဲ။

စာချုပ်မရှိတော့မယ့် ကစားသမားအကြောင်း အရမ်းပေးနေကြပေမယ့် အဒမ်ကိစ္စက မေးစရာကိစ္စ မဟုတ်ပါဘူး။ အဒမ်က စာချုပ်ကို သက်တမ်းတိုးခဲ့တယ်။ သူ ဒါကို လုပ်ချင်စိတ်လည်း ရှိခဲ့တယ်။ ဒါပေမယ့် သူ့အနာဂတ်အတွက် ဘာစွန့်စားမှုမှတော့ မယူခြင်းပါဘူး။ အခြေအနေက အရမ်း ရှင်းပါတယ်။

အခုချိန်မှာ သူ့အကြောင်းကို လာမေးရင် အဒမ်အကြောင်း ကျနော် မသိတာ ကြာပါပြီ။ သူက လေ့ကျင့်ရေးမှာတော့ လွှမ်းမိုးမှုကြီးတဲ့ ကစားသမားဖြစ်ပြီး မယုံနိုင်လောက်အောင် ထူးချွန်တဲ့ ပရော်ဖက်ရှင်နယ်ပါ။ ဒီတော့ သူက ကျနေ်ာတို့အတွက် ကစားသမားကောင်းဖြစ်ပြီး ကံကောင်းပါစေလည်း ဆုတောင်းပေးပါတယ်။

ကျနော်ရဲ့ အမြင်မှာတော့ သူက လီဗာပူးမှာ ဂန္တဝင်တစ်ဦးလို ဖြစ်နေပါပြီ။ ဒီတော့ နောက်ရာသီမှာ အခြားအသင်းကို ပြောင်းသွားတဲ့ ဂန္တဝင်အဖြစ် မြင်ရပါမယ် ” လို့ ပြောဆိုသွားပါတယ်။

ZAWGYI

မန္ေနဂ်ာ ယာဂင္ကေလာ့ပ္က ဒီရာသီမွာ အဒမ္ လယ္လာနာဟာ လီဗာပူးနဲ႔ သက္တမ္းတိုးခဲ့ေပမယ့္ ပြဲကစားေပးေတာ့မွာ မဟုတ္ဘူးလို႔ ျပတ္ျပတ္သားသား ေျပာဆိုပါတယ္။

ကစားေပးဖို႔ လိုအပ္လာရင္ ကစားေပးမွာ ျဖစ္ေသာ္လည္း လယ္လာနာက သူ႔ရဲ႕ အနာဂတ္ အသင္းထံ ေျပာင္းဖို႔အတြက္ ဒဏ္ရာရႏုိင္တဲ့ ေဘာလံုး ျပန္ကစားမႈလို ကိစၥကို စြန္႔စားမႈ မလုပ္လိုေၾကာင္း မန္ေနဂ်ာက ေျပာတာပါ။

ကေလာ့ပ္က ” အဒမ္က ဒီေႏြမွာ အသင္းကေန ထြက္ခြာမယ္ဆိုတာ ရွင္းပါတယ္။ ဒါေပမယ့္ က်ေန္ာတို႔မွာ ခက္ခဲတဲ့ အေျခအေနေတြ ရွိပါတယ္။ က်ေနာ္ အဒမ္ကို ေလးစားပါတယ္။ အားလံုးက အဒမ္ေျဖရွင္းရမွာပါ။ က်ေန္ာ အဲ့လိုပဲ ေျပာလိုပါတယ္။

သူက ၾကံ႕ခိုင္ပါတယ္။ ေလ့က်င့္ေရးလည္း ဆင္းတယ္၊ အရာအားလံုး အဆင္ေျပပါတယ္။ ဒါေပမယ့္ အနာဂတ္က သူ႔အနာဂတ္ပါ။ ကြင္းထဲမွာ သူ႔အကူအညီလိုရင္ သူရွိေနမွာပါ။ အသင္းနဲ႔ ရာႏႈန္းျပည့္ ေလ့က်င့္ေနေပမယ့္ သူ႔ကို မလိုေသးပါဘူး။ သူက ေလ့က်င့္ေနရံုပါ။ ဒါက ပံုမွန္ပါပဲ။

စာခ်ဳပ္မရွိေတာ့မယ့္ ကစားသမားအေၾကာင္း အရမ္းေပးေနၾကေပမယ့္ အဒမ္ကိစၥက ေမးစရာကိစၥ မဟုတ္ပါဘူး။ အဒမ္က စာခ်ဳပ္ကို သက္တမ္းတိုးခဲ့တယ္။ သူ ဒါကို လုပ္ခ်င္စိတ္လည္း ရွိခဲ့တယ္။ ဒါေပမယ့္ သူ႔အနာဂတ္အတြက္ ဘာစြန္႔စားမႈမွေတာ့ မယူျခင္းပါဘူး။ အေျခအေနက အရမ္း ရွင္းပါတယ္။

အခုခ်ိန္မွာ သူ႔အေၾကာင္းကို လာေမးရင္ အဒမ္အေၾကာင္း က်ေနာ္ မသိတာ ၾကာပါျပီ။ သူက ေလ့က်င့္ေရးမွာေတာ့ လႊမ္းမိုးမႈၾကီးတဲ့ ကစားသမားျဖစ္ျပီး မယံုႏုိင္ေလာက္ေအာင္ ထူးခၽြန္တဲ့ ပေရာ္ဖက္ရွင္နယ္ပါ။ ဒီေတာ့ သူက က်ေန္ာတုိ႔အတြက္ ကစားသမားေကာင္းျဖစ္ျပီး ကံေကာင္းပါေစလည္း ဆုေတာင္းေပးပါတယ္။

က်ေနာ္ရဲ႕ အျမင္မွာေတာ့ သူက လီဗာပူးမွာ ဂႏၱဝင္တစ္ဦးလို ျဖစ္ေနပါျပီ။ ဒီေတာ့ ေနာက္ရာသီမွာ အျခားအသင္းကို ေျပာင္းသြားတဲ့ ဂႏၱဝင္အျဖစ္ ျမင္ရပါမယ္ ” လို႔ ေျပာဆိုသြားပါတယ္။