အက်ဖ်အေကတော့ လာမယ့်ရာသီအတွက် ပထမဆုံးသော ပွဲစဉ်ဖြစ်တဲ့ ကွန်မြူနတီဒိုင်းကို သြဂုတ်လ ၃၀ ရက်နေ့မှာ ကစားလိုနေတယ်လို့ သိရပါတယ်။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပထမဆုံးပွဲမှာ ပါဝင်ရမယ့် ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းကတော့ ထွက်ပေါ်လာခဲ့ပြီဖြစ်ပြီး အက်ဖ်အေဖလား ချန်ပီယံကို စောင့်ရဦးမှာပါ။ ကွန်မြူနတီဒိုင်းဟာ အမှတ်ပေးချန်ပီယံနဲ့ အက်ဖ်အေဖလား ချန်ပီယံတို့ကို ထိပ်တိုက် ယှဉ်ပြိုင်စေတဲ့ အစဉ်အလာ ပြိုင်ပွဲတစ်ရပ်ဖြစ်တယ်။

ဥရောပ အဆင့်မြင့်တန်း ကလပ်တွေရဲ့ ထိပ်သီး ဆုဖလားတွေမှာ ကွန်မြူနတီဒိုင်းလို တစ်ပွဲတည်း ကစားရတဲ့ ဆုဖလားကို ထည့်တွက်ခြင်း မရှိပေမယ့် လီဗာပူးက ကွန်မြူနတီဒိုင်း သမိုင်းမှာ ဒုတိယအအောင်မြင်ဆုံးအဖြစ် ၁၅ ကြိမ် အနိုင်ရထားပါတယ်။

ဒီရာသီ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်မှာ လန်ဒန်အသင်းတွေဖြစ်တဲ့ ချယ်ဆီး၊ အာဆင်နယ် အပြင် မန်ချက်စတာအသင်းတွေ ဖြစ်တဲ့ ယူနိုက်တက်၊ မန်စီးတီးတို့လည်း တက်ရောက်ထားတာကြောင့် လာမယ့်ရာသီ ကွန်မြူနတီဒိုင်း ပြိုင်ပွဲက ပွဲကောင်းဖြစ်လာဖို့ ရှိနေတယ်။

သြဂုတ်လ ၁ ရက်နေ့မှာတော့ ဝင်ဘာလေမှာ အက်ဖ်အေဖလား ဗိုလ်လုပွဲ ကစားရမှာဖြစ်ပြီး အနိုင်ရတဲ့ အသင်းက လီဗာပူးနဲ့ သြဂုတ်လ ၃၀ ရက် ဝင်ဘာလေမှာပဲ ကွန်မြူနတီဒိုင်း ကစားစေဖို့ အက်ဖ်အေက စီစဉ်နေတာပါ။

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်တွေကို စက်တင်ဘာလ ၁၂ ရက်နေ့မှာ စတင်သွားဖို့လည်း လိဂ်တာဝန်ရှိသူတွေက ရက်စွဲကို ရေးဆွဲထားသေးတာဖြစ်ပါတယ်။ ဒီရက်စွဲတွေကို အတည်ပြု ကြေညာခဲ့ရင် လီဗာပူးအသင်းသားတွေ အနေနဲ့ အားလပ်ရက်ရှည် မရတာမျိုးတော့ ဖြစ်သွားနိုင်ပါတယ်။

ZAWGYI

အက္ဖ္ေအကေတာ့ လာမယ့္ရာသီအတြက္ ပထမဆံုးေသာ ပြဲစဥ္ျဖစ္တဲ့ ကြန္ျမဴနတီဒိုင္းကို ၾသဂုတ္လ ၃၀ ရက္ေန႔မွာ ကစားလိုေနတယ္လို႔ သိရပါတယ္။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ပထမဆံုးပြဲမွာ ပါဝင္ရမယ့္ ပရီးမီးယားလိဂ္ခ်န္ပီယံ လီဗာပူးအသင္းကေတာ့ ထြက္ေပၚလာခဲ့ျပီျဖစ္ျပီး အက္ဖ္ေအဖလား ခ်န္ပီယံကို ေစာင့္ရဦးမွာပါ။ ကြန္ျမဴနတီဒိုင္းဟာ အမွတ္ေပးခ်န္ပီယံနဲ႔ အက္ဖ္ေအဖလား ခ်န္ပီယံတို႔ကို ထိပ္တိုက္ ယွဥ္ျပိဳင္ေစတဲ့ အစဥ္အလာ ျပိဳင္ပြဲတစ္ရပ္ျဖစ္တယ္။

ဥေရာပ အဆင့္ျမင့္တန္း ကလပ္ေတြရဲ႕ ထိပ္သီး ဆုဖလားေတြမွာ ကြန္ျမဴနတီဒိုင္းလို တစ္ပြဲတည္း ကစားရတဲ့ ဆုဖလားကို ထည့္တြက္ျခင္း မရွိေပမယ့္ လီဗာပူးက ကြန္ျမဴနတီဒိုင္း သမိုင္းမွာ ဒုတိယအေအာင္ျမင္ဆံုးအျဖစ္ ၁၅ ၾကိမ္ အႏုိင္ရထားပါတယ္။

ဒီရာသီ အက္ဖ္ေအဖလား ဆီမီးဖိုင္နယ္မွာ လန္ဒန္အသင္းေတြျဖစ္တဲ့ ခ်ယ္ဆီး၊ အာဆင္နယ္ အျပင္ မန္ခ်က္စတာအသင္းေတြ ျဖစ္တဲ့ ယူႏုိက္တက္၊ မန္စီးတီးတို႔လည္း တက္ေရာက္ထားတာေၾကာင့္ လာမယ့္ရာသီ ကြန္ျမဴနတီဒိုင္း ျပိဳင္ပြဲက ပြဲေကာင္းျဖစ္လာဖို႔ ရွိေနတယ္။

ၾသဂုတ္လ ၁ ရက္ေန႔မွာေတာ့ ဝင္ဘာေလမွာ အက္ဖ္ေအဖလား ဗိုလ္လုပြဲ ကစားရမွာျဖစ္ျပီး အႏုိင္ရတဲ့ အသင္းက လီဗာပူးနဲ႔ ၾသဂုတ္လ ၃၀ ရက္ ဝင္ဘာေလမွာပဲ ကြန္ျမဴနတီဒိုင္း ကစားေစဖို႔ အက္ဖ္ေအက စီစဥ္ေနတာပါ။

၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ပရီးမီးယားလိဂ္ ပြဲစဥ္ေတြကို စက္တင္ဘာလ ၁၂ ရက္ေန႔မွာ စတင္သြားဖို႔လည္း လိဂ္တာဝန္ရွိသူေတြက ရက္စြဲကို ေရးဆြဲထားေသးတာျဖစ္ပါတယ္။ ဒီရက္စြဲေတြကို အတည္ျပဳ ေၾကညာခဲ့ရင္ လီဗာပူးအသင္းသားေတြ အေနနဲ႔ အားလပ္ရက္ရွည္ မရတာမ်ိဳးေတာ့ ျဖစ္သြားႏုိင္ပါတယ္။