လီဗာပူးနဲ့ ဘရိုက်တန် ပွဲကြိုမှာ လူငယ်တွေကို ဆက်ပြီး နေရာပေးမလားဆိုတဲ့ မေးခွန်းကို မန်နေဂျာကလော့ပ်က ပေးရမှာပေါ့လို့ ဖြေဆိုခဲ့ပါတယ်။

ကလော့ပ်က “ ကျနေ်ာတို့မှာ ကောင်းလေးတွေ ရှိပါတယ်။ သူတို့က စီနီယာအသင်းကို ကြည့်ကောင်းလို့၊ ရိုးသားလို့ ဆိုပြီး ရောက်လာတာ မဟုတ်ပါဘူး။ သူတို့ စီနီယာအသင်းမှာ ရှိနေတာက သူတို့ကို ကျနေ်ာတို့ အသုံးပြုချင်လို့ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ကျနေ်ာတို့ စီနီယာအသင်းအတွက် သူတို့ ခေါ်ယူထားခြင်းကိုပဲ အဓိက အကျိုးအမြတ်အဖြစ် ရယူရမှာပါ။ ဒါက မျှတတဲ့ အပေးအယူဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဒါကနေပဲ ကျနေ်ာတို့တွေလည်း အကျိုးအမြတ် ရမှာပါ။ အခြေအနေက အဲ့လိုပဲဖြစ်ပြီး လူငယ်တွေနဲ့ ပက်သက်လို့ ကျနေ်ာတို့ အဲ့လိုပဲ လုပ်ရမှာပါ။

ဒါကြောင့် ဒီအသက်အရွယ်မှာ ကောင်းလေတွေက ရိုးသားပြီး ကြိုးစားကြတာက ကျနော်ကို စိတ်ကျေနပ်စေပါတယ်။ သူတို့မှာ စံနမူနာအဖြစ် အရမ်းကို ပရိုဆန်တဲ့ ကစားသမားတွေက အနားမှာ ရှိနေပါတယ်။ လူငယ်လေးတွေထက် ဝါပိုရင့်သလို သူတို့ကိုလည်း လမ်းပြပေးမယ့် ကစားသမားတွေဖြစ်တယ်။ သူတို့ ကစားသမားဘဝကို ပိုကောင်းလာစေဖို့ အကူအညီဖြစ်ပြမယ်။ ” လို့ ပြောဆိုခဲ့တယ်။

လက်ရှိမှာ ထရန့်က ပွဲထွက်ခွင့်တွေ ရနေပါတယ်။ ကာတစ်ဂျုံးနဲ့ နီကိုးတို့ကလည်း ပွဲထွက်ခွင့်တွေ စရနေတာပါ။ ကံကောင်းစွာပဲ စီနီယာတွေ ဒဏ်ရာမရှိတာက လူငယ်တွေကို နေရာပေးဖို့ ခက်ခဲစေမယ့် အနာဂတ်မှာတော့ ဒီလူငယ်တွေ ပိုမို နေရာရလာမှာပါလို့ ကလော့ပ်က ပြောပါတယ်။

ကျနေ်ာတို့မှာ ကံကောင်းစွာပဲ ဒဏ်ရာပြဿနာလည်း မရှိပါဘူး။ ဒါပေမယ့် လူငယ်တွေကို နေရာပေးဖို့ ကျနေ်ာတို့ လုပ်မှာပါ။ အိပ်မက်ဆိုရင်တော့ လာမယ့် ၅ နှစ်၊ ၁၀ နှစ်လောက်တော့ ထားလိုက်မယ်ဗျာ။ လီဗာပူးတစ်သင်းလုံး လီဗာပူးဒေသသားတွေ အပြည့်ဖြစ်နေဖို့ အိပ်မက်ရှိပါတယ်။ ဘာလို့ မဖြစ်နိုင်ရမှာလဲ?

လီဗာပူးသားဖြစ်ရတာ မဆိုးပါဘူ။ ကောင်းတယ်လို့ ပြောလို့ရတယ်။ လီဗာပူးသားတွေက ကြိုးစားတယ်၊ ရူးရူးမူးမူး တိုက်ခိုက်တယ်။ အကျင့်စရိုက် ကောင်းကြပါတယ်။ ဒါပေမယ့် အခြားသော ဘောလုံးကစားလိုတဲ့ ကောင်လေးတွေအတွက်လည်း လီဗာပူးက တံခါးဖွင့်ထားပါတယ်။ လီဗာပူးက ပွင့်လင်းတဲ့ ကလပ်ပါ။ ဒီတော့ လီဗာပူးသား ၁၀ ဦးလောက် အသင်းမှာ ရှိနေစရာ မလိုပါဘူး။ ရှိနေရင်တော့ ပိုကောင်းတာပေါ့ဗျာ ” လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးနဲ႔ ဘရိုက္တန္ ပြဲၾကိဳမွာ လူငယ္ေတြကို ဆက္ျပီး ေနရာေပးမလားဆိုတဲ့ ေမးခြန္းကို မန္ေနဂ်ာကေလာ့ပ္က ေပးရမွာေပါ့လို႔ ေျဖဆိုခဲ့ပါတယ္။

ကေလာ့ပ္က “ က်ေန္ာတို႔မွာ ေကာင္းေလးေတြ ရွိပါတယ္။ သူတို႔က စီနီယာအသင္းကို ၾကည့္ေကာင္းလို႔၊ ရိုးသားလို႔ ဆိုျပီး ေရာက္လာတာ မဟုတ္ပါဘူး။ သူတို႔ စီနီယာအသင္းမွာ ရွိေနတာက သူတို႔ကို က်ေန္ာတုိ႔ အသံုးျပဳခ်င္လို႔ ျဖစ္ပါတယ္။

ဒီအေျခအေနမွာ က်ေန္ာတို႔ စီနီယာအသင္းအတြက္ သူတို႔ ေခၚယူထားျခင္းကိုပဲ အဓိက အက်ိဳးအျမတ္အျဖစ္ ရယူရမွာပါ။ ဒါက မွ်တတဲ့ အေပးအယူျဖစ္ပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဒါကေနပဲ က်ေန္ာတုိ႔ေတြလည္း အက်ိဳးအျမတ္ ရမွာပါ။ အေျခအေနက အဲ့လိုပဲျဖစ္ျပီး လူငယ္ေတြနဲ႔ ပက္သက္လို႔ က်ေန္ာတို႔ အဲ့လိုပဲ လုပ္ရမွာပါ။

ဒါေၾကာင့္ ဒီအသက္အရြယ္မွာ ေကာင္းေလေတြက ရိုးသားျပီး ၾကိဳးစားၾကတာက က်ေနာ္ကို စိတ္ေက်နပ္ေစပါတယ္။ သူတို႔မွာ စံနမူနာအျဖစ္ အရမ္းကို ပရိုဆန္တဲ့ ကစားသမားေတြက အနားမွာ ရွိေနပါတယ္။ လူငယ္ေလးေတြထက္ ဝါပိုရင့္သလို သူတို႔ကိုလည္း လမ္းျပေပးမယ့္ ကစားသမားေတြျဖစ္တယ္။ သူတို႔ ကစားသမားဘဝကို ပိုေကာင္းလာေစဖို႔ အကူအညီျဖစ္ျပမယ္။ ” လို႔ ေျပာဆိုခဲ့တယ္။

လက္ရွိမွာ ထရန္႔က ပြဲထြက္ခြင့္ေတြ ရေနပါတယ္။ ကာတစ္ဂ်ံဳးနဲ႔ နီကိုးတို႔ကလည္း ပြဲထြက္ခြင့္ေတြ စရေနတာပါ။ ကံေကာင္းစြာပဲ စီနီယာေတြ ဒဏ္ရာမရွိတာက လူငယ္ေတြကို ေနရာေပးဖို႔ ခက္ခဲေစမယ့္ အနာဂတ္မွာေတာ့ ဒီလူငယ္ေတြ ပိုမို ေနရာရလာမွာပါလို႔ ကေလာ့ပ္က ေျပာပါတယ္။

က်ေန္ာတို႔မွာ ကံေကာင္းစြာပဲ ဒဏ္ရာျပႆနာလည္း မရွိပါဘူး။ ဒါေပမယ့္ လူငယ္ေတြကို ေနရာေပးဖို႔ က်ေန္ာတို႔ လုပ္မွာပါ။ အိပ္မက္ဆိုရင္ေတာ့ လာမယ့္ ၅ ႏွစ္၊ ၁၀ ႏွစ္ေလာက္ေတာ့ ထားလိုက္မယ္ဗ်ာ။ လီဗာပူးတစ္သင္းလံုး လီဗာပူးေဒသသားေတြ အျပည့္ျဖစ္ေနဖို႔ အိပ္မက္ရွိပါတယ္။ ဘာလို႔ မျဖစ္ႏုိင္ရမွာလဲ?

လီဗာပူးသားျဖစ္ရတာ မဆိုးပါဘူ။ ေကာင္းတယ္လို႔ ေျပာလို႔ရတယ္။ လီဗာပူးသားေတြက ၾကိဳးစားတယ္၊ ရူးရူးမူးမူး တိုက္ခိုက္တယ္။ အက်င့္စရိုက္ ေကာင္းၾကပါတယ္။ ဒါေပမယ့္ အျခားေသာ ေဘာလံုးကစားလိုတဲ့ ေကာင္ေလးေတြအတြက္လည္း လီဗာပူးက တံခါးဖြင့္ထားပါတယ္။ လီဗာပူးက ပြင့္လင္းတဲ့ ကလပ္ပါ။ ဒီေတာ့ လီဗာပူးသား ၁၀ ဦးေလာက္ အသင္းမွာ ရွိေနစရာ မလိုပါဘူး။ ရွိေနရင္ေတာ့ ပိုေကာင္းတာေပါ့ဗ်ာ ” လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။