မန်ယူအသင်းဟာ ကာလရှည်စိတ်ဝင်စားနေတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူး ပေါ်လိုဒီဘာလာကို ဒီနှစ်ဘောလုံးရာသီမှာခေါ်ယူဖို့ အကြိုသဘောတူညီမှု ရယူထားပြီးဖြစ်တယ်လို့ အပြောင်းအရွှေ့ကိစ္စရပ်တွေမှာ ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

မန်ယူဟာ တိုက်စစ်ပိုင်း အင်အားဖြည့်ဖို့ ဂျူဗင်တပ်တိုက်စစ်ကစားသမား ဒိုင်ဘာလာကို ခေါ်ယူရန် ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းဆိုတဲ့ ကမ်းလှမ်းမှုနဲ့ စတင်ကာ စကားပြောနေခဲ့တာပါ။ အသက် (၂၅) နှစ်အရွယ်ရှိ အာဂျင်တီးနား တိုက်စစ်ကစားသမား ဒိုင်ဘာလာ ဟာ စီရော်နယ်ဒို ရောက်ရှိလာပြီးနောက် ဂျူဗင်တပ် အသင်းတွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေသူလည်းဖြစ်ပါတယ်။

၂၀၁၅ ဇွန်လမှာ ဂျူဗင်တပ်ဟာ ဒိုင်ဘာလာကို ပေါင် ၂၃ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်တယ်။ ဒါပေမယ့် စီးရီးအေကလပ် ဂျူဗင်တပ်မှာ လေးရာသီလောက် ကစားခဲ့တဲ့ သူ့ကို ပြန်လည်ခေါ်ယူလိုတဲ့ ဥရောပ ကလပ်အသင်းတွေက ပေါင် ၉၀ သန်းလောက် ပေးရမှာဖြစ်တယ်။

ဒိုင်ဘာလာအတွက် ကမ်းလှမ်းမှုတွေကို နားထောက်ပေးဖို့ တံခါးဖွင့်ထားပေးတဲ့ ဂျူဗင်တပ်ဟာ ကစားသမားအတွက် သက်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ငွေသားအဖြစ် တစ်လုံးတည်း ပေးချေမယ်ဆိုရင်တော့ ပြောင်းရွှေ့ခွင့် ပေးအပ်သွားမယ်လို့ သိရပါတယ်။

ဒိုင်ဘာလားရဲ့ သတင်းတွေကြောင့် ပရီးမီးယားလိဂ်ရဲ့ လစာအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတဲ့ ချီလီတိုက်စစ်မှူးဆန်းချက်ဇ်ဟာ အိုးလ်ထရက်ဖို့ဒ်အခြေစိုက်အသင်းကနေ ထွက်ခွာရဖို့ သေချာသလောက်ရှိနေပါတယ်။