လာလီဂါတိုက်စစ်မှူးဟောင်းနဲ့ ဘရာဇီးဂန္ထ၀င်တိုက်စစ်မှူး ရော်နယ်ဒိုက ဘာစီလိုနာအသင်း အရေးနိမ့်တဲ့ပွဲတိုင်း အသင်းပရိသတ်တွေရဲ့ စိတ်ဓါတ်ခံယူမှုက လေးစားမှု ကင်းမဲ့လွန်းတယ်လို့ ပြစ်တင်ဝေဖန်သွားပါတယ်။

အနိုင်ရတဲ့ပွဲတွေဆို မက်ဆီကြောင့် အနိုင်ရတာဖြစ်ပြီး ရှုံးသွားတဲ့အခါ နည်းပြနဲ့ ကော်တင်ဟိုလို ကစားသမားတွေကြောင့်လို့ မျက်စိပိတ်ပြီး တရားသေ သုံးသပ်ချက်တွေကို ပြင်းထန်စွာ ဝေဖန်သွားခဲ့ပြီး ဘာစီလိုနာရဲ့ တခြားကစားသမားနဲ့ နည်းပြအဖွဲ့အပေါ် လေးစားမှုအတော်လေး ကင်းမဲ့တယ်လို့ ယိုးစွပ်ခဲ့တာဖြစ်တယ်။

ဘာစီလိုနာဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ လီဗာပူးကို ၄-၀ ဂိုးနဲ့အရေးနိမ့်ကာ ပြိုင်ပွဲကနေ အရှက်တကွဲထွက်ခဲ့ရပါတယ်။ ရာသီစက မက်ဆီပေးထားတဲ့ ချန်ပီယံလိဂ်ဖလား ဒီရာသီရဖို့ မရှိတော့တာက ဘာစီလိုနာ ပရိသတ်တွေကို အရှက်ရစေပြီး ဝေဖန်မှုတွေ ပြင်းထန်စေခဲ့တာပါ။

ဘာစီလိုနာမှာရော ရီးရဲလ်မက်ဒရစ်မှာပါ ကစားခဲ့ဖူးတဲ့ ရော်နယ်ဒိုက အသင်းပရိသတ်တွရဲ့ လုပ်ပုံက မဟုတ်သေးကြောင်းနဲ့ တခြားကစားသမားတွေလည်း ဒီထက်ပိုမိုလေးစားခံရသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

” ဘာစီလိုနာက ကြီးကျယ်တဲ့အသင်းဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမား မက်ဆီလည်းရှိနေတယ်။ ဘာစီလိုနာ ရှုံးတဲ့ပွဲဆို နည်းပြကြောင့် ကော်တင်ဟိုကြောင့်လို့ ဝေဖန်ကြပေမယ့် မက်ဆီကြောင့်တော့ မဟုတ်ဘူး။ နောက် အနိုင်ရရင်တော့ မက်ဆီကြောင့် ဆိုတဲ့အသံတွေ ကြားနေရပါတယ်။

ဒါက အသင်းက ကစားသမားအားလုံးနဲ့ နည်းပြအဖွဲ့ဝင်တွေအပေါ် လုံးဝလေးစားမှုကင်းမဲ့တာပါ။ အသင်းတစ်သင်းက ပြိုင်ဘက်ထက် စိတ်ဓါတ်ပိုင်း ပိုသားနေပြီး နိုင်လိုစိတ် ပြင်းပြတဲ့ စိတ်ဆန္ဒပိုများနေရင် ပြန်လည်တုန်ပပြန်သွားတာက ဖြစ်လာနိုင်ပါတယ်။

ကမ့်နူးမှာတုန်းက ဘာစီလိုနာက အကောင်းဆုံးပုံစံရရှိခဲ့ပေမယ့် အန်ဖီးမှာတော့ လီဗာပူးက ပြင်းပြထက်သန်မှု၊ လိုချင်တောင့်တမှု၊ အဆုံးသတ်သေချာမှုတွေနဲ့အတူ ဘာစီလိုနာကို ကျော်ဖြတ်နိုင်ခဲ့တာပါ ” လို့ သုံးသပ်ခဲ့ပါတယ်။