PSG တိုက်စစ်မှူး နေမာဟာ အပြောင်းအရွှေ့တွေမှာ သတင်းကြီးနေသလိုမျိုး ဘာစီလိုနာပြိုငဘက် ရီးယဲလ်မက်ဒရစ်ကို ရောက်သွားစရာအကြောင်းမရှိဘူးလို့ ဘရာဇီးဂန္တဝင်တိုက်စစ်မှူး ရော်နယ်ဒိုက ပြောဆိုလိုက်ပါတယ်။

PSG အသင်းဟာ ဥရောပအဆင့် အောင်မြင်မှုတွေအတွက်ရည်ရွယ်ပြီး နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ပြီးခဲ့တဲ့နှစ်ရာသီဆက် ၁၆ သင်း ရှုံးထွက်အဆင့်ကနေသာ လှည့်ပြန်ခဲ့ရပါတယ်။

ဒီရာသီတစ်ခုလုံးမှာ နေမာဟာ PSG အသင်းမှာ မပျော်မရွှင်ဖြစ်နေလို့ သတင်းတွေထွက်ပေါ်နေခဲ့ပြီး ဘာစီလိုနာ (သို့) ရီးယဲလ်အသင်းကို ပြောင်းရွှေ့ကစားဖို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာပါ။ လာလီဂါကလပ် နှစ်သင်းလုံးမှာ ကစားခဲ့တဲ့ ရော်နယ်ဒိုက အဆိုပါအပြောင်းအရွှေ့ ဖြစ်လာနိုင်စရာမရှိဘူးလို့ ပြောခဲ့ပါတယ်။

“ နေမာဟာ ဈေးကွက်ထဲရှိမနေဘူး။ ဘယ်အသင်းမဆို သူ့ကိုခေါ်ယူဖို့ မဖြစ်နိုင်သေးသလို သူကိုယ်တိုင်ကလည်း PSG မှာ သူရင်ဆိုင်နေရတဲ့ ဝေဖန်မှုတွေက မှားယွင်းတယ်ဆိုတဲ့ သက်သေပြစရာတွေ ကျန်နေပါသေးတယ်။

နေမာအပေါ် ဝေဖန်နေကြတာတွေက မျှတမှုရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဘောလုံးဆိုတာ အသင်းလိုက် အားကစားနည်းတစ်ရပ်ပါ။ PSG အသင်းရဲ့ ဥရောပမှာ မအောင်မြင်မှုတွေအတွက် နေမာတစ်ယောက်ထဲမှာ တာဝန်ရှိတာမဟုတ်ပါဘူး ” လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။