မန်နေဂျာယာဂင်ကလော့ပ်က အာဆင်နယ်ကို အရေးနိမ့်ခဲ့တာက အသင်းရဲ့ အာရုံစိုက်မှု နည်းပါးခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ပြောလိုက်ပါတယ်။

လီဗာပူးဟာ မာနေးရဲ့ အဖွင့်ဂိုးနဲ့ ဦးဆောင်ခဲ့ပေမယ့် ပထမပိုင်းမှာတင် သွင်းဂိုး ၂ ဂိုး ပြန်ပေးခဲ့ရတာဖြစ်တယ်။ ဒီဂိုးတွေမှာလည်း ဗန်ဒိုက်နဲ့ အယ်လီဆန်တို့ ပေးမှု အမှားတွေ ဖြစ်ခဲ့တာဖြစ်ပြီး ဒီရာသီ မြင်တွေ့ရလေ့မရှိတဲ့ အာရုံစူးစိုက်မှုဆိုင်ရာ အားနည်းမှုလို့ ကလော့ပ်က ထောက်ပြသွားပါတယ်။

မန်နေဂျာကလော့ပ်က ” နှစ်ကြိမ်တောင် အာရုံစူးစိုက်မှု နည်းခဲ့ပါတယ်။ ကျနော်တို့က ၁-၀ အပြီးမှာ အရှိန်လျော့ပလိုက်တယ်။ အထူးသဖြင့် ဂိုးပေးရတာ မတိုင်ခင် ပထမပိုင်းမှာတော့။ ကျနေ်ာတို့ ထူးထူးချွန်ချွန် ကစားခဲ့ပါတယ်။ ဂိုးကန်သွင်းချက်က ၂၃ ကြိမ် ၃ ကြိမ်ပါ။ ဒါက မယုံနိုင်လောက်အောင်ပါပဲ။ ဒါပေမယ့် အခိုက်အတန့် နှစ်ခုကပဲ ပွဲကို သတ်ခဲ့ပါတယ်။

အာဆင်နယ်က အခွင့်အရေး မယ်မယ်ရရ မရှိပါဘူး။ ဒုတိယပိုင်းမှာ နောက်ထပ် ကန်သွင်းမှု တစ်ကြိမ် ထပ်ရတယ်။ ဒီလို ဂိုးမျိုးကို ခွင့်ပြုရရင် ပွဲတွေကို အနိုင်ရဖို့ မဖြစ်နိုင်ပါဘူး။ ကျနေ်ာတို့ အနားယူသလို ဖြစ်ခဲ့တယ်။ ဒါက ရှင်းပါတယ်။ အာရုံစူးစိုက်မှု ပျောက်သွားခဲ့တယ်။ ပရီးမီးယားလိဂ်မှာ ဒီလိုဖြစ်လို့ မရပါဘူး။

ဗန်ဒိုက်က ဘောလုံးဆုံးရံှူးခဲ့တယ်၊ ဒါမျိုး မြင်တွေ့ရတာ သိပ်မရှိပါဘူး။ ဘယ်သူကမှ ဘောလုံးကို မလိုချင်ဘူး။ အဲ့တာက အဓိပ္ပာယ် မရှိတာပါ။ ဒီအခြေအနေကနေ ကျနေ်ာတို့ ရာနှုန်းပြည့် သင်ယူရပါမယ်။ တစ်ရာသီလုံး ဒီလို နှေးကွေးတာမျိုး တစ်ကြိမ်၊ နှစ်ကြိမ် မဟုတ် သုံးကြိမ်လောက် ဖြစ်တာမျိုး မရှိဖူးပါဘူး။ အဲ့ကနေပဲ ကျနေ်ာတို့ ပေးဆပ်လိုက်ရတယ်။

အာဆင်နယ်အတွက်တော့ ကောင်းပါတယ်။ ကျနော်တို့ အတွက်ကတော့ ဒီကနေ သင်ယူရမှာပေါ့။ ကျနေ်ာတို့ လွှမ်းမိုးကစားနိုင်တယ်။ ပွဲကောင်းလည်း ဖြစ်ခဲ့တယ်။ အာဆင်နယ်က အခြေအနေ နှစ်ရပ်လောက်မှာ အခွင့်အရေး ယူနိုင်ပြီး သူတို့က အာရုံစိုက်မှုတွေနဲ့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့ပါတယ်။ ” လို့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

ZAWGYI

မန္ေနဂ်ာယာဂင္ကေလာ့ပ္က အာဆင္နယ္ကို အေရးနိမ့္ခဲ့တာက အသင္းရဲ႕ အာရံုစိုက္မႈ နည္းပါးခဲ့ျခင္းေၾကာင့္ျဖစ္ေၾကာင္း ပြဲအျပီးမွာ ထုတ္ေျပာလိုက္ပါတယ္။

လီဗာပူးဟာ မာေနးရဲ႕ အဖြင့္ဂိုးနဲ႔ ဦးေဆာင္ခဲ့ေပမယ့္ ပထမပိုင္းမွာတင္ သြင္းဂိုး ၂ ဂိုး ျပန္ေပးခဲ့ရတာျဖစ္တယ္။ ဒီဂိုးေတြမွာလည္း ဗန္ဒိုက္နဲ႔ အယ္လီဆန္တို႔ ေပးမႈ အမွားေတြ ျဖစ္ခဲ့တာျဖစ္ျပီး ဒီရာသီ ျမင္ေတြ႔ရေလ့မရွိတဲ့ အာရံုစူးစိုက္မႈဆိုင္ရာ အားနည္းမႈလို႔ ကေလာ့ပ္က ေထာက္ျပသြားပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ” ႏွစ္ၾကိမ္ေတာင္ အာရံုစူးစိုက္မႈ နည္းခဲ့ပါတယ္။ က်ေနာ္တို႔က ၁-၀ အျပီးမွာ အရွိန္ေလ်ာ့ပလိုက္တယ္။ အထူးသျဖင့္ ဂိုးေပးရတာ မတိုင္ခင္ ပထမပိုင္းမွာေတာ့။ က်ေန္ာတို႔ ထူးထူးခၽြန္ခၽြန္ ကစားခဲ့ပါတယ္။ ဂိုးကန္သြင္းခ်က္က ၂၃ ၾကိမ္ ၃ ၾကိမ္ပါ။ ဒါက မယံုႏုိင္ေလာက္ေအာင္ပါပဲ။ ဒါေပမယ့္ အခိုက္အတန္႔ ႏွစ္ခုကပဲ ပြဲကို သတ္ခဲ့ပါတယ္။

အာဆင္နယ္က အခြင့္အေရး မယ္မယ္ရရ မရွိပါဘူး။ ဒုတိယပိုင္းမွာ ေနာက္ထပ္ ကန္သြင္းမႈ တစ္ၾကိမ္ ထပ္ရတယ္။ ဒီလို ဂိုးမ်ိဳးကို ခြင့္ျပဳရရင္ ပြဲေတြကို အႏုိင္ရဖို႔ မျဖစ္ႏုိင္ပါဘူး။ က်ေန္ာတို႔ အနားယူသလို ျဖစ္ခဲ့တယ္။ ဒါက ရွင္းပါတယ္။ အာရံုစူးစိုက္မႈ ေပ်ာက္သြားခဲ့တယ္။ ပရီးမီးယားလိဂ္မွာ ဒီလိုျဖစ္လို႔ မရပါဘူး။

ဗန္ဒိုက္က ေဘာလံုးဆံုးရံွဴးခဲ့တယ္၊ ဒါမ်ိဳး ျမင္ေတြ႔ရတာ သိပ္မရွိပါဘူး။ ဘယ္သူကမွ ေဘာလံုးကို မလိုခ်င္ဘူး။ အဲ့တာက အဓိပၸာယ္ မရွိတာပါ။ ဒီအေျခအေနကေန က်ေန္ာတို႔ ရာႏႈန္းျပည့္ သင္ယူရပါမယ္။ တစ္ရာသီလံုး ဒီလို ေႏွးေကြးတာမ်ိဳး တစ္ၾကိမ္၊ ႏွစ္ၾကိမ္ မဟုတ္ သံုးၾကိမ္ေလာက္ ျဖစ္တာမ်ိဳး မရွိဖူးပါဘူး။ အဲ့ကေနပဲ က်ေန္ာတို႔ ေပးဆပ္လိုက္ရတယ္။

အာဆင္နယ္အတြက္ေတာ့ ေကာင္းပါတယ္။ က်ေနာ္တုိ႔ အတြက္ကေတာ့ ဒီကေန သင္ယူရမွာေပါ့။ က်ေန္ာတို႔ လႊမ္းမိုးကစားႏုိင္တယ္။ ပြဲေကာင္းလည္း ျဖစ္ခဲ့တယ္။ အာဆင္နယ္က အေျခအေန ႏွစ္ရပ္ေလာက္မွာ အခြင့္အေရး ယူႏုိင္ျပီး သူတို႔က အာရံုစိုက္မႈေတြနဲ႔ အခြင့္အေရးေတြကို အသံုးခ်ႏုိင္ခဲ့ပါတယ္။ ” လို႔ ေျပာဆိုသြားတာ ျဖစ္ပါတယ္။