အာဆင်နယ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲအတွက် အသင်းရဲ့ ရလဒ်ဟာ သူ့ရဲ့ အမှားတွေက စတင်တယ်လို့ ဗန်ဒိုက်က ထုတ်ပြောလိုက်ပါတယ်။

အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့တဲ့ ဗန်ဒိုက်ကတော့ ရံှူးပွဲအတွက် တာဝန်ယူကြောင်းနဲ့ အသင်းက ရှေ့ဆက်သွားရပါမယ်လို့ ပြောဆိုပါသေးတယ်။

ဗန်ဒိုက်က ပြောရာမှာ ‘ လက်ဆောင်ပေးတာ ဖြစ်ခဲ့တယ်။ သူတို့ ပထမဂိုးသွင်းတဲ့ အချိန်ထိ ကျနေ်ာတို့ ထိန်းချုပ်ထားဆဲပါ။ ကျနေ်ာတို့ သွင်းဂိုး ၂ ဂိုး ပေးခဲ့တယ်။ အဲ့နောက်တော့ ဘာအမှားမှ ထပ်မရှိတော့ပါဘူး။ ကျနေ်ာတို့ ကစားတာ ကောင်းခဲ့တယ်၊ ဖိအားပေးနိုင်တယ်၊ ကောင်းမွန်တဲ့ ဂိုး သွင်းယူနိုင်ခဲ့တယ်။

ကျနော် အမှားလုပ်ခဲ့မိပါတယ်။ အဲ့အတွက် ဝေဖန်မှုတွေကို လက်ခံပါတယ်။ အရွယ်ရောက်ပြီး ယောက်ကျားတစ်ဦးအဖြစ် ဒါကို ကျနော် တာဝန်ယူပါတယ်။ ကျနေ်ာတို့ ဆက်သွားရမှာပါ ‘ လို့ ဖြစ်တယ်။

ဆောင်းနပ်ကတော့ ဒီ နှစ်နှစ်အတွင်း ဗန်ဒိုက်ထံက ဒီလိုအမှားကို မြင်ထားရလေ့ မရှိတာကြောင့် ချန်ပီယံဖြစ်သွားတာက လီဗာပူးအသင်းကို ပေါ့လျော့စေတယ်လို့ မြင်ပါတယ်။

ဗန်ဒိုက်က ‘ အပြစ်တင်တာတွေ ပြောဖို့က လွယ်ပါတယ်။ ပွဲကို ကြည့်မယ်ဆိုရင် ကျနော် အမှားလုပ်တဲ့ အချိန်ထိ အသင်းက ဘာကိုမှ မမှားထားပါဘူး။ ဒါပေမယ့် သူတို့ကို ဂိုးပေးလိုက်ရတာဖြစ်တယ်။ ဘာတွေဖြစ်ခဲ့လဲ ခင်ဗျားတို့လည်း မြင်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဖြစ်နေတာက အိပ်မက်တွေ အမှန်ဖြစ်လာတာပါ။ ဒီညကတော့ စိတ်ပျက်စရာဖြစ်ခဲ့တယ်။ ဘောလုံးသမားတွေရဲ့ ဘဝမှာ ဒါမျိုးက တစ်ခါတစ်လေ ဖြစ်ခဲ့ပါတယ်။ အနိုင်ရပြီး ဟီးရိုးတွေ ဖြစ်တတ်သလို တစ်ခါတစ်လေ ကိုယ်က ဗီလိန်ဖြစ်ရတာတွေရှိတယ်။ ဒီညအမှားအတွက် ကျနော် အပြည့်အဝ တာဝန်ယူပါတယ် ‘ လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZAWGYI

အာဆင္နယ္ကို ၂-၁ နဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲအတြက္ အသင္းရဲ႕ ရလဒ္ဟာ သူ႔ရဲ႕ အမွားေတြက စတင္တယ္လို႔ ဗန္ဒိုက္က ထုတ္ေျပာလိုက္ပါတယ္။

အသင္းေခါင္းေဆာင္အျဖစ္ တာဝန္ယူခဲ့တဲ့ ဗန္ဒိုက္ကေတာ့ ရံွဴးပြဲအတြက္ တာဝန္ယူေၾကာင္းနဲ႔ အသင္းက ေရွ႔ဆက္သြားရပါမယ္လို႔ ေျပာဆိုပါေသးတယ္။

ဗန္ဒိုက္က ေျပာရာမွာ ‘ လက္ေဆာင္ေပးတာ ျဖစ္ခဲ့တယ္။ သူတို႔ ပထမဂိုးသြင္းတဲ့ အခ်ိန္ထိ က်ေန္ာတို႔ ထိန္းခ်ဳပ္ထားဆဲပါ။ က်ေန္ာတို႔ သြင္းဂိုး ၂ ဂိုး ေပးခဲ့တယ္။ အဲ့ေနာက္ေတာ့ ဘာအမွားမွ ထပ္မရွိေတာ့ပါဘူး။ က်ေန္ာတို႔ ကစားတာ ေကာင္းခဲ့တယ္၊ ဖိအားေပးႏုိင္တယ္၊ ေကာင္းမြန္တဲ့ ဂိုး သြင္းယူႏုိင္ခဲ့တယ္။

က်ေနာ္ အမွားလုပ္ခဲ့မိပါတယ္။ အဲ့အတြက္ ေဝဖန္မႈေတြကို လက္ခံပါတယ္။ အရြယ္ေရာက္ျပီး ေယာက္က်ားတစ္ဦးအျဖစ္ ဒါကို က်ေနာ္ တာဝန္ယူပါတယ္။ က်ေန္ာတို႔ ဆက္သြားရမွာပါ ‘ လို႔ ျဖစ္တယ္။

ေဆာင္းနပ္ကေတာ့ ဒီ ႏွစ္ႏွစ္အတြင္း ဗန္ဒိုက္ထံက ဒီလိုအမွားကို ျမင္ထားရေလ့ မရွိတာေၾကာင့္ ခ်န္ပီယံျဖစ္သြားတာက လီဗာပူးအသင္းကို ေပါ့ေလ်ာ့ေစတယ္လို႔ ျမင္ပါတယ္။

ဗန္ဒိုက္က ‘ အျပစ္တင္တာေတြ ေျပာဖို႔က လြယ္ပါတယ္။ ပြဲကို ၾကည့္မယ္ဆိုရင္ က်ေနာ္ အမွားလုပ္တဲ့ အခ်ိန္ထိ အသင္းက ဘာကိုမွ မမွားထားပါဘူး။ ဒါေပမယ့္ သူတို႔ကို ဂိုးေပးလိုက္ရတာျဖစ္တယ္။ ဘာေတြျဖစ္ခဲ့လဲ ခင္ဗ်ားတို႔လည္း ျမင္ပါတယ္။

ပရီးမီးယားလိဂ္ ခ်န္ပီယံျဖစ္ေနတာက အိပ္မက္ေတြ အမွန္ျဖစ္လာတာပါ။ ဒီညကေတာ့ စိတ္ပ်က္စရာျဖစ္ခဲ့တယ္။ ေဘာလံုးသမားေတြရဲ႕ ဘဝမွာ ဒါမ်ိဳးက တစ္ခါတစ္ေလ ျဖစ္ခဲ့ပါတယ္။ အႏုိင္ရျပီး ဟီးရိုးေတြ ျဖစ္တတ္သလို တစ္ခါတစ္ေလ ကိုယ္က ဗီလိန္ျဖစ္ရတာေတြရွိတယ္။ ဒီညအမွားအတြက္ က်ေနာ္ အျပည့္အဝ တာဝန္ယူပါတယ္ ‘ လို႔ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။