မနက်က ယှဉ်ပြိုင်ကစားတဲ့ ပေါ်တူဂီနဲ့ ဆွီဒင်ပွဲမှာတော့ တိုက်စစ်သမား ဂျိုတာ ခြေစွမ်းပြ ဂိုးတွေ သွင်းမှုနဲ့အတူ ပေါ်တူဂီက ၃-၀ နဲ့ အနိုင်ရသွားပါတယ်။

ဂျိုတာဟာ ပထမပွဲအဖြစ် ပြင်သစ်နဲ့ပွဲမှာတော့ မိနစ် ၃၀ အတွက်ပဲ လူစားဝင် ကစားခဲ့ရတာဖြစ်ပြီး ဆွီဒင်နဲ့ပွဲမှာတော့ ပွဲချိန်ပြည့် နီးပါး ကစားခဲ့ရသူပါ။ သူဟာ ဂိုးထောက်ပံ့မှု ၁ ကြိမ် လုပ်ပေးခဲ့သလို သွင်းဂိုး ၂ ဂိုးကိုလည်း ရယူပေးခဲ့ပါတယ်။

ညာတောင်ပံကနေ ပွဲထွက်တဲ့ ဂျိုတာဟာ ကွင်းအတွင်းမှာတော့ တိုက်စစ်ပိုင်း နေရာသုံ ရွေ့ပြောင်း ကစားသွားခဲ့တယ်။ တစ်ပွဲလုံး စွမ်းဆောင်ရည်အရ သူဟာ တိုက်စစ်ကို ဦးဆောင်သူ တစ်ဦးဖြစ်ခဲ့သလို ပွဲရဲ့ အကောင်းဆုံး ကစားသမားဆိုတဲ့ ခြေစွမ်းကို ပြသခဲ့ပါတယ်။

တောင်ပံတွေကနေ ပြေးနှုန်းတွေနဲ့ ကစားတဲ့ ဂျိုတာဟာ ပြိုင်ဘက်တွေနဲ့ အနီးကပ် အနေအထားထိ ဘောလုံးကို ထိန်းထားပြီးမှ အသင်းဖော်တွေနဲ့ ချိတ်ဆက် ကစားမှုတွေကို လုပ်ဆောင်ခဲ့တယ်။ သူဟာ လူကျွံထောင်ချောက်တွေကို ဖောက်ထွက်နိုင်စွမ်းရှိသလို တောင်ပံတစ်လျှောက် မြန်နှုန်းနဲ့ ပြေးလွှားနိုင်စွမ်းတွေ ပြသခဲ့တယ်။

တစ်ကိုယ်တော်စွမ်းရည် ကောင်းသလို အဆုံးသတ်ပိုင်းလည်း ကောင်းမွန်သူဆိုတာ ပြသခဲ့ပါတယ်။ ပေါ်တူဂီမှာ ဖီလစ်၊ ဘာနာတိုလို ကစားသမားတွေ ရှိပေမယ့်လည်း ဂျိုတာက ပွဲရဲ့ အကောင်းဆုံး ကစားသမားဖြစ်တဲ့ထိ တောင်ပံကနေ လွှမ်းမိုးနိုင်စွမ်း ရှိခဲ့တာပါ။

မဲဝုဒ်မှာတော့ ဆာလက်နဲ့ မာနေးတို့က ကြံ့ခိုင်မှု ကောင်းကောင်းရှိနေတယ်။ ဘရာဇီးနဲ့ ဂိုးသွင်းမှုကော၊ ဖန်တီးမှုမှာပါ ခြေတွေ့နေတဲ့ ဖာမင်နိုအပြင် အခုလို ပေါ်တူဂီမှာ ဂိုး တဒိုင်းဒိုင်းသွင်းနေတဲ့ ဂျိုတာပါ ကလပ်နဲ့ ပြန်ပူးပေါင်းမှာဖြစ်လို့ မန်နေဂျာကလော့ပ်အတွက်တော့ စိတ်ကျေနပ်စရာ တိုက်စစ်ရွေးချယ်ရမှု ဖြစ်လာပါလိမ့်မယ်။

ZAWGYI

မနက္က ယွဥ္ျပိဳင္ကစားတဲ့ ေပၚတူဂီနဲ႔ ဆီြဒင္ပြဲမွာေတာ့ တိုက္စစ္သမား ဂ်ိဳတာ ေျခစြမ္းျပ ဂိုးေတြ သြင္းမႈနဲ႔အတူ ေပၚတူဂီက ၃-၀ နဲ႔ အႏုိင္ရသြားပါတယ္။

ဂ်ိဳတာဟာ ပထမပြဲအျဖစ္ ျပင္သစ္နဲ႔ပြဲမွာေတာ့ မိနစ္ ၃၀ အတြက္ပဲ လူစားဝင္ ကစားခဲ့ရတာျဖစ္ျပီး ဆီြဒင္နဲ႔ပြဲမွာေတာ့ ပြဲခ်ိန္ျပည့္ နီးပါး ကစားခဲ့ရသူပါ။ သူဟာ ဂိုးေထာက္ပံ့မႈ ၁ ၾကိမ္ လုပ္ေပးခဲ့သလို သြင္းဂိုး ၂ ဂိုးကိုလည္း ရယူေပးခဲ့ပါတယ္။

ညာေတာင္ပံကေန ပြဲထြက္တဲ့ ဂ်ိဳတာဟာ ကြင္းအတြင္းမွာေတာ့ တိုက္စစ္ပိုင္း ေနရာသံု ေရြ႔ေျပာင္း ကစားသြားခဲ့တယ္။ တစ္ပြဲလံုး စြမ္းေဆာင္ရည္အရ သူဟာ တိုက္စစ္ကို ဦးေဆာင္သူ တစ္ဦးျဖစ္ခဲ့သလို ပြဲရဲ႕ အေကာင္းဆံုး ကစားသမားဆိုတဲ့ ေျခစြမ္းကို ျပသခဲ့ပါတယ္။

ေတာင္ပံေတြကေန ေျပးႏႈန္းေတြနဲ႔ ကစားတဲ့ ဂ်ိဳတာဟာ ျပိဳင္ဘက္ေတြနဲ႔ အနီးကပ္ အေနအထားထိ ေဘာလံုးကို ထိန္းထားျပီးမွ အသင္းေဖာ္ေတြနဲ႔ ခ်ိတ္ဆက္ ကစားမႈေတြကို လုပ္ေဆာင္ခဲ့တယ္။ သူဟာ လူကၽြံေထာင္ေခ်ာက္ေတြကို ေဖာက္ထြက္ႏုိင္စြမ္းရွိသလို ေတာင္ပံတစ္ေလွ်ာက္ ျမန္ႏႈန္းနဲ႔ ေျပးလႊားႏုိင္စြမ္းေတြ ျပသခဲ့တယ္။

တစ္ကိုယ္ေတာ္စြမ္းရည္ ေကာင္းသလို အဆံုးသတ္ပိုင္းလည္း ေကာင္းမြန္သူဆိုတာ ျပသခဲ့ပါတယ္။ ေပၚတူဂီမွာ ဖီလစ္၊ ဘာနာတိုလို ကစားသမားေတြ ရွိေပမယ့္လည္း ဂ်ိဳတာက ပြဲရဲ႕ အေကာင္းဆံုး ကစားသမားျဖစ္တဲ့ထိ ေတာင္ပံကေန လႊမ္းမိုးနုိင္စြမ္း ရွိခဲ့တာပါ။

မဲဝုဒ္မွာေတာ့ ဆာလက္နဲ႔ မာေနးတို႔က ၾကံ႕ခိုင္မႈ ေကာင္းေကာင္းရွိေနတယ္။ ဘရာဇီးနဲ႔ ဂိုးသြင္းမႈေကာ၊ ဖန္တီးမႈမွာပါ ေျခေတြ႔ေနတဲ့ ဖာမင္ႏိုအျပင္ အခုလို ေပၚတူဂီမွာ ဂိုး တဒိုင္းဒိုင္းသြင္းေနတဲ့ ဂ်ိဳတာပါ ကလပ္နဲ႔ ျပန္ပူးေပါင္းမွာျဖစ္လို႔ မန္ေနဂ်ာကေလာ့ပ္အတြက္ေတာ့ စိတ္ေက်နပ္စရာ တိုက္စစ္ေရြးခ်ယ္ရမႈ ျဖစ္လာပါလိမ့္မယ္။