ဒီကနေ့မှာ ပရီးမီးယားလိဂ် ကလပ် ၂၀ ဟာ အရေးပေါ် အစည်းအဝေး လုပ်ခဲ့ကြပြီး Project Big Picture ကို ဆန့်ကျင်ခဲ့ကြတယ်လို့ သိရပါတယ်။

လီဗာပူးအသင်းသားတွေဖြစ်တဲ့ ဆာလက်၊ မာနေး၊ သီယာဂို၊ မာတစ်တို့ဟာ လူငယ်တွေနဲ့အတူ ဂိုးပေါက် ကန်သွင်းမှုနဲ့ ဘောလုံးပေးမှုတွေကို ဒီကနေ့ မဲဝုဒ်လေ့ကျင့်ရေးမှာ ဆက်လက် လေ့ကျင့်သွားပါတယ်။

ဟန်ဒိုနဲ့ သီယာဂိုတို့ နှစ်ဦး တွဲဘက်မှုဟာ အတိတ်က ဂျရတ်နဲ့ အလွန်ဆို တွဲဘက်မှုလို လီဗာပူးကွင်းလယ်အတွက် အားကောင်းတဲ့ ပုံစံမျိုးကို ပြန်မြင်ရစေမယ်လို့ အသင်းပရိသတ်တွေက ယုံကြည်နေတယ်။

ယူနိုက်တက် တိုက်စစ်မှူးဟောင်း အန်ဒီကိုးလ် က သူ သာ ကစားသမားဘဝမှာဆို လီဗာပူး ဗဟိုခံစစ်မှူး ဗန်ဒိုက်နဲ့ ရင်ဆိုင် ကစားရရင် နယ်သာလန်သားအတွက် အဆိုးဆုံး အိပ်မက်ဆိုးပါ မက်သွားရလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

တိုက်စစ်သမားတွေရဲ့ အိပ်မက် အသင်းဖော်လို့ နာမည်ကြီးတဲ့ ဖာမင်နိုက သူလေးစားပြီး အထင်ကြီးရတဲ့ တိုက်စစ်သမား သုံးဦးက ကော်တင်ညို၊ ဆာလက်၊ မာနေးတို့ဖြစ်တယ်လို့ ဖွင့်ဟသွားပါတယ်။

လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် လူစာရင်းကနေ ထုတ်ပယ်ထားတဲ့ ကွင်းလယ်လူ ဝဲလ်ဆန်အတွက် ကလပ်အသင်းရှာဖွေပေးနေမှုက သောကြာနေ့ မတိုင်ခင် အပြီးသတ်ပါလိမ့်မယ်။ ဝဲလ်ဆန်အပါအဝင် ကစားသမား ၅ ဦးက ဈေးကွက် မပိတ်ခင် အငှားထွက်ဖွယ် ရှိနေပါတယ်။

လီဗာပူးအသင်း ပိုင်ရှင်တွေဟာ ဥရောပတိုက်ထဲက ကလပ်တစ်သင်းကို ဝယ်ယူပြီး ၎င်းတို့ရဲ့ အားကစားအင်ပါယာကို စတင်ကာ ချဲ့ထွင်တော့မယ်လို့ The Times က ဖော်ပြပါတယ်။

မာဆေးဆိုဒ်ဒါဘီပွဲ မတိုင်ခင်မှာ လီဗာပူးအတွက် ပြဿနာတစ်ခုက ဘရာဇီးအသင်းကနေ ပြန်လာမယ့် ဖာမင်နိုနဲ့ ဖာဘင်ညိုတို့ရဲ့ ဆေးစစ်မှုကိစ္စတွေက အချိန်မှီပါ့မလားဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။

အဲဗာတန်ရဲ့ ကိုလံဘီယာ ကစားသမားတွေဖြစ်တဲ့ ဂျိမ်း ရိုဒရီဂွက်စ်နဲ့ ခံစစ်သမား မီနာတို့က ချီလီကနေ မိုင် ၇၅၀၀ ဝန်းကျင်ရှိတဲ့ မာဆေးဆိုဒ်ကို ပြန်လာရမှာဖြစ်ကာ ဘရာဇီးကစားသမားတွေထက် ပိုပြီး ပွဲပန်းနိုင်ပါတယ်။

လီဗာပူးနည်းပြအဖွဲ့ဝင် တစ်ဦးဖြစ်သလို စိတ်ပိုင်းဆိုင်ရာ ပညာရှင်လည်းဖြစ်တဲ့ Lee Richardson က ကလော့ပ်က အဟောအပြော သိပ်ကောင်းတဲ့ ထူးချွန်ပုဂ္ဂိုလ်ဖြစ်ကာ ရွေးကောက်ပွဲတွေ ဝင်မယ်ဆိုရင် နိုင်ငံခေါင်းဆောင် ဖြစ်လောက်တယ်လို့ ဂုဏ်တင်လာပါတယ်။

ZAWGYI
ဒီကေန႔မွာ ပရီးမီးယားလိဂ္ ကလပ္ ၂၀ ဟာ အေရးေပၚ အစည္းအေဝး လုပ္ခဲ့ၾကျပီး Project Big Picture ကို ဆန္႔က်င္ခဲ့ၾကတယ္လို႔ သိရပါတယ္။

လီဗာပူးအသင္းသားေတြျဖစ္တဲ့ ဆာလက္၊ မာေနး၊ သီယာဂို၊ မာတစ္တို႔ဟာ လူငယ္ေတြနဲ႔အတူ ဂိုးေပါက္ ကန္သြင္းမႈနဲ႔ ေဘာလံုးေပးမႈေတြကို ဒီကေန႔ မဲဝုဒ္ေလ့က်င့္ေရးမွာ ဆက္လက္ ေလ့က်င့္သြားပါတယ္။

ဟန္ဒိုနဲ႔ သီယာဂိုတို႔ ႏွစ္ဦး တြဲဘက္မႈဟာ အတိတ္က ဂ်ရတ္နဲ႔ အလြန္ဆို တြဲဘက္မႈလို လီဗာပူးကြင္းလယ္အတြက္ အားေကာင္းတဲ့ ပံုစံမ်ိုးကို ျပန္ျမင္ရေစမယ္လို႔ အသင္းပရိသတ္ေတြက ယံုၾကည္ေနတယ္။

ယူနိုက္တက္ တိုက္စစ္မွဴးေဟာင္း အန္ဒီကိုးလ္ က သူ သာ ကစားသမားဘ၀မွာဆို လီဗာပူး ဗဟိုခံစစ္မွဴး ဗန္ဒိုက္နဲ႕ ရင္ဆိုင္ ကစားရရင္ နယ္သာလန္သားအတြက္ အဆိုးဆံုး အိပ္မက္ဆိုးပါ မက္သြားရလိမ့္မယ္လို႔ ထုတ္ေဖာ္ ေျပာဆိုလိုက္ပါတယ္။

တိုက္စစ္သမားေတြရဲ႕ အိပ္မက္ အသင္းေဖာ္လို႔ နာမည္ၾကီးတဲ့ ဖာမင္ႏိုက သူေလးစားျပီး အထင္ၾကီးရတဲ့ တိုက္စစ္သမား သံုးဦးက ေကာ္တင္ညိဳ၊ ဆာလက္၊ မာေနးတို႔ျဖစ္တယ္လို႔ ဖြင့္ဟသြားပါတယ္။

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ လူစာရင္းကေန ထုတ္ပယ္ထားတဲ့ ကြင္းလယ္လူ ဝဲလ္ဆန္အတြက္ ကလပ္အသင္းရွာေဖြေပးေနမႈက ေသာၾကာေန႔ မတိုင္ခင္ အျပီးသတ္ပါလိမ့္မယ္။ ဝဲလ္ဆန္အပါအဝင္ ကစားသမား ၅ ဦးက ေစ်းကြက္ မပိတ္ခင္ အငွားထြက္ဖြယ္ ရွိေနပါတယ္။

လီဗာပူးအသင္း ပိုင္ရွင္ေတြဟာ ဥေရာပတိုက္ထဲက ကလပ္တစ္သင္းကို ဝယ္ယူျပီး ၄င္းတို႔ရဲ႕ အားကစားအင္ပါယာကို စတင္ကာ ခ်ဲ႔ထြင္ေတာ့မယ္လို႔ The Times က ေဖာ္ျပပါတယ္။

မာေဆးဆိုဒ္ဒါဘီပြဲ မတိုင္ခင္မွာ လီဗာပူးအတြက္ ျပႆနာတစ္ခုက ဘရာဇီးအသင္းကေန ျပန္လာမယ့္ ဖာမင္ႏိုနဲ႔ ဖာဘင္ညိဳတို႔ရဲ႕ ေဆးစစ္မႈကိစၥေတြက အခ်ိန္မွီပါ့မလားဆိုတဲ့ ေမးခြန္းျဖစ္ပါတယ္။

အဲဗာတန္ရဲ႕ ကိုလံဘီယာ ကစားသမားေတြျဖစ္တဲ့ ဂ်ိမ္း ရိုဒရီဂြက္စ္နဲ႔ ခံစစ္သမား မီနာတို႔က ခ်ီလီကေန မိုင္ ၇၅၀၀ ဝန္းက်င္ရွိတဲ့ မာေဆးဆိုဒ္ကို ျပန္လာရမွာျဖစ္ကာ ဘရာဇီးကစားသမားေတြထက္ ပိုျပီး ပြဲပန္းႏုိင္ပါတယ္။

လီဗာပူးနည္းျပအဖြဲ႔ဝင္ တစ္ဦးျဖစ္သလို စိတ္ပိုင္းဆိုင္ရာ ပညာရွင္လည္းျဖစ္တဲ့ Lee Richardson က ကေလာ့ပ္က အေဟာအေျပာ သိပ္ေကာင္းတဲ့ ထူးခၽြန္ပုဂၢိဳလ္ျဖစ္ကာ ေရြးေကာက္ပြဲေတြ ဝင္မယ္ဆိုရင္ ႏုိင္ငံေခါင္းေဆာင္ ျဖစ္ေလာက္တယ္လို႔ ဂုဏ္တင္လာပါတယ္။