လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် အဖွင့်ပွဲအဖြစ် အေဂျက်အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရာမှာ အေဂျက်ဘက်က ကိုယ်ဂိုးကို ပြန်သွင်းမှုနဲ့အတူ ၁-၀ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ခဲ့ပါတယ်။

မန်နေဂျာကလော့ပ်က ပွဲထွက်လူစာရင်းအတွက် ကွင်းလယ်မှာ ဝိုက်နယ်ဒမ်ကို နံပါတ် ၆ နေရာ ကစားခိုင်းပြီး မီလ်နာနဲ့ ဂျုံးကို သူ့ရှေ့မှာ ကစားစေခဲ့တယ်။ ဗဟိုခံစစ်အတွဲကတော့ ဂိုးမက်စ်နဲ့ ဖာဘင်ညို အတွဲကို ထုတ်သုံးတာကလွဲလို့ ကျန်တဲ့ နေရာတွေမှာတော့ အပြောင်းအလဲမရှိ ကစားလာခဲ့ပါတယ်။

အဖွင့် ၁၀ မိနစ်မှာတော့ လီဗာပူးရဲ့ ကောင်းမွန်တဲ့ ကစားပုံကို မြင်ခဲ့ရပြီး ပေးချက်တွေ ရွှေ့လျားမှုတွေနဲ့အတူ တိုက်စစ်ကို ချိတ်ဆက်ကစားပုံတွေ ကောင်းမွန်ခဲ့တယ်။ ဒါပေမယ့်လို့ ၁၀ မိနစ်ကျော်ကစပြီး ဘောလုံးပိုင်ဆိုင်မှု များတာကလွဲရင် ဖန်တီးမှုတွေ အားမကောင်းသလို တိုက်စစ် တွဲဘက်မှုတွေကလည်း အကောင်းဆုံးမှာ ရှိမနေခဲ့ပါဘူး။

ပထမပိုင်းမှာတော့ လီဗာပူးက အတ်ဒရီယန်နဲ့ တွဲဘက်ပြီး ကစားကွက် တည်ဆောက်ဖို့ ကြိုးစားရာမှာ စပိန်သား ဂိုးသမားက ပွဲကို ရှိန်နေခဲ့ကာ သူ့ပုံစံအတိုင်း အဝင် အထွက်တွေ မှားနေခြင်းက လီဗာပူးရဲ့ ကစားပုံကို ကျဆင်းစေခဲ့တယ်။ ကွင်းလယ်က မီလ်နာနဲ့ ဂျုံးတို့ရဲ့ ဘောလုံးထိန်းမှုတွေ မဆိုးပေမယ့် ဘောလုံးဖြန့်နိုင်မှု လိုအပ်ချက်အရလည်း တိုက်စစ်ကို ဘောလုံး မထွက်ခဲ့ဘူး။

ရော်ဘတ်ဆန်က ပုံမှန် ခြေစွမ်းကို ထိန်းသိမ်းနိုင်ပြီး တိုက်စစ်ကို လိုက်ပါနိုင်ပေမယ့် ထရန့်ရဲ့ တိုက်စစ်လိုက်ဖို့ လိုအပ်ချက်တွေကလည်း လီဗာပူးတိုက်စစ်ကို မမြိုင်စေခဲ့ပါဘူး။ ဒါပေမယ့်လို့ မာနေးရဲ့ ထိုးဖောက်မှုကို အေဂျက်ဘက်က တာဂလီယာဖီဂို ကိုယ်ဂိုးကို ပြန်သွင်းမိရာက လီဗာပူးက ဦးဆောင်ဂိုး ရခဲ့ပါတယ်။

အဖွင့်ဂိုး မတိုင်ခင် မိနစ်ပိုင်းမှာ အတ်ဒရီယန်က သိပ်ကောင်းတဲ့ အခွင့်အရေးတစ်ခုကို ကာကွယ်ပေးခဲ့ပြီး ဦးဆောင်ဂိုး ရပြီးနောက်မှာ ဖာဘင်ညိုကလည်း ပွဲရဲ့ အဓိက အဆုံးအဖြတ်လို့ ပြောလို့ရတဲ့ အပိုင်အခွင့်အရေးကို ဂိုးလိုင်းကနေ ကာကွယ်ပေးသွားခဲ့ပါတယ်။

ဒုတိယပိုင်း အစမှာပဲ ဂျုံးနေရာ ဟန်ဒါဆန် ဝင်ကစားခဲ့တယ်။ ကွင်းလယ်က ပိုမို ကျစ်လစ်သွားခဲ့ပေမယ့် အေဂျက်ဘက်က မာနေး၊ ဆာလက်ကို ထိန်းချုပ်ဖို့ အတော်လေး ပြင်ဆင်ထားပုံရကာ တိုက်စစ်သမားတွေ ဘောလုံးကို ထုတ်ခွင့်မသာခဲ့ဘူး။ ဒါပေမယ့် တိုက်စစ် သုံးယောက်တန်းက ချိတ်ဆက်မှုလည်း မကောင်းသလို ဖာမင်နို အတော်လေး ခြေပျက်နေခဲ့တာကလည်း အကူအညီ မဖြစ်ပါဘူး။

တိုက်စစ်က အေဂျက်ရဲ့ ထိန်းချုပ်မှုအောင်ကို ရောက်နေတာကြောင့် ကလော့ပ်က တိုက်စစ်သမား သုံးဦးလုံးကို ဂျိုတာ၊ ရှာကွီဂီနဲ့ မီနာမီနာတို့ဖြင့် လူစားလဲခဲ့တယ်။ အရန်ခုံကို တက်သွားတဲ့ မာနေးက ခြေသလုံးကို ရေခဲအုပ်ထားတာက စိတ်ပူစရာပါပဲ။

ပွဲစကတည်းက မန်နေဂျာကလော့ပ်က ဟန်ဒါဆန်ကို ပွဲဆက် များမှာဆိုးလို့ မထည့်ခဲ့တာလို့ ပြောခဲ့သလို ကိတ်တာကိုလည်း ကြိုတင် ပြင်ဆင်မှုအရ မဲဝုဒ်မှာပဲ ချန်ထားခဲ့တယ်။ လီဗာပူးဟာ ဒဏ်ရာပြဿနာတွေကော ကိုဗစ် ကူးစက်မှုတွေကိုပါ ရင်ဆိုင်ဖို့ ရုန်းကန်နေခဲ့ရတာကြောင့် လူစာရင်းကို အပြည့် မထုတ်နိုင်ခဲ့တာဖြစ်တယ်။

ဒုတိယပိုင်းမှာ တိုက်စစ်သမား သုံးဦး လူစားလဲပြီးတဲ့နောက် လီဗာပူးကစားဟန်က တက်မလာပေမယ့် အပြောင်းအလဲတွေ ဖြစ်လာခဲ့တယ်။ အထူးသဖြင့် ပိုင်ဆိုင်မှုအစား ကောင်တာပုံစံ ပြောင်းသွားခဲ့ပြီး ဘယ်အစွန်က ဂျိုတာနဲ့ ရော်ဘတ်ဆန် တွဲလုံးက အတော်လေး အလုပ်ဖြစ်ပါတယ်။ ဒါ့အပြင် မီနာမီနိုနဲ့ ရှာကွီရီတို့ကလည်း ရံဖန်ရံခါဆိုသလို တိုက်စစ်ကို ထိုးဖောက် ကစားခဲ့တယ်။

ဗန်ဒိုက် မရှိပေမယ့် လီဗာပူးခံစစ်က ဖာဘင်ညို၊ ဂိုးမက်စ်တို့ရဲ့ ကြိုးစားကစားမှုကို မြင်ခဲ့ရတယ်။ ဖာဘင်ညိုက ထိပ်တန်း ခံစစ်မှူးတစ်ဦးလို ကစားခဲ့သလို ဂိုးမက်စ်က ဘောလုံး အဖြန့်ပိုင်းတွေနဲ့ အမြင့်ဘော ရှင်းထုတ်မှုကိုပါ ပူးတွဲ တာဝန်ယူခဲ့တယ်။ အမှားတွေ ရှိပေမယ့်လည်း ဂိုးမက်စ်ရဲ့ ကြိုးစား ကစားမှုက အသိအမှတ် ပြုစရာ ဖြစ်ခဲ့ပါတယ်။

ဂိုးသမား အတ်ဒရီယန်ကတော့ ပထမပိုင်းမှာတစ်ကြိမ်၊ ဒုတိယပိုင်းမှာတစ်ကြိမ် အေဂျက်ရဲ့ အခွင့်အရေးကောင်းတွေကို ကာကွယ်ခဲ့တယ်။ တိုက်စစ်ကစားပုံမှာ ကျေနပ်လောက်စရာ မဟုတ်ပေမယ့်လည်း ဗီလာ၊ အဲဗာတန်တို့နဲ့ပွဲတွေမှာ ရလဒ် မကောင်းထားသလို ဗန်ဒိုက်၊ သီယာဂိုတို့ ဒဏ်ရာရနေတဲ့ လီဗာပူူးအတွက်ကတော့ ပျော်ရွှင်စရာ clean sheet နဲ့ ချန်ပီယံလိဂ် နိုင်ပွဲပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ခ်န္ပီယံလိဂ္ အဖြင့္ပြဲအျဖစ္ ေအဂ်က္အသင္းကို အေဝးကြင္းမွာ သြားေရာက္ ရင္ဆိုင္ရာမွာ ေအဂ်က္ဘက္က ကိုယ္ဂိုးကို ျပန္သြင္းမႈနဲ႔အတူ ၁-၀ ဆိုတဲ့ ရလဒ္ျဖင့္ အႏုိင္ခဲ့ပါတယ္။

မန္ေနဂ်ာကေလာ့ပ္က ပြဲထြက္လူစာရင္းအတြက္ ကြင္းလယ္မွာ ဝိုက္နယ္ဒမ္ကို နံပါတ္ ၆ ေနရာ ကစားခုိင္းျပီး မီလ္နာနဲ႔ ဂ်ံဳးကို သူ႔ေရွ႔မွာ ကစားေစခဲ့တယ္။ ဗဟိုခံစစ္အတြဲကေတာ့ ဂိုးမက္စ္နဲ႔ ဖာဘင္ညိဳ အတြဲကို ထုတ္သံုးတာကလြဲလို႔ က်န္တဲ့ ေနရာေတြမွာေတာ့ အေျပာင္းအလဲမရွိ ကစားလာခဲ့ပါတယ္။

အဖြင့္ ၁၀ မိနစ္မွာေတာ့ လီဗာပူးရဲ႕ ေကာင္းမြန္တဲ့ ကစားပံုကို ျမင္ခဲ့ရျပီး ေပးခ်က္ေတြ ေရႊ႔လ်ားမႈေတြနဲ႔အတူ တိုက္စစ္ကို ခ်ိတ္ဆက္ကစားပံုေတြ ေကာင္းမြန္ခဲ့တယ္။ ဒါေပမယ့္လို႔ ၁၀ မိနစ္ေက်ာ္ကစျပီး ေဘာလံုးပိုင္ဆိုင္မႈ မ်ားတာကလြဲရင္ ဖန္တီးမႈေတြ အားမေကာင္းသလို တိုက္စစ္ တြဲဘက္မႈေတြကလည္း အေကာင္းဆံုးမွာ ရွိမေနခဲ့ပါဘူး။

ပထမပိုင္းမွာေတာ့ လီဗာပူးက အတ္ဒရီယန္နဲ႔ တြဲဘက္ျပီး ကစားကြက္ တည္ေဆာက္ဖို႔ ၾကိဳးစားရာမွာ စပိန္သား ဂိုးသမားက ပြဲကို ရွိန္ေနခဲ့ကာ သူ႔ပံုစံအတိုင္း အဝင္ အထြက္ေတြ မွားေနျခင္းက လီဗာပူးရဲ႕ ကစားပံုကို က်ဆင္းေစခဲ့တယ္။ ကြင္းလယ္က မီလ္နာနဲ႔ ဂ်ံဳးတို႔ရဲ႕ ေဘာလံုးထိန္းမႈေတြ မဆိုးေပမယ့္ ေဘာလံုးျဖန္႔ႏုိင္မႈ လိုအပ္ခ်က္အရလည္း တိုက္စစ္ကို ေဘာလံုး မထြက္ခဲ့ဘူး။

ေရာ္ဘတ္ဆန္က ပံုမွန္ ေျခစြမ္းကို ထိန္းသိမ္းႏုိင္ျပီး တိုက္စစ္ကို လိုက္ပါႏုိင္ေပမယ့္ ထရန္႔ရဲ႕ တိုက္စစ္လိုက္ဖို႔ လိုအပ္ခ်က္ေတြကလည္း လီဗာပူးတိုက္စစ္ကုိ မျမိဳင္ေစခဲ့ပါဘူး။ ဒါေပမယ့္လို႔ မာေနးရဲ႕ ထိုးေဖာက္မႈကို ေအဂ်က္ဘက္က တာဂလီယာဖီဂို ကိုယ္ဂိုးကို ျပန္သြင္းမိရာက လီဗာပူးက ဦးေဆာင္ဂိုး ရခဲ့ပါတယ္။

အဖြင့္ဂိုး မတိုင္ခင္ မိနစ္ပိုင္းမွာ အတ္ဒရီယန္က သိပ္ေကာင္းတဲ့ အခြင့္အေရးတစ္ခုကို ကာကြယ္ေပးခဲ့ျပီး ဦးေဆာင္ဂိုး ရျပီးေနာက္မွာ ဖာဘင္ညိဳကလည္း ပြဲရဲ႕ အဓိက အဆံုးအျဖတ္လို႔ ေျပာလို႔ရတဲ့ အပိုင္အခြင့္အေရးကို ဂိုးလိုင္းကေန ကာကြယ္ေပးသြားခဲ့ပါတယ္။

ဒုတိယပိုင္း အစမွာပဲ ဂ်ံဳးေနရာ ဟန္ဒါဆန္ ဝင္ကစားခဲ့တယ္။ ကြင္းလယ္က ပိုမို က်စ္လစ္သြားခဲ့ေပမယ့္ ေအဂ်က္ဘက္က မာေနး၊ ဆာလက္ကို ထိန္းခ်ဳပ္ဖို႔ အေတာ္ေလး ျပင္ဆင္ထားပံုရကာ တိုက္စစ္သမားေတြ ေဘာလံုးကို ထုတ္ခြင့္မသာခဲ့ဘူး။ ဒါေပမယ့္ တိုက္စစ္ သံုးေယာက္တန္းက ခ်ိတ္ဆက္မႈလည္း မေကာင္းသလို ဖာမင္ႏို အေတာ္ေလး ေျခပ်က္ေနခဲ့တာကလည္း အကူအညီ မျဖစ္ပါဘူး။

တိုက္စစ္က ေအဂ်က္ရဲ႕ ထိန္းခ်ဳပ္မႈေအာင္ကို ေရာက္ေနတာေၾကာင့္ ကေလာ့ပ္က တိုက္စစ္သမား သံုးဦးလံုးကို ဂ်ိဳတာ၊ ရွာကီြဂီနဲ႔ မီနာမီနာတို႔ျဖင့္ လူစားလဲခဲ့တယ္။ အရန္ခံုကို တက္သြားတဲ့ မာေနးက ေျခသလံုးကို ေရခဲအုပ္ထားတာက စိတ္ပူစရာပါပဲ။

ပြဲစကတည္းက မန္ေနဂ်ာကေလာ့ပ္က ဟန္ဒါဆန္ကို ပြဲဆက္ မ်ားမွာဆိုးလို႔ မထည့္ခဲ့တာလို႔ ေျပာခဲ့သလို ကိတ္တာကိုလည္း ၾကိဳတင္ ျပင္ဆင္မႈအရ မဲဝုဒ္မွာပဲ ခ်န္ထားခဲ့တယ္။ လီဗာပူးဟာ ဒဏ္ရာျပႆနာေတြေကာ ကိုဗစ္ ကူးစက္မႈေတြကိုပါ ရင္ဆိုင္ဖို႔ ရုန္းကန္ေနခဲ့ရတာေၾကာင့္ လူစာရင္းကို အျပည့္ မထုတ္ႏုိင္ခဲ့တာျဖစ္တယ္။

ဒုတိယပိုင္းမွာ တိုက္စစ္သမား သံုးဦး လူစားလဲျပီးတဲ့ေနာက္ လီဗာပူးကစားဟန္က တက္မလာေပမယ့္ အေျပာင္းအလဲေတြ ျဖစ္လာခဲ့တယ္။ အထူးသျဖင့္ ပိုင္ဆုိင္မႈအစား ေကာင္တာပံုစံ ေျပာင္းသြားခဲ့ျပီး ဘယ္အစြန္က ဂ်ိဳတာနဲ႔ ေရာ္ဘတ္ဆန္ တြဲလံုးက အေတာ္ေလး အလုပ္ျဖစ္ပါတယ္။ ဒါ့အျပင္ မီနာမီႏိုနဲ႔ ရွာကီြရီတို႔ကလည္း ရံဖန္ရံခါဆိုသလို တိုက္စစ္ကို ထိုးေဖာက္ ကစားခဲ့တယ္။

ဗန္ဒိုက္ မရွိေပမယ့္ လီဗာပူးခံစစ္က ဖာဘင္ညိဳ၊ ဂိုးမက္စ္တို႔ရဲ႕ ၾကိဳးစားကစားမႈကို ျမင္ခဲ့ရတယ္။ ဖာဘင္ညဳိက ထိပ္တန္း ခံစစ္မွဴးတစ္ဦးလို ကစားခဲ့သလို ဂိုးမက္စ္က ေဘာလံုး အျဖန္႔ပိုင္းေတြနဲ႔ အျမင့္ေဘာ ရွင္းထုတ္မႈကိုပါ ပူးတြဲ တာဝန္ယူခဲ့တယ္။ အမွားေတြ ရွိေပမယ့္လည္း ဂိုးမက္စ္ရဲ႕ ၾကိဳးစား ကစားမႈက အသိအမွတ္ ျပဳစရာ ျဖစ္ခဲ့ပါတယ္။

ဂိုးသမား အတ္ဒရီယန္ကေတာ့ ပထမပိုင္းမွာတစ္ၾကိမ္၊ ဒုတိယပိုင္းမွာတစ္ၾကိမ္ ေအဂ်က္ရဲ႕ အခြင့္အေရးေကာင္းေတြကို ကာကြယ္ခဲ့တယ္။ တိုက္စစ္ကစားပံုမွာ ေက်နပ္ေလာက္စရာ မဟုတ္ေပမယ့္လည္း ဗီလာ၊ အဲဗာတန္တို႔နဲ႔ပြဲေတြမွာ ရလဒ္ မေကာင္းထားသလို ဗန္ဒိုက္၊ သီယာဂိုတို႔ ဒဏ္ရာရေနတဲ့ လီဗာပူူးအတြက္ကေတာ့ ေပ်ာ္ရႊင္စရာ clean sheet နဲ႔ ခ်န္ပီယံလိဂ္ ႏုိင္ပြဲပဲ ျဖစ္ပါတယ္။