လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံဖြစ်သလို မနှစ်ကရာသီ ပရီးမီးယားလိဂ်ရဲ့ အသန့်ရှင်းဆုံးအသင်း ဖြစ်ပါတယ်။

မနှစ်ကတင် မဟုတ်ပါဘူး ပြီးခဲ့တဲ့ ၄ နှစ်လုံးမှာ လီဗာပူးအသင်းက ပရီးမီးယားလိဂ်ရဲ့ အသန့်ရှင်းဆုံး အသင်းဖြစ်တယ်။ တရားဝင် သက်မှတ်ပေးတဲ့ ပရီးမီးယားလိဂ်ရဲ့ fair play အရှိဆုံး အသင်းအဖြစ် ပထမဆုံးနေရာမှာ လေးနှစ်ဆက်တိုက် ရှိခဲ့တာက လီဗာပူးအသင်းဖြစ်ပါတယ်။

မန်နေဂျာကလော့ပ်ကတော့ ဘောလုံးကို ကောင်းကောင်းကစားကြဖို့ အဲဗာတန်နဲ့တကွ ပြိုင်ဘက် ကလပ်တွေကို အကြံပေးခဲ့ပြီး သန့်ရှင်းစွာ ကစားကြရင်လည်း ချန်ပီယံဖြစ်နိုင်ပါတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ကလော့ပ်က ” ပြီးခဲ့တဲ့ လေးနှစ်လုံးမှာပါ။ ငါတို့အသင်းက fair play ဇယားကို ဦးဆောင်ထားတဲ့ အသင်းဖြစ်ပါတယ်။ အဲ့ကနေ ဘာမှတော့ မရပါဘူး။ ရံဖန်ရံခါဆိုရင် လူတွေက fair play ကစားတာအတွက် ဟာသတောင် လုပ်ကြပါသေးတယ်။ ငါတို့က ပရီးမီးယားလိဂ် ချန်ပီယဖြစ်သလို fair play မှာလည်း ဦးဆောင်အသင်းဖြစ်ပါတယ်။

ဒါက ဘာကို ဆိုလိုသလဲဆိုရင် ဘောလုံးမှာ ကြမ်းတမ်းစွာ မကစားပါဘဲ ဘောလုံး ကောင်းကောင်းကစားလို့ ရပါတယ်။

ဘောလုံးကို ကြမ်းကြမ်းတမ်းတမ်း ကစားသူတိုင်းကို အပြစ်ပေးကြပါလို့ ငါ တောင်းဆိုနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အပြစ်တော့ ပေးရမယ်ဆိုတာ ငါတို့ အားလုံး သဘောတူတဲ့ ကိစ္စဖြစ်တယ်။ မင်းက အပြစ်တစ်ခုခု၊ အမှားတစ်ခုခု လုပ်ခဲ့ရင် အကျိုးဆက်အနေနဲ့ အပြစ်ပေးခံရသင့်တာပဲလေ။

ဒီအခြေအနေမှာတော့ အခြားသူတွေ အပြစ်လုပ်တာအတွက် အကျိုးဆက် နာကျင်ခံခဲ့ရသူတွေက သီယာဂိုနဲ့ ဗန်ဒိုက်တို့ ဖြစ်ခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဗြိတိန်အားကစား သတင်းဌာနတွေက ဗန်ဒိုက်တို့ ဖြစ်ရပ်မှာ ပစ်ဖိုဒ့်ရဲ့ လုပ်ရပ်က မှားတယ်ဆိုတာ သိပေမယ့်လည်း အင်္ဂလန်သား ဖြစ်နေတာကြောင့် အရမ်းကြီး ဖိအားမပေးခဲ့ကြဘူး။

ဒါ့အပြင် ဗန်ဒိုက်နဲ့ သီယာဂိုတို့ ဒဏ်ရာရသွားခြင်းက ချန်ပီယံပြိုင်ဆိုင်မှုမှာ ပြိုင်ဘက်အသင်းတွေအတွက် သတင်းကောင်းဖြစ်နေခြင်းကြောင့်လည်း မန်စီးတီးမန်နေဂျာ ဂွာဒီယိုလာကလွဲရင် ကျန် ပုဂ္ဂိုလ်တွေနဲ့ အက်ဖ်အေကပါ VAR ရဲ့ အမှားတွေကို မသိကျိုးကျွံပြုနေကြခြင်းပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ပရီးမီးယားလိဂ္ရဲ႕ ခ်န္ပီယံျဖစ္သလို မႏွစ္ကရာသီ ပရီးမီးယားလိဂ္ရဲ႕ အသန္႔ရွင္းဆံုးအသင္း ျဖစ္ပါတယ္။

မႏွစ္ကတင္ မဟုတ္ပါဘူး ျပီးခဲ့တဲ့ ၄ ႏွစ္လံုးမွာ လီဗာပူးအသင္းက ပရီးမီးယားလိဂ္ရဲ႕ အသန္႔ရွင္းဆံုး အသင္းျဖစ္တယ္။ တရားဝင္ သက္မွတ္ေပးတဲ့ ပရီးမီးယားလိဂ္ရဲ႕ fair play အရွိဆံုး အသင္းအျဖစ္ ပထမဆံုးေနရာမွာ ေလးႏွစ္ဆက္တိုက္ ရွိခဲ့တာက လီဗာပူးအသင္းျဖစ္ပါတယ္။

မန္ေနဂ်ာကေလာ့ပ္ကေတာ့ ေဘာလံုးကို ေကာင္းေကာင္းကစားၾကဖို႔ အဲဗာတန္နဲ႔တကြ ျပိဳင္ဘက္ ကလပ္ေတြကို အၾကံေပးခဲ့ျပီး သန္႔ရွင္းစြာ ကစားၾကရင္လည္း ခ်န္ပီယံျဖစ္ႏုိင္ပါတယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ကေလာ့ပ္က ” ျပီးခဲ့တဲ့ ေလးနွစ္လံုးမွာပါ။ ငါတို႔အသင္းက fair play ဇယားကို ဦးေဆာင္ထားတဲ့ အသင္းျဖစ္ပါတယ္။ အဲ့ကေန ဘာမွေတာ့ မရပါဘူး။ ရံဖန္ရံခါဆိုရင္ လူေတြက fair play ကစားတာအတြက္ ဟာသေတာင္ လုပ္ၾကပါေသးတယ္။ ငါတို႔က ပရီးမီးယားလိဂ္ ခ်န္ပီယျဖစ္သလို fair play မွာလည္း ဦးေဆာင္အသင္းျဖစ္ပါတယ္။

ဒါက ဘာကို ဆိုလိုသလဲဆိုရင္ ေဘာလံုးမွာ ၾကမ္းတမ္းစြာ မကစားပါဘဲ ေဘာလံုး ေကာင္းေကာင္းကစားလို႔ ရပါတယ္။

ေဘာလံုးကို ၾကမ္းၾကမ္းတမ္းတမ္း ကစားသူတိုင္းကို အျပစ္ေပးၾကပါလို႔ ငါ ေတာင္းဆိုေနတာ မဟုတ္ပါဘူး။ ဒါေပမယ့္ အျပစ္ေတာ့ ေပးရမယ္ဆိုတာ ငါတို႔ အားလံုး သေဘာတူတဲ့ ကိစၥျဖစ္တယ္။ မင္းက အျပစ္တစ္ခုခု၊ အမွားတစ္ခုခု လုပ္ခဲ့ရင္ အက်ိဳးဆက္အေနနဲ႔ အျပစ္ေပးခံရသင့္တာပဲေလ။

ဒီအေျခအေနမွာေတာ့ အျခားသူေတြ အျပစ္လုပ္တာအတြက္ အက်ိဳးဆက္ နာက်င္ခံခဲ့ရသူေတြက သီယာဂိုနဲ႔ ဗန္ဒိုက္တို႔ ျဖစ္ခဲ့ပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ျဗိတိန္အားကစား သတင္းဌာနေတြက ဗန္ဒိုက္တို႔ ျဖစ္ရပ္မွာ ပစ္ဖိုဒ့္ရဲ႕ လုပ္ရပ္က မွားတယ္ဆိုတာ သိေပမယ့္လည္း အဂၤလန္သား ျဖစ္ေနတာေၾကာင့္ အရမ္းၾကီး ဖိအားမေပးခဲ့ၾကဘူး။

ဒါ့အျပင္ ဗန္ဒိုက္နဲ႔ သီယာဂိုတို႔ ဒဏ္ရာရသြားျခင္းက ခ်န္ပီယံျပိဳင္ဆိုင္မႈမွာ ျပိဳင္ဘက္အသင္းေတြအတြက္ သတင္းေကာင္းျဖစ္ေနျခင္းေၾကာင့္လည္း မန္စီးတီးမန္ေနဂ်ာ ဂြာဒီယိုလာကလြဲရင္ က်န္ ပုဂၢိဳလ္ေတြနဲ႔ အက္ဖ္ေအကပါ VAR ရဲ႕ အမွားေတြကို မသိက်ိဳးကၽြံျပဳေနၾကျခင္းပဲ ျဖစ္ပါတယ္။